ဗြိတိသျှပေါင် ငွေစက္ကူသစ်များ ဗဟိုဘဏ် ပြသ


21 December, 2022

ဗြိတိသျှပေါင် ငွေစက္ကူသစ်များ ဗဟိုဘဏ် ပြသ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 ဗြိတိန်ဘုရင် Charles ပုံ ဖော်ပြထားသည့်  ငွေစက္ကူအသစ်ကို တနင်္လာနေ့ (ဒီဇင်ဘာ ၁၉ ရက်) တွင် ဗဟိုဘဏ် Bank of England  က ထုတ်ဖော်ပြသခဲ့သည်။
ဘုရင့်ပုံတူကို ပေါ်လီမာ ငွေစက္ကူ £5, £10, £20, £50 လေးခုလုံး၏ လက်ရှိ ဒီဇိုင်းများတွင် ထည့်သွင်း ဖော်ပြထားပါသည်။


 
ဘုရင်၏ရုပ်ပုံသည် ငွေစက္ကူများ၏ မျက်နှာစာဘက်တွင် ဖော်ပြထားပါသည်။

ငွေစက္ကူအသစ်များသည် ၂၀၂၄ နှစ်လယ်တွင် လည်ပတ်နေသည့် ငွေစက္ကူများတွင် အပြည့်အဝ ပါဝင်လာနိုင်မည်ဟု မျှော်လင့်ရသည်။

ယခင် ဘုရင်မကြီး ဒုတိယမြောက် အဲလိဇဘက် ၏ ပုံတူပါရှိသော ပိုလီမာ ငွေစက္ကူအားလုံးသည်လည်း တရား၀င် ငွေစက္ကူအဖြစ် ဆက်လက် သုံးစွဲနိုင်ပါသည်။

 REUTERS

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 419 times