အမေရိကန်ဒေါ်လာ သန်း ၂၇၀ နီးပါးတန်ဖိုးရှိတဲ့ ပစ္စည်းတစ်ခုကို လွှင့်ပစ်မိမယ်ဆိုရင်…


20 January, 2021

လက်ထဲရှိနေတဲ့ သာမန်ပစ္စည်းတစ်ခုဟာ ကိုယ့်လက်ထဲမရှိတော့ကာမှ တန်ဖိုးရှိသွားမယ်ဆိုရင်  သင်ဘာလုပ်မလဲ… ဒီမေးခွန်းနဲ့ဖြစ်ရပ်တူ ကိစ္စတစ်ခုဟာ ၂၀၁၃ ခုနှစ်က အမှတ်မထင်ဖြစ်သွားခဲ့ပါတယ်။

Wales နိုင်ငံက အသက် ၃၅ နှစ်အရွယ် IT ပညာရှင် James Howells ဟာ ၂၀၀၉ ခုနှစ်မှာ Cryptocurrency ကိုစတင်ထုတ်လုပ်ခဲ့တယ်လို့ Metro News မှာပြောကြားခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ သူ့ရဲ့ရုံးခန်းကို သန့်ရှင်းရေးလုပ်နေတုန်း မတော်တဆ လွှင့်ပစ်မိလိုက်တဲ့ Bitcoin နဲ့အတူ hard drive ဟာ နောက်ပိုင်းမှာ အမှတ်မထင် တန်ဖိုးရှိလာပါတယ်။

James Howells လွှင့်ပစ်မိလိုက်တဲ့ hard drive ဟာ လက်ရှိမှာ ဘယ်လောက်ပေါက်စျေးရှိနေလဲ...

အဲ့ဒီ hard drive ထဲမှာ bitcoin ပေါင်း ၇,၅၀၀ ရှိနေပြီး အခုလက်ရှိပေါက်စျေးအရ တွက်ကြည့်မယ်ဆိုရင် အမေရိကန်ဒေါ်လာ သန်း ၂၇၀ နီးပါးရှိပါတယ်။ Bitcoin ရဲ့ ယူနစ်ဟာ BTC ဖြစ်ပြီး မြန်မာငွေနဲ့တွက်ကြည့်ရမယ်ဆိုရင်

1 BTC ကို ကျပ် သိန်း ၄၇၀ နီးပါးရှိပါတယ်။ ဒါဆိုရင် James Howells လွှင့်ပစ်မိလိုက်တဲ့ hard drive ဟာ မြန်မာငွေ ကျပ် ၃၅၀ ဘီလီယံနီးပါးရှိတယ်ဆိုတာ တွက်ကြည့်လို့ရမှာပါ။

James Howells ဘာဆက်လုပ်မလဲ...

Bitcoin တွေပါတဲ့ သူ့ရဲ့ hard drive ကို ပြန်ရှာတွေ့မယ်လို့ ယုံကြည်ထားတဲ့အတွက် hard drive ရှိနိုင်မယ့် အမှိုက်ပုံကိုပြန်လည်တူးဖော်ခွင့်ကို ဇန်နဝါရီလ ၁၅ ရက်ကတောင်းခဲ့ပါတယ်။ တကယ်လို့ တူးဖော်ခွင့်သာ ပေးမယ်ဆိုရင် bitcoin တွေရဲ့  ၂၅ ရာခိုင်နှုန်း( ၄ပုံ ၁ပုံ) ကို Newport မြို့တော်ကောင်စီကို လှူဒါန်းဖို့ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၈ နှစ်က လွှင့်ပစ်ခဲ့တာဖြစ်တဲ့အတွက် ပြန်တူးဖော်မယ်ဆိုရင် သဘာ၀ပတ်ဝန်းကျင်ကို သက်ရောက်မှုတွေရှိနေတာကြောင့် Newport မြို့တော်ကောင်စီက James Howells ရဲ့တောင်းဆိုမှုကို‌ ငြင်းဆိုခဲ့ပါတယ်။

James Howells ရှာနေတဲ့ hard drive ထဲက Bitcoin ဆိုတာ...

Bitcoin ဟာ ဒီဂျစ်တယ်ငွေကြေးအမျိုးအစား ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်က စတင်ပေါ်ပေါက်လာတာဖြစ်ပြီး သူ့မှာ ဘဏ်တွေလို နောက်ကွယ်က ဗဟိုထိန်းချုပ်မှု စနစ်မရှိပါဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ bitcoin အသုံးပြုသူတွေသာ bitcoin ကိုထိန်းချုပ်တဲ့သူတွေဖြစ်ပါတယ်။ ဘယ်သူမဆို bitcoin software ကို တိုးတက်လာအောင်ပြုလုပ်လို့ရပါတယ်။

Bitcoin ကို အသုံးပြုချင်တယ်ဆိုရင်တော့ bitcoin wallet ဆိုတဲ့ software တစ်ခု ရှိဖို့လိုအပ်ပါမယ်။ ဒီ bitcoin wallet မှာ bitcoin သိမ်းဆည်းတာတွေ၊ လဲလှယ်တာတွေ၊ အသုံးပြုတာတွေကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုငွေလွှဲပြောင်းတာကို blockchain လို့ခေါ်တဲ့ ကွန်ပျူတာစနစ်တွေက အတည်ပြုပေးပါတယ်။

Bitcoin ကို ဘယ်ကနေရမှာလဲ...

Bitcoin Mining လုပ်ခြင်းဖြင့် ရရှိနိုင်ပါတယ်။ Mining ဆိုတာဟာ bitcoin အတွက်သုံးတဲ့ အခေါ်အဝေါ်တစ်ခုဖြစ်ပါတယ်။ Miner တွေဟာ အင်မတန်ခက်ခဲတဲ့ puzzle တွေကို ဖြေဆိုရတာဖြစ်ပြီး အင်မတန်စွမ်းရည်မြင့်မားတဲ့ ကွန်ပျူတာတွေကို ကာလရှည်ကြာ စဉ်ဆက်မပြတ် သုံးစွဲပြီး လုပ်ကိုင်ရတာမို့ စရိတ်စကအလွန်ကြီးမားပါတယ်။ သာမန်လူတွေအနေနဲ့ လက်လှမ်းမမီတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒါကြောင့် bitcoin mining ကို အပတ်တကုတ်လုပ်ပြီးမှ ရလာတဲ့ ဆုလာဒ်လို့ ခေါ်ကြပါတယ်။

ဒီတော့ သာမန်လူတွေအနေနဲ့ Bitcoin ရရှိနိုင်မယ့် နည်းလမ်းတချို့ရှိပါတယ်။ အဲ့ဒါတွေကတော့ သုံးတဲ့သူတွေဆီကတစ်ဆင့် ဝယ်ယူလို့ရသလို အွန်လိုင်းကနေလည်း ဝယ်လို့ရပါတယ်။ Bitcoin အလကားရနိုင်တဲ့ နည်းကတော့ ၄ နည်းရှိပါတယ်။ မိုဘိုင်းလ် ဒါမှမဟုတ် အွန်လိုင်းဂိမ်းဆော့ရင် bitcoin ရနိုင်ပါတယ်။ နောက်တစ်နည်းကတော့ website တွေမှာ survey ဖြည့်တာပါ။ တချို့ကုမ္ပဏီတွေက သူတို့ရဲ့ survey ကိုဖြေပေးတာပဲဖြစ်ဖြစ်၊ post တစ်ခုကို ဝေမျှပေးတာပဲဖြစ်ဖြစ် bitcoin ပေးပါတယ်။

ဒါ့အပြင် ဂန္တဝင်စာအုပ်တွေကို ဖတ်ရင်လည်း bitcoin ရနိုင်ပါတယ်။ PaidBooks လို website မှာဆိုရင် Price & Prejudice လို၊ War of the Worlds ဂန္တဝင်စာအုပ်တွေဝင်ဖတ်မယ်ဆိုရင် ဝန်ဆောင်မှုအနေနဲ့ bitcoin ပေးပါတယ်။ Bitcoin ရနိုင်တဲ့ နောက်ဆုံးနည်းကတော့ Cryptocurrency အကြောင်းရေးတာပါ။ Cryptocurrency ဟာလည်း ဒီဂျစ်တယ်ငွေကြေးတစ်မျိုးပါပဲ။ ဒီလိုအကြောင်းအရာတွေနဲ့ပတ်သက်ပြီး သုံးစွဲသူပိုများလာအောင် blog တွေ သတင်းထုတ်ပြန်ချက်တွေ ရေးပေးရင်လည်း bitcoin ကို ရနိုင်ပါတယ်။ ဒီလိုနည်းတွေနဲ့ bitcoin တွေကို စုဆောင်းနိုင်ပါတယ်။

အပေါ်မှာ တင်ပြခဲ့တဲ့ အကြောင်းအရာနဲ့ ဆက်စပ်ပြောရမယ်ဆိုရင် James Howells ဟာ bitcoin ကိုစတင်စုဆောင်းခဲ့တဲ့အချိန်မှာ 1BTC လျှင် အမေရိကန် ဒေါ်လာ ၀.၀၈ ဝန်းကျင်သာ ပေါက်စျေးရှိခဲ့ပြီး ယခုအချိန်တွင် 1 BTC ကို အမေရိကန်ဒေါ်လာ ၃၅၀၀ ခန့်ရှိပြီး မြန်မာငွေကျပ် သိန်း ၄၇၀ နီးပါးရှိပါတယ်။ ဒီလိုအမှတ်မထင် လွှင့်ပစ်မိတဲ့ Hard drive တစ်ခုက အခုချိန်မှာ တန်ဖိုးမြင့်တက်လာတာဖြစ်တဲ့အတွက် James Howells နေရာမှာ သင်သာဆိုရင် သူ့လိုပဲ အမှိုက်ပုံကို တူးခွင့်တောင်းပြီး ပြန်ရှာမှာလား...

Global News Read 363 times