နိုင်ငံတွင်းလျှပ်စစ်ဓာတ် အားအပြည့်အဝရစေရေးအတွက် မြန်မာနိုင်ငံမှ လျှပ်စစ် ဓာတ်အားတင်သွင်းရန် ဘင်္ဂလားဒေ့ရှ်အစိုးရက စီစဉ်နေကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် Dakha Tribune သတင်းဌာနက ဧပြီ ၁၈ ရက်တွင် ဖော်ပြခဲ့ပါသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရကလာမည့် ၂၀၄၁ တွင် လျှပ်စစ်ဓာတ် အား ၉,၀၀၀ မဂ္ဂါဝပ်လိုအပ်မည် ဖြစ်၍ ကြားကာလအတွင်း မြန်မာအပါအဝင် အိန္ဒိယ၊ နီပေါနှင့်ဘူ တန်နိုင်ငံတို့မှ လျှပ်စစ်တင်သွင်း ရန် စီမံကိန်းချစီစဉ်နေကြောင်း သိရပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရေအားလျှပ်စစ် တင်သွင်းရန် အိန္ဒိယ၊ ဘူတန်၊ နီပေါတို့နှင့်ဆွေး နွေးပြောဆိုထားပြီး ဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။
မြန်မာ- တရုတ်-ဘင်္ဂလားဒေ့ရှ်သုံး နိုင်ငံလျှပ်စစ်ဓာတ်အားကုန်သွယ်ရေး သဘောတူစာချုပ်ကို နေပြည်တော်တွင် ဝန်ကြီးအဆင့်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။
မြန်မာ-တရုတ်-ဘင်္ဂလား ဒေ့ရှ်သုံးနိုင်ငံကြားလျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်သည် လျှပ်စစ် ဓာတ်အားကုန်သွယ်ရေးအတွက် ဖြစ်ကြောင်း မြန်မာဘက်က သတင်းထုတ်ပြန်ထားပါသည်။
သုံးနိုင်ငံအကြား လျှပ်စစ်ဓာတ်အားကုန်သွယ်ခြင်းဖြင့် စွမ်းအင်ဖူလုံရေး၊ လျှပ်စစ်စွမ်းအင်ရင်းမြစ်များ မျှဝေသုံးစွဲရေး၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး၊ ဌာနဆိုင်ရာများ၏ စွမ်းဆောင် ရည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းဖန်းတီးပေးနိုင်ရေးတို့အတွက်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။
ပြည်တွင်း၌ လျှပ်စစ်ထုတ်လုပ်၍ ငါးနှစ်မှ ၁၀နှစ်အတွင်း ပြည်ပတင်ပို့ရန် ကြိုးပမ်းမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် က မတ်လ ၁၄ရက်တွင်ပြော ကြားခဲ့ပါသည်။
လက်ရှိ ပြည်တွင်း၌ မဂ္ဂါဝပ် ၃,၀၀၀ ကျော် သုံး စွဲနေပြီး ၂၀၂၀-၂၁တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမဂ္ဂါဝပ် ၆,၀၀၀ရှိလာမည်ဟုဝန်ကြီးက ပြောခဲ့ပါသည်။
ဝန်ကြီး ဦးဝင်းခိုင်၏ အဆိုအရယခင်အစိုးရများလက်ထက်က လျှပ်စစ်ထုတ်လုပ်ရန် လက်မှတ်ရေးထိုးသည့် ရေအားလျှပ်စစ်စီမံကိန်း ၃၀ ရှိပြီးထိုစီမံကိန်းများမှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၄၂,၀၀၀ အထိ ထုတ်လုပ်နိုင် သည့် အလားအလာရှိသည်ဟု သိရပါသည်။
Source: 7 day daily