တရုတ်နိုင်ငံသို့ ကျွဲ ၊ နွားများ တရားဝင်တင်ပို့ရောင်းချနိုင်ရန်အတွက် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိခဲ့ရပါတယ်။
လက်ရှိတွင် MoU လက်မှတ်ရေးထိုးနိုင်ရန်အတွက် နှစ်နိုင်ငံဆွေးနွေးညှိနှိုင်းလျက်ရှိပြီး ညှိနှိုင်းပြီးပါက အမြန်ဆုံးလက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း က ပြောကြားသည်။“သူတို့လိုလားချက်တွေ၊ ကျွန်တော်တို့ လိုလားချက်တွေကို ညှိနေတယ်။ MoU ထိုးလိုက်မှ ခိုင်ခိုင်မာမာနဲ့ ဖြစ်မှာပါ။သူတို့ဘက်မှာ တရားမဝင်တော့ မဝယ်ချင်ဘူးဆိုမဝယ်ဘူး။ ဖမ်းတာတွေလည်းရှိတော့ အမြန်ဆုံးထိုးနိုင်ဖို့ လုပ်နေတယ်” ဟု ၎င်းကပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံဘက်မှ ကျွဲ ၊ နွားများကို တရားဝင်အဖြစ် သတ်မှတ်တင်ပို့နေသော်လည်း တရုတ်နိုင်ငံဘက်တွင် တရားမဝင်ကုန်သွယ်မှုအဖြစ် သတ်မှတ်ထားခြင်းဖြစ်ပြီး တရားဝင်တင်ပို့ခွင့်ရရှိရေးအတွက် MoU ရေးထိုးရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ယင်းဦးစီးဌာနထံမှ သိခဲ့ရပါတယ်။ကျွဲ ၊ နွားကုန်သည်များအနေ နှင့် ကျွဲ၊ နွားများကို တရားမဝင်တင်ပို့နေရသောကြောင့် တရုတ်ကုန်သည်များ၏ ဈေးနှိမ်ဝယ်ယူခြင်း၊ ရံဖန်ရံခါဝယ်ယူရန် ရပ်ဆိုင်းထားပြီး ပုံမှန်မဝယ်ယူခြင်း စသည့်အခက်အခဲများနှင့် ကြုံတွေ့နေရခြင်းဖြစ်ပါတယ်။
ကျွဲ ၊ နွားများ တရားဝင်တင်ပို့နိုင်ရန်အတွက် နှစ်နိုင်ငံ MoU လက်မှတ်ရေးထိုးပြီးပါက တရုတ်နိုင်ငံမှ ကျွ ဲ၊ နွားများကိုပုံမှန်ဝယ်ယူခြင်း၊ နှစ်စဉ်ဝယ်ယူမည့် ကျွ ဲ၊ နွားအကောင်ရေများကို သတ်မှတ်ထုတ်ပြန်ခြင်း စသည့်ချက်များ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိခဲ့ရခြင်း ဖြစ်ပါတယ်။
The Voice