ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းအတွက် နယ်စပ်ကိုတဖြည်းဖြည်း ပြန်လည်ဖွင့်လှစ်


21 August, 2020

ထိုင်းနိုင်ငံသည် ခရီးသွားလုပ်ငန်းအတွက် နယ်စပ်ကို တဖြည်းဖြည်းဖွင့်လှစ်လိုက်သည်နှင့်အမျှ ခရီးသွားများ လိုက်နာရမည့် တိကျသောလမ်းညွှန်ချက်များကို ပြဌာန်းထားသည်။ Covid-19 ကူးစက်ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်း ထိုင်းနိုင်ငံတွင် တင်းကျပ်သော နယ်နိမိတ်ပိတ်ပင်ကန့်သတ်ချက်များ ရှိသည်။

ထိုင်းနိုင်ငံသည် ၎င်း၏နယ်နိမိတ်ကို သတိကြီးစွာထား၍ နိုင်ငံသားများနှင့် ကမ္ဘာလှည့်ခရီးသည်များနှင့်အတွက် ကြိုတင်ကာကွယ်မှုများပြုလုပ်ထားသည်။ ထိုင်းနိုင်ငံသည် ရောဂါဖြစ်ပွားမှုအနည်းဆုံးသောနေရာတစ်ခုဖြစ်ပြီး ၉၁.၇% ကျော်သော လူနာများ ပြန်လည်ကောင်းမွန်ခဲ့သည်။

Covid-19 ကူးစက်ရောဂါသည် ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို ထိခိုက်စေသော်လည်း အာရှတွင် အသင့်ဖြစ်ရန် အပြင်ဆင်ထားဆုံးနိုင်ငံများအနက်မှ တစ်ခုဖြစ်သည်။ ၎င်းသည် ခိုင်မာသည့်ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အသုံးပြု၍ ကပ်ရောဂါကို ကုသခဲ့သည်။ ထိုင်းနိုင်ငံက ၎င်း၏ပြန်လည်ဖွင့်လှစ်ရေး အစီအစဉ်ကို ချမှတ်ခဲ့သည်။

 

အစီအစဉ်တွင် အဆင့် ၃ ဆင့် ပါဝင်သည်။

• ပထမအဆင့်သည် အခြေခံအားဖြင့် ရေတိုနှင့်ရေရှည်လိုအပ်သူများဖြစ်သော ကျွမ်းကျင်လုပ်သားများ၊ ထိုင်းမိသားစု၀င်များ၊ ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးအလုပ်ကိစ္စ ခရီးသွားများအတွက် ဖြစ်သည်။

• ဒုတိယအဆင့်သည် ဆေးဘက်ဆိုင်ရာခရီးသွားများအတွက် ဖြစ်သည်။ ထိုင်းနိုင်ငံသည် နှစ်စဉ်ဆေးဝါးကုသသူခရီးသွား ၂.၅ သန်းကျော် လက်ခံရရှိသည်။

• အဆင့်သုံးဆင့်သည် အထွေထွေခရီးသွားများအတွက် ဖြစ်သည်။ ဆေးဘက်ဆိုင်ရာခရီးသွားလုပ်ငန်းသည် အထွေထွေခရီးသွားလုပ်ငန်းမတိုင်မီ ရက် ၃၀ အလိုတွင် စတင်မည်။

နိုင်ငံခြားသား အမျိုးအစားလေးမျိုးကို နိုင်ငံထဲ ၀ င်ခွင့်ပြုမည်ဟု အစိုးရက ကြေညာခဲ့သည်။

၄င်းတို့သည် ၁၄ ရက်ကြာ quarantine နှင့် ရောက်ရှိချိန်တွင် စမ်းသပ်မှုများ ခံယူရန် လိုအပ်သည်။

 

နိုင်ငံခြားသား အမျိုးအစားလေးမျိုးတွင် -

• ထိုင်းနိုင်ငံရှိ ကုန်စည်ပြပွဲများတွင် ပါဝင်သူများ

• ထိုင်းနိုင်ငံတွင် ရိုက်ကူးနေသည့် နိုင်ငံခြားရုပ်ရှင်အဖွဲ့များ

• အစားအစာလုပ်ငန်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ကမ္ဘောဒီးယား၊ လာအိုနှင့်မြန်မာနိုင်ငံတို့မှ နိုင်ငံခြားသားများ

• ကျန်းမာရေး သို့မဟုတ် ကျန်းမာရေးဝန်ဆောင်မှုများအတွက် လာရောက်သည့် နိုင်ငံခြားသားများ ပါဝင်သည်။

 

ထိုင်းနိုင်ငံသို့ ၀င်ရောက်ရန် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကိုလည်း ထုတ်ပြန်ကြေညာထားသည်။

• ခရီးသွားများနှင့် နိုင်ငံခြားသားများသည် COVID-19 အကျုံးဝင်သည့် ကျန်းမာရေးအာမခံနှင့်အတူ ရောက်လာရမည်

• မထွက်ခွာမီ ကြိုတင်စစ်ဆေးထားသော ကျန်းမာရေးဆေးစစ်ချက် ကြေညာကတ်ပြား ပါလာရမည်

• လေယာဉ်ကွင် းနှင့် လေဆိပ်တွင် မတ်စ်ကို မတဝ်မနေရ တဝ်ဆင်ထားရမည်

• ဆိုက်ရောက်သည့်အခါ အပူချိန် စကင်ဖတ်ခြင်းနှင့် ကိုယ်အပူချိန်စစ်ဆေးမှုကို ခံယူရမည်

အလည်အပတ် ခရီးသွားများ မည်သည့်နေရာများသို့သာ သွားနိုင်မည်ဆိုသည်ကိုလည်း အခါအားလျော်စွာ ပြဌာန်းပေးထားမည်ဟု သိရသည်။

By Myanmar Industry Guide

Global News Read 548 times