ယခင်ဘဏ္ဍာနှစ်ကာလတူထက် ကန်ဒေါ်လာ တစ်ဘီလျံကျော် လျော့နည်းခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ဒီဇင်ဘာပထမပတ်အတွင်း ထုတ်ပြန်ခဲ့သည့် ဘဏ္ဍာရေးနှစ်သစ်ပြည်ပ ပို့ကုန်စာရင်းအချက်အလက်များအရသိရသည်။
အဆိုပါစာရင်းအရ နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၁၈ ရက်အထိ ကာလအတွင်း ပြည်ပသို့ ကုန်တင်ပို့မှုတွင်
လယ်ယာထွက်ကုန်မှ ကန်ဒေါ်လာ ၆၂၈ ဒသမ ၅၀၂ သန်း၊
တိရစ္ဆာန်ထွက်ကုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၆၄၉သန်း၊
ရေထွက်ကုန်မှ ကန်ဒေါ်လာ ၉၅ ဒသမ ၅၀၃ သန်း၊
သတ္တုတွင်းထွက်မှ ကန်ဒေါ်လာ ၁၁၂ ဒသမ ၃၄၇ သန်း၊
သစ်တောထွက်ကုန်မှ ကန်ဒေါ်လာ ၁၃ ဒသမ ၉၂၉ သန်း၊
စက်မှုကုန်ချောမှ ကန်ဒေါ်လာ ၈၂၀ ဒသမ ၃၃၂ သန်း နှင့်
အခြားတင်ပို့ကုန်မှ ကန်ဒေါ်လာ ၅၁ ဒသမ ဝ၁၁ သန်းဖြင့်
စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၇၂၃ ဒသမ ၂၇၃ သန်းထိ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါစာရင်းအချက်အလက်အရ ဒီဇင်ဘာ ၁၈ ရက်အထိ နှစ်လခန့်ကာလအတွင်း ပြည်ပသို့ ကုန်တင်ပို့မှု တွင်
လယ်ယာထွက်ကုန်မှ ကန်ဒေါ်လာ ၁၂၄၂ ဒသမ ၄၂၁ သန်း၊
တိရစ္ဆာန်ထွက်ကုန်မှ ကန်ဒေါ်လာ ၁၄ ဒသမ ၈၃၅ သန်း၊
ရေထွက်ကုန်မှ ကန်ဒေါ်လာ ၂၄၂ ဒသမ ၃၅၂ သန်း၊
သတ္တုတွင်းထွက်မှ ကန်ဒေါ်လာ ၃၁၇ ဒသမ ၄၄၁ သန်း၊
သစ်တောထွက်ကုန်မှ ကန်ဒေါ်လာ ၃၃ ဒသမ ၃၀၃ သန်း၊
စက်မှုကုန်ချောမှ ကန်ဒေါ်လာ ၁၇၁၃ ဒသမ ၅၆၁ သန်းနှင့်
အခြားတင်ပို့ကုန်မှ ကန်ဒေါ်လာ ၁၂၂ ဒသမ ဝ၃၀ သန်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပသို့ ကုန်တင်ပို့မှုတွင်
လယ်ယာထွက်ကုန်မှ ကန်ဒေါ်လာ ၃၇၂၅ ဒသမ ၄၃၃ သန်း၊
တိရစ္ဆာန်ထွက်ကုန်မှ ကန်ဒေါ်လာ ၁၀၇ ဒသမ ၇၄၀ သန်း၊
ရေထွက်ကုန် မှ ကန်ဒေါ်လာ ၈၅၈ ဒသမ ၈၆၉ သန်း၊
သတ္တုတွင်းထွက်မှ ကန်ဒေါ်လာ ၁၈၇၀ ဒသမ ၉၄၄ သန်း၊
သစ်တော ထွက်ကုန်မှ ကန်ဒေါ်လာ ၁၅၄ ဒသမ ဝ၉၈ သန်း၊
စက်မှုကုန်ချောမှ ကန်ဒေါ်လာ ၉၉၆၀ ဒသမ ၇၉၂ သန်းနှင့်
အခြားတင်ပို့ကုန်မှ ကန်ဒေါ်လာ ၉၆၅ ဒသမ ၁၅၆ သန်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။