ရေနှင့်ပတ်သက်သောအချက်အလက်များစုဆောင်းနိုင်မည့်ဘဏ်တစ်ခုတည်ဆောက်နေ


30 April, 2018

ရေနှင့်ပတ်သက်သောကိစ္စရပ်များ အောင်မြင်စွာဆောင်ရွက်နိုင်ရန် ရေနှင့်ပတ်သက်သောအချက်အလက်များ စုဆောင်းနိုင်မည့် ဘဏ်တစ်ခုကို ရန်ကုန်မြို့၌ တည်ဆောက်နေပြီး ၂၀၂၀ ပြည့်နှစ်တွင် ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရေစီမံခန့်ခွဲမှုကော်မတီ၏ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။

ဧရာဝတီမြစ်ဝှမ်းဖွံ့ဖြိုးရေး စီမံကိန်း ရေအရင်းအမြစ်နှင့် ဘတ်စုံစီမံခန့်ခွဲမှုစင်တာမှ ရေနှင့်ပတ်သက်သော အချက်အလက်များ စုဆေင်းနိုင်မည့် ဘဏ်တစ်ခု ဖွင့်လှစ်မည်ဖြစ်ကြောကက်း၊ ရန်ကုန်တွက် ဘဏ်အများအပြားရှိသော်လည်း ယခုကဲ့သို့သော ရေအရင်းအမြစ်နှင့် ဘက်စုံစီမံခန့်ခွဲမှုစင်တာများ မရှိသေးသောကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ချက်ချပြီး သိပ္ပံနည်းကျအချက်အလက်များ၊ ရေနှင့်ပတ်သက်သောအရာများ သီးသန့်ဖြစ်စေရန် ဘဏ်တစ်ခုတည်ထောင်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

လက်ရှိတွင် ဧရာဝတီမြစ်ဝှမ်း၌ ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာအချက်အလက်များကို ထည့်သွင်းထားနိုင်ပြီးဖြစ်ကြောင်း သိရပါသည်။

ဧရာဝတီမြစ်ဝှမ်းရှိ လက်ရှိအခြေအနေကို ဆန်းစစ်လေံလာခြင်းအစီရင်ခံစာနှင့်ပတ်သက်ပြီး ဂျာမနီအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ နည်းပညာရှင်များ၊ ပြည်ပနိုင်ငံများမှ ပညာရှင်များက အချက်အလက်များ ထပ်မံဖြည့်စွတ်ထားသော်လည်း အချက်အလက်များ ထပ်မံထည့်သွင်းခြင်းများလည်း ရှိလာနိုင်ကြောင်း သိရပါသည်။

ဘဏ်ဆိုပေမဲ့ တခြားသောဘဏ်များကဲ့သို့ ငွေအများကြီး သွားထုတ်တာမဟုတ်ကြောင်း၊ ရလဒ်စင်တာများနှင့် တူညီကြောင်း၊ ထိုအထဲတွင် အင်ဂျင်နီယာများ၊ ဘဏ်ကို ထောက်ပံ့ပေးသူများနှင့် လူငယ်ပညာရှင်များ ပါဝင်မည်ဖြစ်ပြီး ၎င်းဘဏ်သည် ရေနှင့်ပတ်သက်သော အချက်အလက်များ ထည့်ထားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။

အဆိုပါဘဏ်ကို ရန်ကုန်မြို့ရှိ အမျိုးသားအရင်းအမြစ် ကော်မတီဌာနချုပ်၌ ထားရှိမည်ဖြစ်ပြီး လက်ရှိတွင် တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ ယာယီရုံးတွင် ခေတ္တထားရှိမည်ဖြစ်ကြောင်း သိရပါသည်။

အဆိုပါရုံးချုပ်ကို လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ ပြည်ထောင်စုလမ်းမကြီး၌ ဗိသုကာအဆောက်အအုံ ဒီဇိုင်းပညာရှင်များက ခြောက်ထပ် အဆောက်အအုံဒီဇိုင်းရေးဆွဲကာ တည်ဆောက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်တွင် အဆောက်အအုံပိုင်း ပြီးစီးမည်ဖြစ်ကြောင်း သိရပါသည်။

Source: Myawaddy

Local News Read 482 times