တရုတ်-မြန်မာ နယ်စပ်စီးပွားရေးဆောင်ရွက်မှုဇုန်များကို ဆောင်ရွက်ရန် သဘောတူထား


28 August, 2018

ရှမ်းပြည်နယ်အပါအဝင် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ကုန်သွယ်မှုနယ်မြေများတွင် OBOR (One Belt One Road) အစီအစဉ်အောက်ရှိမြန်မာ-တရုတ် စီးပွားရေးစင်္ကြံအောက်တွင် နှစ်နိုင်ငံ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များကို ဆောင်ရွက်ရန် နှစ်နိုင်ငံသဘောတူထားသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောကြားသည်။

နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်များကြောင့် ဒေသတွင်း ကုန်ထုတ်လုပ်မှု တိုးတက်လာမည်ဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှု မြင့်မားလာမည်ဖြစ်သည်။

ထို့ကြောင့် နှစ်နိုင်ငံ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကိစ္စများကို ဒေသ၏ စီးပွားရေး ဖွံ့ဖြိုးတိုက်တက်မှုအတွက် နိုင်ငံတော်၏ လမ်းညွှန်ချက်နှင့်အညီ စနစ်တကျ စီမံဆောင်ရွက်နေကြောင်း ဒေါက်တာသန်းမြင့်က ပြောကြားသည်။

ရှမ်းပြည်နယ်အတွင်း မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်သည် နယ်စပ်ကုန်သွယ်မှုတွင် အများဆုံး ကုန်သွယ်မှုဇုန်ဖြစ်သည့်အပြင် မြန်မာ-တရုတ် ကုန်သွယ်မှုတွင် အရေးကြီးဆုံးနေရာဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှု၊ နှစ်နိုင်ငံ ပြည်သူများ အကျိုးဖြစ်ထွန်းမှုအတွက် အခြေအနေကောင်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကာ လယ်ယာထွက်ကုန်များအား အဆင့်မြှင့်တင် ပြုပြင်ထုတ်လုပ်ခြင်း အပါအဝင် ပို့ကုန်တင်ပို့မှုကို အထောက်အကူပြုလာနိုင်မည်ဖြစ်ကြောင်း ဒေါက်တာ သန်းမြင့်က ဆိုသည်။

Source: eleven media

Investment/Divestment Read 529 times