မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ မြို့နယ်များတွင် နေရာဒေသအလိုက် လူနေမှုဘဝများအတွက် ဝါးဖြင့်ရက်လုပ်အသုံးပြုသော တောင်သူများလုပ်ငန်းအသုံးအဆောင်နှင့် လူ့အသုံးအဆောင်ပစ္စည်းများကို တစ်နိုင်တစ်ပိုင်စီးပွားရေးအဖြစ်လုပ်ကိုင်ကြသည်။
ယင်းလုပ်ဆောင်မှုများကို စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် တပေါင်းကျေးရွာအုပ်စု ပလ္လင်ကျေးရွာတွင် ဝါးနှီးဖြင့် ရက်လုပ်သောဝါးခမောက်များကို စီးပွားဖြစ်လုပ်ကိုင်ကြကြောင်းသိရသည်။
ထိုကျေးရွာများရှိ လူကြီး၊ လူငယ်မရွေး ဝါးခမောက်များကို ပြုလုပ်တက်သည်ဟု သိရသည်။
ဝါးခမောက်ရက်လုပ်ရာတွင် ဝါး၊ ကြိမ်၊ ပေရွက်၊ ပလပ်စတစ်မိုးကာစများကို အလုံမြို့နှင့် မုံရွာမြို့တို့မှ မှာယူအသုံးပြုရကြောင်းသိရသည်။
အသုံးပြုရသည့်ပစ္စည်းများပြားသည့်အတွက် ခမောက်တစ်လုံးရရန် အဆင့်ဆင့်ဆောင်ရွက်ရသောကြောင့် တယောက်ကနှီးဖြာပြီး တယောက်ကအကြမ်းထည် ရက်လုပ်ရသည်ဟု သိရသည်။
ကျန်တစ်ယောက်မှာ အချောချုပ်ကြရပြီး မိသားစုအားလုံးအရိပ်ထဲတွင် ထိုင်ပြီးအလုပ်လုပ်ရကြောင်းသိရသည်။
ရွာထဲရှိ တောင်သူများသည်လည်း လုပ်ငန်းပါးချိန်တွင် ခမောက်လုပ်ငန်းနှင့် အပိုဝင်ငွေရှာကြသည်ဟုသိရသည်။
ယင်းကျေးရွာရှိ ခမောက်များကို(ဒေသအခေါ်) ပလ္လင်ခမောက်အဖြစ်လူသိများကြသည်။
ခမောက်များကို ဦးထုပ်ပုံအကြီး၊ အသေး၊ မစိန်၊ ခေါင်းကြီး၊ အကြမ်းနှင့် ပြန်ကြီးခမောက်များဟူ၍ ခွဲခြားထားပါသည်။
ခမောက်များကို ကလေးမြို့မှ အဓိကမှာယူပြီး မုံရွာ၊ အလုံ၊ ဘုတလင် နှင့် ကလေးဝမြို့နယ်များသာမက အခြားမြို့များသို့လည်း ဖြန့်ဖြူးရောင်းချရကြောင်းသိရသည်။
Source: Myanmar alin