တရုတ်နိုင်ငံတွင် ဖရဲ သီးထွက်နေပြီဖြစ်၍ မြန်မာ့ ဖရဲသီးများကို မဝယ်သဖြင့်ဈေး ကွက် ပျောက်လုနီးပါး ဖြစ်နေ ကြောင်း စစ်ကိုင်းတိုင်း ဖရဲ၊သခွား အစုအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလွင်ကပြော ပါတယ်။
‘‘မိုးနှောင်းမှာ မိုးရွာတာ နောက်ကျတော့ ဖရဲစိုက်တာနည်း နည်းနောက်ကျသွားတယ်။ အဲဒီတော့ ဖရဲသီးထွက်တာလည်း နောက်ကျတယ်။
တရုတ်ဘက်မှာက ဖရဲထွက်ပြီဆိုတော့ဒီဘက်က မဝယ်ကြတော့ဘူး’’ ဟု ဦးစိုး လွင်ကပြောသည်။
မြန်မာဖရဲများကို နှစ်စဉ် စက်တင်ဘာမှ ဧပြီလကုန်အထိ တရုတ်သို့ တင်ပို့ရောင်းချလေ့ရှိ ပြီးယခုကဲ့သို့ အချိန်တွင်ဖရဲသီး တင်ပို့မှုမရှိတော့ကြောင်း၊
သို့ သော်ရှမ်းပြည်နယ် မြောက်ပိုင်း၌ ဖရဲစိုက်ပျိုးမှုများလာပြီး အထွက် များသဖြင့် တရုတ်သို့တင်ပို့ခြင်း ဖြစ်ကြောင်း ဖရဲ၊သခွားအစုအဖွဲ့ မှသိရသည်။
မေလဆန်းက စတင်၍ တရုတ်နိုင်ငံက ဖရဲသီးအဝယ်မရှိ ခြင်းဖြစ်ပြီးလက်ရှိတွင် ဖရဲသီး တစ်ကီလိုလျှင်နှစ်ယွမ် (ကျပ် ၄၂၀)ခန့်သာ ပေါက်ဈေးရှိ ကြောင်း၎င်းကဆိုသည်။
‘‘ဧပြီအထိ မဆိုးဘူးပြော လို့ရတယ်။ ဟိုင်နမ်ကျွန်းနဲ့ ပြည်နယ်နှစ်ခုလောက်မှာ ဖရဲသီးထွက် နေပြီဆိုတော့နယ်စပ်က ဖရဲသီး တွေမဝယ်ကြတော့ဘူး။
ရောင်းလိုအားများပြီးဝယ်လိုအားနည်းတော့ ဈေးကတော်တော်ကိုကျ တယ်’’ ဟု မြန်မာနိုင်ငံ ဖရဲ၊သခွား အစုအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ဝင်းကပြောသည်။
မူဆယ်သို့ ဖရဲသီး ၁၇တန် (အလုံးရေ၁,၂၀၀မှ၁,၃၀၀ခန့်)ပါ ဝင်သည့် ကုန်တင်ယာဉ်အစီးလေး ရာမှငါးရာအထိ နေ့စဉ်ဝင်ရောက် နေပြီးဝယ်လက်မရှိ၍
ပြည်တွင်း ဈေးကွက်များသို့ ပြန်လည်တင်ပို့ ရောင်းချနေရကြောင်း၊ ပြည်တွင်း တွင် ၁၇ တန်ပါဝင်သည့် ဖရဲကုန် တင်ယာဉ် တစ်စီးလျှင် ကျပ် ခုနစ် သိန်းခန့် ေ
ပါက်ဈေးရှိကြောင်း ၎င်းကဆိုသည်။
မြန်မာနိုင်ငံတွင် ဖရဲသီးကို ချင်းပြည်နယ်နှင့် ကယားပြည် နယ်မှလွဲ၍ ကျန်တိုင်းနှင့် ပြည် နယ်များတွင် စိုက်ပျိုးပြီး ပဲခူး၊ မန္တလေး၊
စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တွင် အဓိက စိုက်ပျိုးသည်။
မြေအမျိုးအစား ကိုက်ညီမှု မရှိခြင်းနှင့်သယ်ယူစရိတ် အခက် အခဲရှိခြင်းကြောင့် ကယားပြည် နယ်နှင့် ချင်းပြည်နယ်တွင် ဖရဲ မစိုက်ခြင်းဖြစ်ပြီး
မြန်မာနိုင်ငံက ထွက်ရှိသည့် ဖရဲသီးများကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့ ရောင်းချနေသည်။
7 days new