၂၀၁၇ ခုနှစ်အတွင်းဝါးဖြင့်ပြုလုပ်သည့်တယ်လီဖုန်းတာဝါတိုင်များပြုလုပ်ရန်ဝါးစိုက်ပျိုးရေးအသင်းမှ စာချုပ်ချုပ်ဆိုရန်အစီအစဉ်ရှိနေကြောင်းသိရသည်။
တယ်လီဖုန်းတာဝါတိုင်များကိုဝါးဖြင့်ပြုလုပ်သည့်စနစ်ကိုသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ရည်ရွယ်ကအင်ဒိုနီးရှားနိုင်ငံတွင်စတင်လုပ်ဆောင်ခဲ့ပြီး လက်တွေ့အောင်မြင်မှုရရှိနေသည့်ကုမ္ပဏီတစ်ခုမှ မြန်မာနိုင်ငံသို့လည်းကမ်းလှမ်းလာခြင်းဖြစ်ကြောင်းသိရသည်။
ယင်းအစီအစဉ်ကိုအကောင်အထည်ဖော်ဆောင်ရာတွင်ပြည်တွင်းရှိနည်းပညာတက္ကသိုလ်တစ်ခုခုနှင့်ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်းနှင့်အတူသစ်တောဌာနတို့မှလည်း ပါဝင်မည်ဖြစ်ပြီး ကနဦးအနေဖြင့်ဝါးပင်ဆိုင်ရာသုတေသနလုပ်ငန်းများကိုလုပ်ဆောင်သွားမည် ဖြစ်ကြောင်းသိရသည်။
၂၀၁၇ ခုနှစ်တွင်လှုပ်ရှားနေသည်မှာပြည်ပကုမ္ပဏီတစ်ခုနှင့်ဝါးတာဝါတိုင်လုပ်ရန်အတွက်စီစဉ်နေပါသည်။
တယ်လီဖုန်းတာဝါတိုင်ကိုဝါးနှင့်ပြုလုပ်ရန်အရင်ဆုံးသုတေသနများလုပ်ရမည်ဖြစ်ပြီး ယင်းကုမ္ပဏီသည်အင်ဒိုနီးရှားတွင်အောင်မြင်မှုရရှိခဲ့ပြီး မြန်မာပြည်တွင်လည်းသဘာဝပတ်ဝန်းကျင်အတွက် ဝါးကိုအသုံးပြုသည့်တာဝါတိုင်ပြုလုပ်ရန်စာချုပ်ချုပ်ရန်ဆွေးနွေးမှုများရှိနေပါသည်။
ယင်းကိစ္စသည်သုတေသနပါပြုလုပ်မည်ဖြစ်သောကြောင့်အချိန်ယူလုပ်ရမည်ဖြစ်ပြီးယင်းတို့ဘက်မှအချက်အလက်များကိုအပြန်အလှန်ပေးပို့နေပါသည်။
မြန်မာနိုင်ငံမှစက်မှုတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်တစ်ခုခုနှင့်ချိတ်ဆက်ပြီး ဝါးစိုက်ပျိုးရေးအသင်း၊ သစ်တောဌာနများလည်းပါဝင်မည်ဖြစ်သည်။
အရင်ဆုံးဝါးများကိုသုတေသနလုပ်မည်ဖြစ်ပြီး ဝါးနှင့်လုပ်သည့်တာဝါတိုင်စနစ်ကအင်ဒိုနီးရှားတွင်အောင်မြင်ပြီး သားဖြစ်ကြောင်းမြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်း၏ဥက္ကဌမှပြောကြားသည်။
မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်းအနေဖြင့်လက်ရှိတွင်ရန်ကုန်မြို့၊တိရစ္ဆာန်ဥယျာဉ်တွင်ဝါးဖြင့်ပြုလုပ်သည့်အ ဆောက်အအုံငယ်တစ်ခုကိုလည်းစမ်းသပ်တည်ဆောက်ထားကြောင်းသိရသည်။