ကမ္ဘာ့အကြီးဆုံး ရွှေချောင်း တန်ဖိုး ဒေါ်လာ ၁၇ သန်းသို့ ရောက်ရှိ


23 April, 2022

ကမ္ဘာ့အကြီးဆုံး ရွှေချောင်း တန်ဖိုး ဒေါ်လာ ၁၇ သန်းသို့ ရောက်ရှိ


ကမ္ဘာ့ရွှေဈေး မြင့်တက်သည့်အတွက် ကမ္ဘာ့အကြီးမားဆုံး ရွှေချောင်းတန်ဖိုး ယန်း  ၂.၂ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၇.၁ သန်း) သို့ ရောက်ရှိနေသည်။ ၎င်းရွှေချောင်းကြီးကို ဂျပန်နိုင်ငံ အလယ်ပိုင်းရှိ ပြတိုက်ဥယျာဉ်တွင် ပထမဆုံး စတင်ပြသခဲ့စဉ်က တန်ဖိုးထက် ၅ ဆကျော်သွားပြီ ဖြစ်သည်။


အလေးချိန် ၂၅၀ ကီလိုဂရမ် ရှိသော ရွှေချောင်းကြီးကို ရှီဇိုကာစီရင်စု၊ အီဇူတွင် တည်ရှိသည့် Toi Gold Mine ပြတိုက်ဥယျာဉ်ထဲတွင် ပြသထားသည်။ ရွှေချောင်းကြီးကို ၂၀၀၅ ခုနှစ်တွင် သွန်းလောင်းခဲ့သည်။ Guinness World Records က ကမ္ဘာ့အကြီးဆုံးရွှေချောင်းအဖြစ် အတည်ပြုပေးခဲ့သည်။
 ၂၀၀၅ ဇူလိုင်လမှစ၍ လူအများ ကြည့်ရှုရန်နှင့် တို့ထိရန် ပြသ‌ထားသည်။ ရွှေ‌ေချာင်းကြီးကို တို့ထိ ဆုတောင်းပါကငွေရေးကြေးရေး ကံကောင်းစေသည်ဟု ယုံကြည်ကြသဖြင့်  လာရောက်သူတို့ ရွှေ‌ေချာင်းကြီးကို တို့ထိ ဆုတောင်းနိုင်ဖို့ အကြည်သားအကာတွင် လက်ထည့်ရန် အပေါက် ထားရှိပေးထားသည်။ 
 ထိုစဉ်က ရွှေချောင်းကြီး၏ တန်ဖိုးမှာ ယန်း သန်း ၄၀၀ ဖြစ်ပါသည်။


ရွှေ ၁ ဂရမ် ဈေးနှုန်းသည် အခွန်အပါအဝင် ၈,၉၆၉ ယန်း ဖြစ်ကြောင်း ရွှေချောင်း သွန်းလောင်းထုတ်လုပ်သည့်လုပ်ငန်း Tanaka Kikinzoku Kogyo K.K က အတည်ပြု ပြောကြားသည်။ 
ဂျပန်တွင် ရွှေအများဆုံးထွက်သည့် Toi  ရွှေတွင်းတွင် တူးဖော်မှုကို ၁၉၆၅ တွင် အပြီးအပိုင် ရပ်လိုက်သည်။ 
ရွှေတွင်းသမိုင်းကို ပြသသည့် ပြတိုက်ဥယျာ်ဉ်အဖြစ် ထားရှိသည်။ ရွှေတူးသည့် လိုဏ်ခေါင်းများကို ကြည့်ရှုလေ့လာနိုင်သည်။ 

 

Banking & Loan Read 616 times