ဘဏ်တွေကနေ ငွေအကန့်အသတ်နဲ့ထုတ်ယူရတဲ့ကိစ္စကို လာမယ့် စက်တင်ဘာလ လဆန်းပိုင်းက စတင်ပြီး ဖြေလျှော့မှုတွေ ပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ ဗဟိုဘဏ်ရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးဝင်းသော်ကပြောပါတယ်။
"စက်တင်ဘာလထဲမှာ စပြီးတော့ တဖြည်းဖြည်း ဖြေလျှော့သွားမှာပါ။ ကျနော်တို့ပြောထားတဲ့အတိုင်းပါပဲ ။ ငွေထုတ်တာတွေနဲ့ပတ်သက်ပြီး တိုးထုတ်နိုင်ဖို့ပေါ့။လက်ရှိဖြစ်နေတဲ့ အခြေအနေတစ်ခုထက် အဆင်ပြေအောင်ပေါ့ ။ ဥပမာပေါ့ ATM ပေါ့ ဒါကရှင်းလင်းအောင်ပြောပြတာပေါ့ ATMတွေမှာဆိုရင် ပိုက်ဆံထုတ်လို့မရဘူးရှိတယ်၊ ဒါတွေဆို ပတ်ဝန်းကျင်ထိတွေ့မှုအများဆုံးနေရာတွေမှာ ပြဿနာတွေရှိနိုင်တာပေါ့။နောက်တစ်ခါ ဘဏ်တွေမှာ ၂၀၀ ၊ ၂၀ ကန့်သတ်ထားတာရှိတယ်။တကယ်တမ်းကျ ၂၀၀ ၊ ၂၀ တောင်မပေးကြဘူးဖြစ်နေတယ်။ဒါတွေကိုလည်း ဘဏ်တွေကိုကန့်သတ်ချက်နဲ့အညီ အပြည့်အဝထုတ်ပေးဖို့ဆိုတာတွေလုပ်မယ်"လို့ ဦးဝင်းသော်က ပြောပါတယ်။
လက်ရှိဖြစ်နေတဲ့အခြေအနေတွေကနေ ပိုပြီးအဆင်ပြေအောင် တဆင့်ပြီးတဆင့် လုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်း၊ နိုင်ငံတော်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုလည်း ငွေသားထုတ်ယူမှုဆိုင်ရာကန့်သတ်ချက်တွေဖြေလျော့ပြီးဆောင်ရွက်ပေးသွားဖို့ရှိတယ်လို့ ပြောပါတယ်။
"နောက်တဆင့်က ပရောဂျက်တွေရှိတယ်၊ တချို့ဆိုရင်နိုင်ငံတော်နဲ့ပတ်သက်ပြီးတော့ ချက်စ်တွေရပြီးတော့ ၂၀၀ ထုတ်တော့ လုပ်အားခပေးဖို့မလုံလောက်ဘူးပေါ့။အခက်အခဲတွေရှိတယ်။ ဒီလိုကိစ္စတွေကိုလည်း case by case ပေါ့ ၊ရွေးပြီးတော့ Government နဲ့သက်ဆိုင်တဲ့ sector ထဲကေန နိုင်ငံတော်တိုးတက်ရေးလုပ်နေတဲ့လုပ်ငန်းတွေ construction လုပ်ငန်းတွေဆို ဒါမျိုးတွေဆိုရင် ခုနတုန်းက ဒီ၂၀၀ ဆိုတဲ့သတ်မှတ်ချက်မဟုတ်ဘဲနဲ့ case by case နဲ့ ကန့်သတ်ချက်တွေထက်လျှော့လုပ်ပေးတာမျိုးပေါ့ အဆင့်လိုက် အဆင့်လိုက်လုပ်သွားမှာပေါ့။ "လို့ သူကဆက်လက်ပြောပြပါတယ်။
CKC(VOM)