နိုင်ငံခြားသုံးငွေ အရန်ငွေ လက်ကျန်လျော့ကျလာသဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံက IMF ချေးငွေ အမေရိကန်ဒေါ်လာ


26 July, 2022

နိုင်ငံခြားသုံးငွေ အရန်ငွေ လက်ကျန်လျော့ကျလာသဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံက IMF ချေးငွေ အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံ တောင်းခံထား

နိုင်ငံခြား အရန်ငွေ လက်ကျန်လျော့ကျလာသဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံက င်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့  International Monetary Fund IMF ချေးငွေ အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံ တောင်းခံထားသည်ဟု Daily Star  က သတင်းဖော်ပြထားသည်။ 

IMF ၏ ပံ့ပိုးကူညီမှုကို တောင်းခံထားသည့်  အာရှ သုံးနိုင်ငံ (ဘင်္ဂလားဒေ့ရှ်  ၊ ပါကစ္စတန်နှင့် သီရိလင်္ကာ) ရှိလာပြီ ဖြစ်သည်။ 

ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ၎င်း၏ ပေးချေစရာများအတွက် လက်ကျန်ငွေ လိုအပ်ချက်နှင့် ဘတ်ဂျက် လိုအပ်ချက်များ အတွက် ရံပုံငွေ တောင်းခံရခြင်း ဖြစ်သည်။ ရေလွမ်းမိုးမှုကြောင့် စပါးခင်းများ အကြီးအကျယ် ပျက်စီးကုန်သဖြင့် ပြည်ပမှ ဆန် တင်သွင်းရန် နိုင်ငံခြားသုံးငွ လိုမည် ဖြစ်သည်။ 
ဘဏ္ဍာရေးဝန်ကြီး AHM Mustafa Kamal က IMF မန်နေးဂျင်း ဒါရိုက်တာ Kristalina Georgieva ထံ တနင်္ဂနွေနေ့တွင် စာရေးခဲ့သည်ဟု Daily Star  က ဆိုသည်။

မကြာသေးမီက ဘင်္ဂလားဒေ့ရှ်ဘဏ်သည် ဇိမ်ခံပစ္စည်းများ၊ သစ်သီးများ၊ ကောက်ပဲသီးနှံမဟုတ်သော အစားအစာများနှင့် စည်သွတ်နှင့် ပြုပြင်ထားသော အစားအစာများ တင်သွင်းမှုကို တားမြစ်ခြင်းဖြင့် ကန်ဒေါ်လာကို ထိန်းသိမ်းမည့် မူဝါဒကို မကြာသေးမီက ကြေညာခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ဗဟိုဘဏ်၏ နိုင်ငံခြာသုံးးငွေ အရန်ငွေသည် ဇူလိုင်လ ၂၀ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၃၉.၆၇ ဘီလီယံသို့ လျော့ကျနေပြီ ဖြစ်သည်။ ပြည်ပသွင်းကုန်များအတွက်  ၅ လသာသာအထိ လုံလောက်သည်။ လွန်ခဲ့သည့်နှစ်က  နိုင်ငံခြာသုံးးငွေ အရန်ငွေအမေရိကန်ဒေါ်လာ ၄၅.၅ ဘီလီယံ ရှိခဲ့ပါသည်။ 
နိုင်ငံရပ်ခြားရှိ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများထံမှ ငွေလွှဲပို့မှုသည် ဇွန်လတွင်  အမေရိကန်ဒေါ်လာ ၁.၈၄ ဘီလျံ ရှိပါသည်။ 

ဘင်္ဂလားဒေ့ရှ်၏ ဇူလိုင်လမှ မေလအတွင်း Current Account Deficit (CAD)  မှာ အမေရိကန်ဒေါ်လာ ၁၇.၂ ဘီလီယံရှိပြီး ယခုနှစ်အစောပိုင်းကာလက CAD အမေရိကန်ဒေါ်လာ ၂.၇၈ ဘီလီယံ ရှိကြောင်း ဗဟိုဘဏ်အချက်အလက်များအရ သိရသည်။

 #MyanmarIndustriesGuide
 Telegram Channel
https://t.me/Guid4U

 

Banking & Loan Read 827 times