လက်ရှိဘဏ္ဍာနှစ် ခြောက်လနီးပါးတွင် နယ်စပ် ကုန်သွယ်မှုမှ ဒေါ်လာ ၄ ဒသမ ၈ ဘီလျံကျော် ရရှိ


11 April, 2019

လက်ရှိဘဏ္ဍာရေးနှစ် ခြောက်လနီးပါးတွင် နယ်စပ်ကုန်သွယ်မှုမှ ဒေါ်လာ ၄ ဒသမ ၈ ဘီလျံကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်းပေါင်း ၁၉၀ ကျော် ပိုမိုရရှိထားသော်လည်း မူဆယ်နယ်စပ် ကုန်သွယ်မှု ဒေါ်လာသန်း ၇၆၀ ကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုန်ပြန်ထားတဲ့ စာရင်းများအရ သိရပါတယ်။

၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ် အောက်တိုဘာ ၁ ရက်မှ ၂၉ ရက်အထိ နယ်စပ် ကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၄ ဒသမ ၈၃၅ ဘီလျံရရှိထားပြီး ယခင်နှစ်ကာတူတွင်မူ ဒေါ်လာ ၄ ဒသမ ၆၄၄ ဘီလျံသာ ရရှိထားတဲ့အတွက် ယခုဘဏ္ဍာနှစ် ခြောက်လခန့်တွင် နယ်စပ်ကုန်သွယ်မှု ပမာဏသည် ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၁၉၀ ကျော် ပိုမိုရရှိခဲ့ပါတယ်။

၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ် ခြောက်လနီးပါးတွင် မြန်မာ - တရုတ်နယ်စပ် မူဆယ်ကုန်သွယ်ရေး စခန်း၏ ကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၂ ဒသမ ၄၃၇ ဘီလျံရရှိထားပြီး ယခင်နှစ်ကာလတူတွင် ဒေါ်လာ ၃ ဒသမ ၂၂၇ သန်းအထိ လျော့ကျခဲ့ပါတယ်။

ယင်းကဲ့သို့ လောျ့ကျခဲ့ခြင်းမှာ အဓိက ပို့ကုန် ၊ သွင်းကုန် လောျ့ကျခြင်းကြောင့်ဖြစ်ပြီး လက်ရှိ ဘဏ္ဍာနှစ် ခြောက်လနီးပါးတွင် မူဆယ်နယ်စပ်မှ တင်ပို့ထားသည့် ပို့ကုန်ပမာဏသည် ဒေါ်လာ ၁ ဒသမ ၅၇၃ ဘီလျံကျော် ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၈၀၀ ကျော် လျော့ကျခဲ့ပါတယ်။

မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေး စခန်းများမှာ မူဆယ်၊ လွယ်ကျယ် ၊ချင်းရွှေဟော်၊ ကန်ပိုက်တီး ၊ကျိုင်းတုံ ၊တာချီလိတ် ၊မြဝတီ ၊ကော့သောင်း ၊မြိတ် ၊နဘုလယ် / ထီးခီး ၊မောတောင် ၊မယ်စဲ့ ၊စစ်တွေ ၊မောင်တော ၊တမူး ၊ရိဒ် နှင့် ထန်ကာလ ဖြစ်ပါတယ်။

Daily Eleven

Export, Import Read 529 times