ဗဟိုဘဏ် ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌ ပြောင်းလဲခန့်အပ်ကြောင်း ထုတ်ပြန်ကြေညာ
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်း နှင့် ဒုဥက္ကဋ္ဌ ဦးဝင်းသော် တို့အား တာဝန်မှ အနားယူခွင့်ပြုလိုက်ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ အား မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ အဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ အဖြစ် ဦးဇော်မြင့်နိုင်အား ခန့်အပ်တာဝန်ပေးလိုက်သည်။