ရန်ကုန်မြစ်ဝမှ ပင်လယ်ဘက်သို့ မိုင်၂၀ခန့်အကွာတွင် ရေကြောင်းပြအဆောက်အဦ (Offshore Fixed Pilot Station) နှင့် GRT 1500 အရွယ် ရေယာဉ်ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတားတစ်စင်းကို တည်ဆောက်နေ ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သတင်းရရှိသည်။
ယခုတည်ဆောက်နေသော ရေကြောင်းပြအဆောက်အဦ စီမံကိန်းကုန်ကျမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၀ ဒဿမ ၉သန်း ဖြစ်ပြီး လက်ရှိအချိန်တွင် ၆၅ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် မြို့ ပြအင်ဂျင်နီယာဌာနမှ ဒုတိယမြို့ပြအင်ဂျင်နီယာချုပ် ဦးနေမျိုးညွန့် ကပြောသည်။
"၂၀.၉ ယူအက်စ်ဒေါ်လာ မီလီယံပါ။ ကျွန်တော်တို့ ဒီဟာစပြီး ဆောက်တဲ့အချိန်မှာ International Meeting လုပ်ပါတယ်။ ဈေးနှုန်း Standard ဆိုတာက သူတို့ တင်ဒါတင်ထားတဲ့ဆီမှာလည်း ကျွန်တော်တို့က နိုင်ငံတ ကာမှာ ဘယ်ဈေးနှုန်းရှိလဲ စုံစမ်းစစ်ဆေးပြီးမှ တင်ဒါလက်ခံရေး စစ်ဆေးရေးကော်မတီက လက်ခံအတည်ပြု တယ်။ နောက် ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနကို တင်ပြတယ်။ သူတို့က အားလုံးအဆင့်ဆင့် ဒီဈေး နှုန်းတွေ အတည်ပြုပြီးမှ စာချုပ်ချုပ်ဆို ဆုံးဖြတ်တာဖြစ်ပါတယ်" ဟု ဦးနေမျိုးညွန့် ကပြောသည်။
လက်ရှိအချိန်တွင် ရန်ကုန်မြစ်ဝမှ ပင်လယ်ဘက်သို့ ရေမိုင် ၂၀ခန့်အကွာတွင် ရေကြောင်းပြယာဉ် (Pilot Vessel)ကို ရေကြောင်းပြစခန်း (Pilot Station) အဖြစ် ကျောက်ချထားသည်။ ရေကြောင်းပြမှူးများက အဆိုပါ ရေယာဉ်တွင် စခန်းချပြီး ရန်ကုန်သို့ ဝင်/ထွက် ဆိုက်ကပ်သည့် သင်္ဘောများကို မောင်းနှင်ပေးရကြောင်း သိရ သည်။
ရာသီဥတုဆိုးရွားချိန်တွင် ရေကြောင်းပြရေယာဉ်သည် ဘေးကင်းလုံခြုံသောနေရာသို့ ရွေ့ပြောင်းခြင်း၊ ရေယာဉ်ပြုပြင်ထိန်းသိမ်းစရိတ်ကြီးမြင့်လာခြင်း၊ လုံခြုံစိတ်ချမှုလျော့နည်းလာခြင်းနှင့် ရေယာဉ်များ အဝင်/အ ထွက်များပြားလာပြီး ဝန်ထမ်းများ ပိုမိုလာများလာကာ ရေကြောင်းပြယာဉ်တွင် နေရာ လုံလောက်မှု မရှိခြင်း တို့ကြောင့် သံကူကွန်ကရစ် ၃ထပ် ရေကြောင်းပြအဆောက်အဦကို တည်ဆောက်ခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။
အဆိုပါ အဆောက်အဦတည်ဆောက်ရေးစီမံကိန်းကို၂၀၁၆-၂၀၁၇ခုနှစ်တွင်စတင်ဆောင်ရွက်ခဲ့ပြီး ယခု အချိန်တွင် လုပ်ငန်းတစ်ခုလုံး ၏ ၆၅ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကာ ၂၀၁၈ခုနှစ် ဒီဇင်ဘာလကုန်တွင် လုပ်ငန်းများ စတင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ရေကြောင်းပြအဆောက်အဦတည်ဆောက်ရေးအတွက်၂၀၁၅-၂၀၀၆ခုနှစ်တွင် ပြည်တွင်း/ပြည်ပ တည်ဆောက် ရေး လုပ်ငန်းရှင်များကို တင်ဒါခေါ်ယူခဲ့ပြီး ကမ်းဝေးပင်လယ်ပြင် တည်ဆောက်ရေးလုပ်ငန်း လုပ်ကိုင်သည့် China Harbour Engineering Co.,Ltd မှ တင်ဒါအောင်မြင်ကာ မြန်မာနိုင်ငံတွင် ပထမဆုံးတည်ဆောက်သည့် ရေကြောင်း ပြအဆောက်အဦဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်းမှ သတင်းရရှိသည်။
Mizzima