အဆောက်အအုံ မီးအာမခံ၊ မော်တော်ယာဉ်အလုံးစုံအာမခံထားသူ များပြားလာ


10 December, 2018

မော်တော်ယာဉ်များ မတော်တဆထိ ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေးပြန်လည်ရရှိနိုင်တဲ့ အာမခံအမျိုး အစားဖြစ်တယ်။အဆောက်အအုံတွေအတွက် မီးအာမခံထားသူတွေနဲ့ မော်တော်ယာဉ်တွေအတွက် အလုံးစုံအာမခံထားသူတွေ သည်နှစ်အတွင်း များပြားလာတယ်လို့ သိရပါတယ်။နေအိမ်၊ အလုပ်ရုံ၊ စက်ရုံ စတဲ့ အ ဆောက်အအုံတွေအတွက် မီးအာမခံနဲ့ လုပ်ငန်းသုံးယာဉ်၊ ကိုယ်ပိုင်ယာဉ်တွေအတွက် အလုံးစုံ မော်တော်ယာဉ် အာမခံထားလာကြတာ ဖြစ်ပါတယ်။မြန်မာ့အာမခံလုပ်ငန်းမှာ အာမခံထား နိုင်တဲ့ အမျိုးအစား ၄၀ ကျော်ရှိပြီး ပုဂ္ဂလိကလုပ်ငန်းတွေအနေနဲ့တော့ ၁၈ မျိုးရှိတယ်လို့ First National Insurance (FNI) ရုံး ခွဲများ ကြီးကြပ်ရေးဌာနမှူး အထွေထွေမန် နေဂျာ ဦးအောင်မိုးသူက ပြောပါတယ်။

အလုံးစုံ မော်တော်ယာဉ်အာမခံ

*********************

မော်တော်ယာဉ်များ မတော်တဆထိ ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် လျော် ကြေး ပြန်လည်ရရှိနိုင်တဲ့ အာမခံ အမျိုး အစားဖြစ်တယ်။“အာမခံထားမယ့်ယာဉ်ရဲ့ ကာလ ပေါက် ဈေးအတိုင်း လက်ခံပါတယ်၊ ယာဉ် ပိုင်ရှင် (သို့မဟုတ်) ယာဉ်ကို တာဝန်ကြီး ကြပ်သူကသာ အာမခံထားခွင့်ရှိပါတယ်၊ အာမခံ သက်တမ်းမှာ အနည်းဆုံးသုံးလမှ အများဆုံး တစ်နှစ်ဖြစ်ပါတယ်၊ ပရီမီယံ နှုန်းကို လဲ ယာဉ်တန်ဖိုး၊ အမျိုးအစား၊ အ သုံးပြု ပုံနဲ့ အင်ဂျင်ပါဝါပေါ်မူတည်ပြီး ကောက်ခံ ပါတယ် ၊ ကနဦးအနေနဲ့ အာမခံ ထားမှုက ကိုယ်ပိုင်သုံးယာဉ်ကို အာမ ခံထားမယ်ဆို ရင် သိန်း ၁ဝဝ တန်ကား ဆိုရင် တစ်နှစ်ကို ကျပ် ၈၀,ဝဝဝ ကနေ ကျပ် ၁၂၀,ဝဝဝ ကြား ပရီမီယံနှုန်း ကြေး သွင်းရပါတယ်၊ လုပ်ငန်း သုံးယာဉ် ဆိုရင်တော့ ကျပ် ၁ဝဝ,ဝဝဝ က နေ ကျပ် ၁၈၀,ဝဝဝ ကြား ကျသင့်မှာဖြစ်ပါ တယ်”လို့ ဦးအောင်မိုးသူက ပြောကြားခဲ့ပါတယ်။

ပြုပြင်လို့ မရနိုင်အောင် ပျက်စီးသွားသော မော်တော်ယာဉ်အတွက် ကန့်သတ် ထားတဲ့ တန်ဖိုးအတွင်း ယာဉ်တန်ဖိုးအ တိုင်း ပေးလျော်ပြီး တစ်စိတ်တစ်ဒေသ ပျက်စီးသွားတဲ့ ယာဉ်အတွက် အစိတ်အ ပိုင်းအလိုက် ပြုပြင်လဲလှယ်တပ်ဆင်ပေး ပြီး လျော်ကြေးပေးပါတယ်။ အာမခံထား တဲ့ သက်တမ်းတစ်နှစ်အတွင်း လျော် ကြေးတောင်းခံခြင်းမရှိပါက သက်တမ်း တိုးတဲ့အခါ ကိုယ်ပိုင်ယာဉ်အတွက် အာမ ခံသက်တမ်း ဒုတိယနှစ်မှာ ၂၅ ရာခိုင်နှုန်း၊ တတိယနှစ်အတွက် ၃၀ ရာခိုင်နှုန်း၊ စတုတ္ထ နှစ်အတွက် ၄၀ ရာခိုင်နှုန်းနဲ့ အငှားယာဉ်၊ မော်တော်ဆိုင်ကယ်အတွက် ဒုတိယနှစ် ၁၅ ရာခိုင်နှုန်းမှစပြီး ငါးရာခိုင်နှုန်းစီတိုး၍ လျော်ကြေးမဲ့ဆအဖြစ် ကားအာမခံ ပရီမီ ယံပေါ်မှ လျှော့ပေးပါတယ်။

မော်တော်ယာဉ်အာမခံထားရှိရန်အ တွက် အုံနာဘုတ်ခ် (Owner book)မိတ္တူ၊ အုံနာဘုတ်ခ် မရရှိသေးပါက ကားနံပါတ် တံဆိပ်ရိုက်နှိပ်ထားတဲ့ သွင်းကုန်လိုင် စင်မိတ္တူ ဝှီးတက်စ် (Wheel Tax) မိတ္တူ တို့ လိုအပ်ပါတယ်။

မီးအာမခံ

*******

အိုးအိမ်နဲ့ပစ္စည်းများ မတော်တဆ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအ တွက် လျော်ကြေးပေးလျော်တဲ့ အာမခံအ မျိုးအစားဖြစ်ပါတယ်။အာမခံသက်တမ်းမှာ ၁၀ ရက်မှ တစ် နှစ်ဖြစ်ပြီး အဆောက်အအုံအမျိုးအစား၊ အ သုံးပြုပုံနဲ့ ပတ်ဝန်းကျင်အခြေအနေပေါ် မူ တည်၍ ပရီမီယံနှုန်း သတ်မှတ်ထားတယ် လို့ သိရပါတယ်။

“တစ်နှစ်အတွင်းမှာ ဘာဖြစ်မလဲ မသိ နိုင်တော့ အာမခံထားတာတော့ ကိုယ့်အ တွက် အထောက်အကူလေးဖြစ်တာပေါ့”လို့ အာမခံထားရှိသူတစ်ယောက်က ပြောပါတယ်။လုံးဝပျက်စီးဆုံးရှုံးမှုအတွက် အာမခံ ထားငွေကို ပေးလျော်မှာဖြစ်ပြီး တစ်စိတ် တစ်ဒေသပျက်စီးပါက ပျက်စီးတဲ့အစိတ် အပိုင်းရာခိုင်နှုန်းအပေါ် လျော်ကြေးပေး ချေမှာဖြစ်ကြောင်း သိရပါတယ်။ အာမခံ သက်တမ်း တစ်နှစ်အတွင်း လျော်ကြေး တောင်းခံခြင်းမရှိခဲ့ရင် သက်တမ်းတိုး မယ့် နှစ်မှာ လျော်ကြေးမဲ့ဆုအဖြစ် မီးအာ မခံရဲ့ ၂၅ ရာခိုင်နှုန်းကို လျှော့ပေးမှာ ဖြစ်တယ်။

မီးအာမခံထားရှိဖို့အတွက် ငှားရမ်း ထားတဲ့ အဆောက်အအုံ၊ နေအိမ်ဖြစ်ပါ က အငှားစာချုပ်မိတ္တူ၊ မီးဘေးကာကွယ် ရေးစီမံချက်နဲ့ ပရိဘောဂ၊ စက်ပစ္စည်းများ အတွက် ပစ္စည်းစာရင်း၊ အဝယ်ပြေစာများ လိုအပ်ပါတယ်။ပြည်နယ်တိုင်း၊ မြို့နယ်တိုင်းမှာ အာမ ခံထားရှိဖို့ FNI ရုံးခွဲတွေရှိပါတယ်။ FNI ရုံးချုပ်၊ ရုံးခွဲများ၊ အာမခံကိုယ်စားလှယ် များကို ဆက်သွယ်ပြီး အာမခံထားရှိနိုင်တယ်လို့ သိရပါတယ်။

The Voice

Local News Read 578 times