ဘုရင်မပုံပါသော ငွေစက္ကူများ အစားထိုး ပြောင်းလဲမည်


10 September, 2022

ဘုရင်မပုံပါသော ငွေစက္ကူများ အစားထိုး ပြောင်းလဲမည်

ဘုရင်မကြီး ဒုတိယမြောက် အဲလိဇဘက် ၏ ပုံတူပုံပါရှိသော ကမ္ဘာတစ်ဝှမ်းရှိ ဘီလီယံနှင့်ချီသော ငွေစက္ကူများနှင့် ဒင်္ဂါးများကို သူမ နတ်ရွာစံပြီးနောက် အစားထိုးရန် ပြင်ဆင်နေပြီဖြစ်သည်။

နှစ်ပေါင်း ၇၀ နီးပါး၊ ဘုရင်မကြီး၏ ရုပ်ပုံကို ယူ‌ေက၏ဒင်္ဂါးများတွင် အသုံးပြုခဲ့သည်။ အသက်ကြီးလာသည်နှင့်အမျှ သူမ၏ ပြောင်းလဲသွားသော  ပုံတူအမျိုးမျိုးဖြင့် အသုံးပြုခဲ့သည်။ ယူကေဒင်္ဂါးများတွင် ၅ မျိုး ပြောင်းလဲခဲ့သည်။

သူမသည် နှစ်ပေါင်း ၆၀ ကျော် နိုင်ငံသုံး ငွေစက္ကူများတွင် ဖော်ပြခံခဲ့ရသည်။ သူမ၏ပုံတူ ၁၉၆၀ ခုနှစ်မှ စတင်ကာ နိုင်ငံ၏ ငွေစက္ကူများတွင် ဖော်ပြခဲ့ပါသည်။

သူမ၏ ပုံတူကို တစ်ချိန်တုန်းက ဗြိတိသျှ အုပ်ချုပ်မှုအောက်တွင် ရှိခဲ့သော နိုင်ငံအချို့၏ ငွေကြေးများတွင်လည်း အသုံးပြုထားကြပါသည်။ 

ငွေစက္ကူရိုက်နှိပ်သော Bank of England က လက်ရှိဘုရင် King Charles III ၏ ပုံတူဖြင့် ငွေစက္ကူများ ရိုက်နှိပ်ပြီး အစားထိုးသွားမည် ဖြစ်သည်။
ယူကေတွင် လည်ပတ်နေသော ဘုရင်မပုံပါသည့် ငွေစက္ကူ ရွက်ရေ စုစာပေါင်း ၄.၇ သန်းကျော်ရှိပြီး တန်ဖိုး စုစုပေါင်း ပေါင် ၈၂ ဘီလီယံ (ဒေါ်လာ ၉၅ ဘီလီယံ) ရှိသည်။

ဒင်္ဂါးသွန်းလောင်းသော Royal Mint ကလည်း အလားတူ ပြောင်းလဲမည် ဖြစ်သည်။ဒင်္ဂါး ခုရေ ၂၉ ဘီလီယံကို ပြန်သိမ်းရမည် ဖြစ်သည်။

ဘုရင်မပုံပါသော ငွေစက္ကူများ၊ ဒင်္ဂါးများ ပြန်လည်သိမ်းဆည်းနေသည့် အချိန်ကာလတစ်ရပ်အတွင်း နှစ်မျိုးနှစ်စား အပြိုင်တည်ရှိနေမည် ဖြစ်သည်။

Bank of England က “ဘုရင်မကြီး၏ ရုပ်ပုံပါ၀င်သော လက်ရှိ ငွေစက္ကူများသည် တရားဝင် ငွေစက္ကူများအဖြစ် ဆက်လက်တည်ရှိနေမည်” ဟု ကြာသပတေးနေ့ (စက်တက်ဘာ ၈)တွင် ထုတ်ပြန် ကြေညာပါသည်။
ယူကေ၏ ကိုလိုနီဖြစ်ခဲ့ဖူးသော နိုင်ငံများဖြင့် ဖွဲ့စည်းထားသော ဓနသဟာယအဖွဲ့ဝင် ၄၅ နိုင်ငံတို့၏ ငွေစက္ကူများနှင့် ဒင်္ဂါးများတွင်လည်း ဘုရင်မပုံတူ သုံးစွဲထားသည်များ ရှိနေပါသည်။

 ဩစတြေးလျတွင်လည်း ဘုရင်မကြီး၏ ပုံတူကို $5 တန် ငွေစက္ကူတွင် ပါရှိသည်။ Australia Reserve Bank of Australia က ၎င်း၏ ငွေစက္ကူများကို ချက်ချင်းလက်ငင်း ပြောင်းလဲမည်မဟုတ်ကြောင်း သောကြာနေ့တွင် ပြောကြားခဲ့ပါသည်။
Source CNN
#MyanmarIndustriesGuide 
 Telegram Channel  https://t.me/Guid4U

Banking & Loan Read 789 times