ပါဝါ နှင့် စွမ်းအင်၏ အကြီးမားဆုံး လုပ်ငန်းခွင် ပြပွဲကြီး "Big Shift In Power & Energy"


15 February, 2019

မတ်လ ၂၀၁၉ တွင် - နယူးယောက် နှင့် အမေရိကန်တွင် ဌာနချုပ်ရှိသော လျှပ်စစ် နှင့် အီလက်ထရောနစ် ၊ အင်ဂျင်နီယာများ၏ အကြီးမားဆုံး နိုင်ငံတကာဌာန တစ်ခုဖြစ်သော (IEEE) ၏ ဦးဆောင်မှုအောက် ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်မည့် အကြီးမားဆုံး နိုင်ငံတကာ ဟောပြောဆွေးနွေးပွဲ နှင့် ကုန်စည်ပြပွဲသည် ကမ္ဘာတဝှမ်းရှိ စွမ်းအင်၊ လျှပ်စစ်ဓာတ်အား စက်မှုလုပ်ငန်းများ နှင့် ဌာနဆိုင်ရာများ စသော ဆက်စပ်နေသော နယ်ပယ်ရှိ လူများကို အတူတကွ ဆုံစည်းစေပါလိမ့်မည်။

 ပြပွဲအမည်မှာ IEEE PES GTD ASIA 2019 ဖြစ်ပြီး နိုင်ငံတကာ IEEE Power and Energy Society (IEEE-PES) နှင့် IEEE-Thailand Section နှင့် ၎င်း၏ ပြည်တွင်း ပါဝါနှင့်စွမ်းအင် အခန်းကဏ္ဍ တို့၏ ပူးပေါင်းလုပ်ဆောင်မှုဖြင့် ထိုင်းနိုင်ငံတွင် (၂) နှစ်ကျော် အစီအစဉ် နှင့် စီမံကိန်းရေးဆွဲ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ လျှပ်စစ်သုံးပစ္စည်းများ၊ လျှပ်စစ်စွမ်းအား နှင့် စွမ်းအင် စသည်တို့နှင့် ဆက်စပ်နေသော စက်မှုလုပ်ငန်းများ နှင့် အကျိုးအမြတ် အဖွဲ့အစည်းမဟုတ်သော အသင်းအဖွဲ့တို့မှ ထောက်ပံ့ပေးထားခြင်းဖြစ်သည်။

BIG SHIFT IN POWER AND ENERGY ပြပွဲကြီးသည် ထိုင်းဒစ်ဂျစ်တယ် (၄.ဝ) နှင့်အတူ အဆင့်မြင့် ပစ္စည်းအားလုံးနှင့် ဆန်းသစ်သော နည်းပညာအားလုံး၏ ကောင်းသော အကျိုးကျေးဇူးများအကြောင်း ကမ္ဘာကို မီးမောင်းထိုးပြခြင်းအားဖြင့် ၎င်း၏မူလနေရာ မြောက်အမေရိကတိုက်မှ အပြင်ဘက်အာရှသို့ ပထမဦးဆုံး ကြီးကျယ်ခမ်းနားသော နိုင်ငံတကာ IEEE PES အဖြစ် ဟောပြောပွဲ နှင့် ကုန်စည်ပြပွဲသည် ထိုင်းနိုင်ငံ၏ မှတ်တိုင် တစ်ခုဖြစ်ပါလိမ့်မည်။

ဤ ဟောပြောပွဲနှင့် ကုန်စည်ပြပွဲသည် အမေရိကန်နိုင်ငံတွင် စီစဉ်ကျင်းပ ပြုလုပ်ခဲ့သည်မှာ နှစ်ပေါင်း (၄၀) ကျော်ခဲ့ပြီး အမေရိကန်နိုင်ငံ၏ အပြင်ဘက်အာရှတွင် ၂၀၁၉ ခုနှစ် ၊ မတ်လ၊ ၁၉ ရက် မှ ၂၃ ရက် အထိ၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Bangkok International Trade Exhibition Centre (BITEC) တွင် ပထမဦးဆုံးအဖြစ် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ဒါဟာ မီးစက်၊ မီးအားမြှင့်စက်၊ ဓာတ်အားပေးရေး နှင့် ဖြန့်ဖြူးခြင်း၊ အစိမ်းရောင် စွမ်းအင်သစ် (သို့) ပြန်လည် အသုံးပြုနိုင်သောစွမ်းအင် စသော အင်ဂျင်နီယာများ နှင့် နည်းပညာနယ်ပယ်များ အားလုံးနှင့် ဆက်စပ်နေပါသည်။

IEEE_PES ၏ ပြည်တွင်း စီစဉ်သူများသည် လျှပ်စစ်ဓါတ်အားနှင့် စွမ်းအင်စက်မှုလုပ်ငန်းများ နှင့် ဌာနဆိုင်ရာများ စသော ကဏ္ဍအားလုံးမှ လူကြီးမင်းများကို ပါဝါနှင့်စွမ်းအင်အတွက် ကြီးမားသော ပြောင်းလဲမှု၏ အနာဂတ်-ချိတ်ဆက် အတွက် ဆန်းသစ်သော ကမ္ဘာကို မြင်ယောင်ရန် ဤပြပွဲတွင် အတူတကွ ပံ့ပိုးပေးဖို့ နှင့် ပါဝင်ဖို့ရန် ဂုဏ်ယူလေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။ ကမ္ဘာတဝှမ်းမှ ပြသသူပေါင်း (၄၀၀) ကျော်နှင့် ဧည့်သည်တော်ပေါင်း (၁၀,၀၀၀) ကျော်သည် ဒီပြပွဲ၏ တစ်စိတ်တစ်ဒေသ ဖြစ်လိမ့်မည်ဟု မျှော်မှန်းထားပါသည်။

Dr.NopbhomLeeprechanon ပြပွဲကျင်းပရေး သဘာပတိ ၊ IEEE PES GTD ASIA 2019 ၏ သဘာပတိမှ ဟောပြောပွဲနှင့် ကုန်စည်ပြပွဲသည် Power Generation (PG) Transmission and Distribution (T&D) Renewable Energy (RE) စသော လျှပ်စစ်နှင့်စွမ်းအင် စက်မှုလုပ်ငန်း အဓိကအဖွဲ့ (၃) ဖွဲ့ဖြင့် ပါဝင်ဖွဲ့စည်းထားပြီး အဲ့ဒီအရာတွေ အားလုံးသည် ပါဝါနှင့်စွမ်းအင်အတွက် ကြီးမားသော ပြောင်းလဲမှုကို ဖော်ဆောင်ဖို့ ကြီးမားသော ဒေတာစင်တာ (သို့) smart city ကို မြင်သာဖို့ရန် ဒီဂျစ်တယ်စနစ်နှင့်အတူ ပေါင်းစပ်ထားခြင်းဖြစ်သည်ဟု ဖော်ပြထားပါသည်။

ဒီဂျစ်တယ် ပလက်ဖောင်းအသစ် ဖြစ်ဖို့ရန် သေးငယ်သောနှင့် ကြီးမားသော လျှပ်စစ်အား နည်းပညာ ဆန်းသစ်တီထွင်မှုများ၏ တိုးတက်မှုပါဝင်သော သုတေသန ဖွံ့ဖြိုးတိုးတက်ရေး နှင့် သက်ဆိုင်သော စီးပွားရေး အခြေခံ လိုအပ်ချက်များကို အာရှတွင် ပထမဆုံးအကြိမ် ဒုံးပျံသကဲ့သို့ ချီတက်ဦးဆောင်သူ အဖြစ် IEEE PES GTD ASIA 2019 သည် ကမ္ဘာ့အဆင့်မီ ပြပွဲဖြစ်ဖို့ရန် ထိုင်းနိုင်ငံအတွက် အကြီးမားဆုံး အခွင့်အရေးဖြစ်ပါသည်။ BIG SHIFT IN POWER AND ENERGY ၏ ကြီးမားကျယ်ပြန့်တဲ့ ဟောပြောပွဲအတွက် ပညာရေးဌာန နှင့် လုပ်ငန်းနယ်ပယ် အဆင့်ဆင့်အားလုံးကို စာတမ်းများလည်း ဖြန့်ဝေထားပါသည်။

ပရော်ဖက်ရှင်နယ်များ၏ အကောင်းဆုံး လက်တွေ့သရုပ်ပြခြင်း နှင့် နိုင်ငံတကာတွင် စံချိန်စံညွှန်းမီ စိတ်ကူးများ - ဆန်းသစ်တီထွင်မှုများ - အက်ပလီကေးရှင်းများကို ပြသဖို့ရန် စာရွက်ပေါင်း (၃၀၀) ကျော်ကို သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်များသို့ ပေးပို့ထားပါသည်။ ပြပွဲတွင် ရွေးချယ်ထားသော စာတမ်းများကို လက်တွေ့ဟောပြောခြင်း နှင့် ပိုစတာများ ပြသခြင်း နှင့်အတူ တင်ပြပါလိမ့်မည်။

ဤပြပွဲကို အစိုးရဝန်ကြီးဌာန လက်အောက်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒီနယ်ပယ်နှင့် ဆက်စပ်နေသော နိုင်ငံတကာ နှင့် ပြည်တွင်း စက်မှုလုပ်ငန်းရှင်များ နှစ်ဦးစလုံးမှ ဂုဏ်ယူစွာ ထောက်ပံ့ပေးထားခြင်းဖြစ်သည်။ နောက်ဆုံးအနေနဲ့ IEEE-ThailandSection နှင့် ၎င်း၏ IEEE Power & Energy Society က စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့များနှင့် ကူညီထောက်ပံ့ပေးသူ အားလုံးကို စိတ်ရင်းနဲ့ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါသည်။

Myanmar Industry Directory

Events & Exhibition Read 473 times