စီးပွားရေးလုပ်ငန်းများတိုးတက်မြှင့်မားနိုင်ဖို့


05 February, 2021

စီးပွားရေးလုပ်ငန်းများတိုးတက်မြှင့်မားနိုင်ဖို့ ဘယ်လ်ဂျီယံနိုင်ငံ ဖလန်ဒါဒေသမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် တိုက်ရိုက်ချိတ်ဆက်မှု ရယူနိုင်ပါတယ်

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်ရေးမြှင့်တင်နိုင်ရေး၊ လုပ်ငန်းများ အဆင့်မြှင့်တင် တိုးတက် မြှင့်မားနိုင်ရေးတို့အတွက် ဘယ်လ်ဂျီယံနိုင်ငံ၏ ဒေသတစ်ခုဖြစ်သော ဖလန်ဒါဒေသမှ စီးပွားရေး လုပ်ငန်းရှင်များသည် ရန်ကုန်မြို့ Melia Hotel ၌ မြန်မာလုပ်ငန်းရှင်များ နှင့် တွေ့ဆုံသည့် စီးပွားရေးဆိုင်ရာ Business Seminar တစ်ခု ကျင်းပပြုလုပ်ခဲ့ပါတယ်။ဖလန်ဒါဒေသမှကုမ္ပဏီပေါင်း (၂၂)ခုကျော်လာရောက်ခဲ့ကြပြီး 

• ရေကြောင်းဆိုင်ရာ ၊ မီးရထား ဆက်သွယ်ရေးပိုင်းဆိုင်ရာ စက်ရုံနှင့်စက်မှုလုပ်ငန်းများအတွက် လိုအပ်သော အင်ဂျင်များ၊ မီးစက်များထုတ်လုပ်ရောင်းချမှု

• အကျယ်အပြန့်ဆုံးသော ဝန်ဆောင်မှုလုပ်ငန်း(၃)ခုဖြစ်သည့် ကမ္ဘာအနှံ့အပြား ကုန်စည်ဝန်ဆောင်မှု ၊
အမြန်ချောပို့ဝန်ဆောင်မှု၊ ကုန်သွယ်ရေးဝန်ဆောင်မှု၊ စွမ်းဆောင်ရည်မြင့်မားသော တံခါးများထုတ်လုပ်မှု

• နို့ထွက်ပစ္စည်းများရောင်းဝယ်ဖောက်ကားမှု

• စက်ဆီချောဆီများအကောင်းဆုံးအခြေအနေသို့ရရှိစေရန်ထိန်းသိမ်းစောင့်ရှောက်မှု

• အသားနှင့်တိရစ္ဆာန်အစာထုတ်လုပ်မှု

• သဘာဝမြေသြဇာထုတ်လုပ်မှု• ပင်လယ်ရေကြောင်းကုန်သွယ်ရေးဝန်ဆောင်မှု

• ပင်လယ်ဆိပ်ကမ်းဆိုင်ရာ စီမံကိန်းများအတွက် အကြံပေးဆွေးနွေးမှု

• ဆိပ်ကမ်းနှင့်ဟိုက်ဒရောလစ်အင်ဂျင်နီယာလုပ်ငန်းများ

• တာယာထုတ်စက်ရုံလုပ်ငန်းများ• စွမ်းအင်သိုလှောင်ခြင်းနှင့်စွမ်းအင်ထိရောက်မှုနည်းပညာများ

• အဆောက်အအုံဒီဇိုင်းများအတွက်အကြံပေးဝန်ဆောင်မှု

• ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ

• ကုမ္ပဏီကြီးသည်ဖြစ်စေ၊သေးသည်ဖြစ်စေ၊ အတိုးနှုန်းကာကွယ်ပေးသည့်ဝန်ဆောင်မှုလုပ်ငန်းများ

• သစ်အခြေပြု Panel ပြားများ၊ စားအုန်းဆီထုတ်လုပ်ရောင်းချခြင်း စသည့်လုပ်ငန်း အများအပြား မှ လုပ်ငန်းရှင်များပါဝင်ပါသည်။

အသေးစိတ်နှင့်တိုက်ရိုက်ချိတ်ဆက်လိုသူများ ဖော်ပြပါ link တွင် ဆက်သွယ်နိုင်ပါသည်။

Investment/Divestment Tips Read 541 times