နိုင်ငံရဲ့ ကုန်သွယ်မှုကဏ္ဍ တိုးတက်စေဖို့ ရှေ့ဆက်ပြီး ကုန်ချင်းဖလှယ်စနစ်ကိုပါ ကျင့်သုံးသွားမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ဆောင်မှုသည် လက်ရှိနိုင်ငံရဲ့ ကုန်သွယ်မှုမှာ ကျင့်သုံးနေတာက နှစ်နိုင်ငံကုန်သွယ်မှု ( bilateral trade) နဲ့ နယ်စပ်ကုန်သွယ်မှု (border trade) တို့ဖြစ်ပါတယ်။ ကုန်ချင်းဖလှယ်တဲ့စနစ်ကိုတော့ သည်နှစ်မှ စတင် အကောင်အထည် ဖော်လာတာဖြစ်ပြီး လက်ရှိမှာလည်း တရုတ်နိုင်ငံနဲ့ လယ်ယာထွက်ကုန် တင်ပို့မှုအပိုင်းမှာ သည်စနစ်နဲ့ စတင်ဆောင်ရွက်နေဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ကုန်ချင်းဖလှယ်တဲ့ စနစ်ဆိုတာဟာ ကိုယ့်နိုင်ငံက တင်ပို့လိုက်တဲ့ ကုန်စည်ပမာဏအတိုင်း တစ်ဖက်နိုင်ငံကနေ ပြန်လည်တင်သွင်းရမှာ ဖြစ်ပါတယ်။
မူဆယ်မြို့မှ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် ဦးချမ်းသာဦးက သည်စနစ်ကို ကျင့်သုံးမယ်ဆိုရင် exporter တွေအနေနဲ့ importer တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ပြီး အဆင်ပြေမယ်လို့ သုံးသပ်ထားပါတယ်။
စီးပွားကူးသန်းအနေနဲ့ ၂၀၂၀ -၂၀၂၅ ခုနှစ်အတွက် ရေးဆွဲမယ့် အမျိုးသားပို့ကုန်မဟာဗျူဟာမှာလည်း ကုန်သွယ်မှုကဏ္ဍ တိုးတက်စေဖို့ ကဏ္ဍငါးခုကို ဦးစားပေးတိုးမြှင့်သွားမှာဖြစ်ပြီး ဦးစားပေးကဏ္ဍများအနက် ပိုမိုဦးစားပေး ဆောင်ရွက်သင့်တဲ့ ကဏ္ဍများ (Top Priorities) ကိုလည်း ရွေးချယ်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ဒါ့အပြင် ကုန်သွယ်မှုတိုးမြှင့်ရေးနဲ့ ပတ်သက်ပြီး ဥပဒေပိုင်းမှာဆိုရင်လည်း ပြည်ပက လျှော့ဈေးနဲ့ စုပုံတင်ပို့လာတဲ့ ကုန်ပစ္စည်းတွေကို တားဆီးနိုင်ဖို့နဲ့ ပြည်တွင်းထုတ်ကုန်များအပေါ် ထိခိုက်နစ်နာမှု ဖြစ်ပေါ်လာပါက သွင်းကုန်အပေါ် ကိုတာသတ်မှတ်ပြီး ပြည်တွင်းလုပ်ငန်းရှင် ထိခိုက်မှုကို ကုစားပေးနိုင်မယ့် ဥပဒေတစ်ရပ် ပြဌာန်းနိုင်အောင်လည်း ဆောင်ရွက်နေပါတယ်။
သည်ဥပဒေကတော့ သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ အကာအကွယ်ပေးမှုဥပဒေ (The Safegဥard Law on Increased Imports) ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက ပြဋ္ဌာန်းနိုင်အောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ကုန်သွယ်မှုကဏ္ဍတစ်ခုလုံးကို လွှမ်းခြုံနိုင်မယ့် ကုန်သွယ်မှုဥပဒေတစ်ရပ်ကိုလည်း ပြဌာန်းနိုင်ဖို့ ကမ္ဘာ့ဘဏ်၊ GIZ တို့နဲ့ ဥပဒေကြမ်း ရေးဆွဲလျက်ရှိတယ်လို့ သိရပါတယ်။
နိုင်ငံအနေနဲ့ လက်ရှိဘဏ္ဍာနှစ် ဖေဖော်ဝါရီလအထိ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်းပေါင်း (၁၄,ဝဝဝ) ကျော်ရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ် ကာလတူထက် ကန်ဒေါ်လာ နှစ်သန်းကျော်ပိုမို ကုန်သွယ်ထားတယ်လို့ သိရပါတယ်။