မြဝတီနယ်စပ် ချစ်ကြည်ရေးတံတား အမှတ်(၁) ခေတ္တပိတ်မည်


17 March, 2019

မတ်လ ၁၉ ရက်တွင် မြဝတီ မြို့ ချစ်ကြည်ရေးတံတား အမှတ်(၂) ဖွင့်လှစ်မည်ဖြစ်၍ မော်တော်ယာဉ်နှင့် အခြားကုန်ပစ္စည်းများ ကမ်းကူးခွင့်ကို မတ်လ ၁၈ ရက်နှင့် ၁၉ ရက် ၂ ရက် ပိတ်ထားမည်ဟု သိရသည်။

မြန်မာ - ထိုင်းနှစ်နိုင်ငံ  ကုန်စည်စီးဆင်းမှု လွယ်ကူစေရေးမြဝတီ - မဲဆောက်အမှတ် (၂) ချစ်ကြည်ရေးတံတားကို နိုင်ငံတော်၏  အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်း နိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန် အိုချာတို့မတ်လ ၁၉ ရက်တွင် တက်ရောက် ဖွင့်လှစ်မည်ဖြစ်သည်။

၁၉၉၇ သြဂုတ် ၁၅ ရက်တွင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိသုံးစွဲလျက် ရှိသည့် မဝတီ - မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားကို ၁၉ ရက်နေ့တွင် လုံခြုံရေးအရ ကုန်ကားများ ဖြတ်သန်းခွင့်အားခတ္တ ပိတ်ထားမည် ဖြစ်ရာ တံတားဖွင့်လှစ်ပွဲပြီးပါက ချစ်ကြည်ရေး တံတားမှတင်သွင်းလာသော ကုန်ပစ္စည်များအား ပုံမှန်အတိုင်း လုပ်ငန်းဆောင်ရွက်ပေးမည်

ထိုင်းမြန်မာနယ်စပ်မှာ ကုန်သွယ်ရေးလမ်းကြောင်းများကို  ပိုမိုပြီးအထောက်အကူဖြစ်စေရန် အတွက် မဲဆောက်မြဝတီချစ်ကြည်ရေးအမှတ် (၂) တံတားကို ထိုင်းနိုင်ငံဘက်က ၂၀၁၅ ခုနှစ် သြဂုတ်လကစပြီး စတင်တည်ဆောက်ပေးခဲ့သည်။ 

မြဝတီ - မဲဆောက်အမှတ် (၂) ချစ်ကြည်ရေးတံတားကို ကုန် စည်ပို့ဆောင်ရန် သီးသန့်တည် ဆောက်ခြင်းဖြစ်ပြီး ကုန်စည် ပို့ဆောင်မည့် ယာဉ်များသာဖြတ် သန်းခွင့်ပြုမည်ဖြစ်သည်ဟု သိရသည်။ 

တန်ဖိုးအားဖြင့် ထိုင်းဘတ်ငွေသန်းချီပြီး ကုန်သွယ်မှုလုပ်ကိုင်နေသော တန်အလေးချိန်များသည့် ကုန်ပစ္စည်းများကို သယ်ဆောင်လာသည့် ကုန်တင်ယာဉ်များ တံတားအသစ်ဖြင့် ဖြတ်သန်းသွားလာကြမည် ဖြစ်သည်။ 
 

Local News Read 549 times