စင်ကာပူ ဘဏ်များ ချက်လက်မှတ် အခကြေး ကောက်ခံမည်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
စင်ကာပူရှိ ဘဏ်များသည် စင်ဒေါ်လာဖြင့် ပေးချေသော ချက်လက်မှတ်များ ထုတ်ပေးရန်အတွက် ချက်လက်မှတ် သုံးသုများထံမှ သတ်မှတ်အခကြေးကို နိုဝင်ဘာလတွင် စတင်ကောက်ခံမည်ဖြစ်သည်။
စင်ကာပူသည် ၂၀၂၅ နှစ်ကုန်တွင် ကော်ပိုရိတ်ချက်လက်မှတ်များကို သုံးစွဲခြင်း မပြုတော့ချေ။
တသီးပုဂ္ဂလချက်လက်မှတ်များကို ၂၀၂၅ ခုနှစ် နောက်ပိုင်း ကာလတရပ်အထိ ဆက်လက်သုံးစွဲနိုင်မည်ဟု MAS နှင့် ABS တို့၏ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
စင်ကာပူရှိ ဘဏ်များသည် စင်ဒေါ်လာဖြင့် ပေးချေသော ချက်လက်မှတ်များ ထုတ်ပေးရန်အတွက် ချက်လက်မှတ် သုံးသုများထံမှ သတ်မှတ်အခကြေးကို စတင်ကောက်ခံမည်ဖြစ်ကြောင်း စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့ Monetary Authority of Singapore (MAS) နှင့် စင်ကာပူရှိ ဘဏ်များအသင်း Association of Banks in Singapore (ABS) က သောကြာနေ့ (ဇူလိုင် ၂၈) တွင် ကြေညာသည်။
စင်ဒေါ်လာဖြင့် ထုတ်ပေးသော ချက်လက်မှတ်များအတွက် အဆိုပါ အခကြေးငွေ ပမာဏသည် ဘဏ်များအကြား တပြေးညီ ဖြစ်မည် မဟုတ်ပေ။ စတင်ကျင့်သုံးသည့် ရက်များလည်း ကွာခြားနိုင်သည်။
အနည်းဆုံး ဘဏ်ခုနစ်ခုဖြစ်သည့် DBS၊ UOB၊ OCBC၊ Citibank၊ HSBC၊ Maybank နှင့် Standard Chartered တို့သည် ချက်လက်မှတ်ထုတ်ပေးသည့်အတွက် ကော်ပိုရိတ် နှင့် တစ်ဦးချင်း နှစ်မျိုးစလုံးအတွက် အခကြေးငွေများကို နိုဝင်ဘာ ၁ ရက် နောက်ဆုံးထားပြီး စတင်မည်ဖြစ်သည်။
စင်ကာပူတွင် ငွေပေးချေရာတွင် ကော်ပိုရိတ် နှင့် တစ်ဦးချင်းနှစ်မျိုးစလုံး e-payment များကို လက်ခံအသုံးပြုမှု တိုးလာနေပြီး ချက်လက်မှတ် အသုံးပြုမှု လျော့နည်းလာနေသည်။
ချက်လက်မှတ်ဖြင့် ပေးချေသည့် ပမာဏသည် ၂၀၁၆ ခုနှစ်တွင် စင်ဒေါ်လာ ၆၁ သန်း ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ၁၉ သန်းသာ ရှိသဖြင့် ၇၀% လျော့ကျခဲ့သည်။
Source: CNA
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL