ကမ္ဘာ့ငွေကြေးစျေးကွက်တွင် ဒေါ်လာ စျေးနှင့်အတူ ထိုင်းဘတ်ငွေစျေး တစ်ရှိန်ထိုး မြင့်တက်လာခြင်း၊ မြန်မာကျပ်ငွေ စျေးအကျ ကြမ်းနေခြင်းကြောင့် မြဝတီနယ်စပ်ကုန် သည်အချို့ ကုန်သွယ်မှု စောင့်ဆိုင်းနေရ ကြောင်း နယ်စပ်ကုန်သည်လုပ်ငန်းရှင်များထံမှ သိရသည်။
မြဝတီနယ်စပ်ကုန်သည်အသင်းဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်က “ဘတ်စျေးတစ်ရှိန် ထိုး မြင့်တက်သွားတော့ ကုန်သည်လုပ်ငန်း ရှင်တွေ အချို့ကတော့ လုပ်ငန်းရပ်ဆိုင်းပြီး စောင့်ကြည့်နေကြတယ်။ မဝယ်မဖြစ်တဲ့ ကုန်ပစ္စည်းတွေကိုတော့လည်း တင်သွင်းနေရတယ်။လတ်တလောမှာတော့ ကုန်သွယ်မှုတော့ ရပ်တန့်မသွားအောင်ထိန်းပြီး တင်သွင်း နေရပါတယ်” ဟု ပြောကြားသည်။
မြဝတီနယ်စပ်ငွေကြေးစျေးကွက်တွင် ယခင် သြဂုတ်လက ထိုင်းဘတ်ငွေစျေးမှာ မြန်မာကျပ် ငွေ တစ်သိန်းလျှင် ထိုင်းဘတ်ငွေ ၂၀၀၀ (ဘတ်၁၀၀ = ၅ဝဝဝကျပ်)ဘတ်ဝန်း ကျင်ပေါက်စျေးရှိရာမှ ယခ ုစက်တင်ဘာ လ၁၁ရက်နေ့တွင် မြန်မာကျပ်ငွေ တစ်သိန်းလျှင် ဘတ်၁၆၈၉ ၊ဘတ်၁၇၀၀ လျှင် မြန်မာ ငွေကျပ် တစ်သိန်းဖြင့် ရောင်းဝယ်လျက်ရှိသည်။
“ထိုင်းနိုင်ငံရဲ့ထုတ်ကုန်တွေက ယခင် ကဘတ်၅၀၀ တန်ပစ္စည်း ဆိုရင် ယခုလည်း ဘတ် ၅၀၀ ပါပဲ။ ယခင်လက ဘတ်၅၀၀ တန် တဲ့ကုန်ပစ္စည်းကို ကျပ်၂၅၀၀၀ နဲ့ ဝယ်ယူခဲ့ ရပေမဲ့ ယနေ့မှာတော့ ထိုင်းဘတ်ငွေစျေး တစ်ရှိန်ထိုးမြင့်တက်လာတဲ့အတွက် ဘတ် ၅၀၀ တန်ပစ္စည်းကို ကျပ်၃၂၀၀၀ နဲ့ ဝယ်ယူ ရပါတယ်။ ကုန်ပစ္စည်းတစ်ခုဝယ်တိုင်း ဘတ် ငွေနဲ့ဝယ်ရင် တန်ဖိုးမပြောင်းလဲပါဘူး” ဟု ဒေါ်သင်းသင်းမြတ်က ပြောကြား သည်။
မြန်မာကုန်သည်များအနေဖြင့် ထိုင်း ကုန်ပစ္စည်းများ ဝယ်ယူရာတွင် ကျပ်ငွေကို ဘတ်ငွေလဲပြီး ဝယ်ယူရသည့်အတွက် ဘတ် တစ်သိန်းဖိုးဝယ်ယူရတိုင်း ယခင်လကထက် ကျပ်တစ်သိန်းဝန်းကျင် လိုက်ပေးနေသည်။
မြန်မာကျပ်ငွေ စျေးကျဆင်းလာခြင်း ကြောင့် မြန်မာကျပ်ငွေ လက်ဝယ်ရှိသူများအတွက် အရှုံးဖြင့်ရင်ဆိုင်နေရသလို ဘတ် ငွေလက်ဝယ်ရှိသူများလည်း အပျော်ကြီး ပျော်နေကြကြောင်း မြဝတီမြို့မှ ငွေလဲ လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။
မြဝတီမြို့စျေးကွက်ရပ်ဝန်းတွင် ထိုင်း နိုင်ငံဘက်မှ ဝယ်ယူရောင်းချလျက်ရှိသော အခြေခံစားကုန် သား၊ငါး၊ပုစွန် ဟင်းသီးဟင်း ရွက်၊သစ်သီးဝလံများလည်း စျေးမြင့်တက် လျက်ရှိကာ စားသုံးမှုစျေးကွက်ကို ထိခိုက် လျက်ရှိကြောင်း ဘုရင့်နောင်စျေးအတွင်းမှ သိရသည်။
news-eleven.com