ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ယခုအခါပွင့်လင်းရာသီရောက်လာပြီဖြစ်၍ စက်အုတ်များအရောင်းအဝယ်ဖြစ်ကာ စက်အုတ်လုပ်ငန်းရှင်များ အဆင်ပြေလျက်ရှိကြောင်း သိရပါသည်။
တောင်ကြီးမြို့သည် ယခင်က ကွန်ဒိုတိုက်ခန်းများမှာ အစိုးရဌာနဆိုင်ရာရုံးအဆောက်အအုံ၊ ဟိုတယ်၊ မိုတယ်များသာတည်ဆောက်ကြပြီး လူနေအိမ်အများစုမှာ နံကပ် တစ်ထပ်၊ နှစ်ထပ်၊ သုံးထပ် စသည်တို့သာတည်ဆောက်ကြရာ ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် မြို့ပြဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ လူနေအိမ်အများစုမှာ နံကပ်မှတစ်ဆင့် RC အဆောက်အအုံများကို ပြန်လည်တည်ဆောက်လာသည့်အတွက် စက်အုတ်ကို ပိုမိုကြိုက်နှစ်သက်ကာ ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အမျှ စက်အုတ်လုပ်ငန်းလုပ်ကိုင်သူများ အရောင်းအဝယ်ကောင်း၍ အဆင်ပြေလာကြောင်း သိရပါသည်။
လက်အုတ်လုပ်ငန်းလုပ်ကိုင်တာ ၁၀ ကျော်ကာလရှိပြီဖြစ်သောသူတစ်ဦးက အများစုကတော့နံကပ်တွေပဲဆောက်ကြပြီး နောက်ပိုင်းကာလများတွင် လက်အုတ်ထက် စက်အုတ်ကိုပိုမိုကြိုက်နှစ်သက်လာသောကြောင့် စက်အုတ်ပြောင်းရိုက်တာ တစ်ကျော်ကာလရှိပြီးဖြစ်ကြောင်း စက်အုတ်များသည် တိကျမှုရှိသောကြောင့် အင်ဂျင်နီယာများကလည်းကြိုက်ကြပြီး အရောင်းအဝယ်ကာလလည်းဖြစ်သောကြောင့် အရောင်းအဝယ်အဆင်ပြေကြောင်း သိရပါသည်။
အဆိုပါ စက်အုတ်တစ်လုံးကို အုတ်ပြုလုပ်ရာသို့လာရောက်ဝယ်ယူလျှင် ငွေကျပ် ၁၂၀၊ နေရာအရောက် လိုက်လံ့ပို့ဆောင်ရမည်ဆိုပါက အနီးအဝေးပေါ်မူတည်၍ တစ်လုံးလျှင် ငွေကျပ် ၁၃၀ မှ ၁၄၀ ဝန်းကျင်အထိရှိကြောင်း သိရပါသည်။
Source: Myawady