မြန်မာ- ဗီယက်နမ် ကုန်သွယ်ရေးတွင် ကုန်သွယ်ရေးလိုငွေများ မြန်မာဘက်မှ ဖြစ်ပေါ်


18 November, 2020

နိုဝင်ဘာ ဒုတိယအပတ်ကထုတ်ပြန်ခဲ့သည့် စာရင်းအချက်အလက်များအရ စက်တင်ဘာလကုန်အထိ မြန်မာမှ ဗီယက်နမ်ဘက်သို့ ကုန်ပမာဏ ကန်ဒေါ်လာ ၁၆၆ ဒသမ ၈၄၂ သန်း တင် ပို့နိုင်ခဲ့ပြီး ဗီယက်နမ်ဘက်မှ မြန်မာဘက်သို့ ကန်ဒေါ်လာ ၆၂၉ ဒသမ ၆၉၇သန်းပြန်လည်တင်ပို့ခဲ့သဖြင့် ဘဏ္ဍာနှစ်အတွင်း ကန်ဒေါ်လာ ရ၄၄  ဒသမ ၀၂၃ သန်းကုန်သွယ်နိုင်ခဲ့ကာ မြန်မာဘက်မှ ကုန်သွယ်ရေးလိုငွေ အမေရိကန်ဒေါ်လာသန်း ၄၅၀ကျော်ဖြစ်ပေါ်ခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။ 

ကုန်သွယ်ရေးဦးစီးဌာနကထုတ်ပြန်သည့် ဘဏ္ဍာနှစ်အလိုက် ပုံမှန်/နယ်စပ် (နိုင်ငံအလိုက်) ပို့ကုန် သွင်းကုန် ကုန်သွယ်မှုစာရင်းအချက်အလက်များအရ  မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံအကြား ကုန်သွယ်မှု ပမာဏမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း  အမေရိကန်ဒေါ်လာသန်း ၈၀၀ နီးပါးပမာဏကုန်သွယ်ခဲ့ကြောင်း သိရသည်။ 

စက်တင်ဘာလအတွင်း မြန်မာ- ဗီယက်နမ် ကုန်သွယ်မှုပမာဏကို ပြန်ကြည့်ပါက ဗီယက်နမ်သို့ ကန်ဒေါ်လာ ၈ ဒသမ ၄၄၄ သန်းပမာဏတင်ပို့နိုင်ခဲ့ပြီး ဗီယက်နမ်ဘက်မှ မြန်မာဘက်သို့ ကန်ဒေါ်လာ ၄၄ ဒသမ ၀၇၂ သန်း ပြန်လည်တင်ပို့ခဲ့သဖြင့် စက်တင်ဘာလအတွင်း ကန်ဒေါ်လာ၅၂ ဒသမ ၅၁၆ သန်းကုန်သွယ်နိုင်ခဲ့ ပြီး မြန်မာဘက်မှ ကုန် သွယ်ရေးလိုငွေ အမေရိကန်ဒေါ်လာ ၃၅ သန်းကျော် ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။ 

 ၅ နှစ်တာကာလအတွင်းမြန်မာ- ဗီယက်နမ်ကုန်သွယ်မှုမှာ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၂၈၁  ဒသမဝ၁၄သန်း၊ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၃၂၁ ဒသမ၃၃၄ သန်း၊ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၃၄၆ ဒသမ ၈၅၈ သန်း၊ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၄၉၄ ဒသမ ၀၃၆ သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင်

အမေရိကန် ဒေါ်လာ ရ၁၄  ဒသမ ၈၁၀ သန်းနှင့် ကာလတိုဘတ်ဂျက်ကာလတွင် ကန်ဒေါ်လာ ၄၂၆ ဒသမ ၂၅၉ သန်းကုန်သွယ်ခဲ့ပြီးပြီးခဲ့သည့်ဘဏ္ဍာနှစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း  ဗီယက်နမ်ဘက်သို့ အမေရိကန်ဒေါ်လာ၂၃၅ဒသမ ၀၀၄သန်းတင်ပို့ခဲ့ကာ၊ ဗီယက်နမ် ဘက်မှ အမေရိကန်ဒေါ်လာ ၆၂၀ ဒသမ ၃၉၉ သန်းဖိုးပြန်လည်တင်သွင်းခဲ့ပြီး  အမေရိကန်ဒေါ်လာ သန်း ၇၀ ကျော် ဖြစ်ပေါ်ခဲ့သည်။  

 

နိုဝင်ဘာ ဒုတိယအပတ်ကထုတ်ပြန်ခဲ့သည့် စာရင်းအချက်အလက်များအရ စက်တင်ဘာလကုန်အထိ မြန်မာမှ ဗီယက်နမ်ဘက်သို့ ကုန်ပမာဏ ကန်ဒေါ်လာ ၁၆၆ ဒသမ ၈၄၂ သန်း တင် ပို့နိုင်ခဲ့ပြီး ဗီယက်နမ်ဘက်မှ မြန်မာဘက်သို့ ကန်ဒေါ်လာ ၆၂၉ ဒသမ ၆၉၇သန်းပြန်လည်တင်ပို့ခဲ့သဖြင့် ဘဏ္ဍာနှစ်အတွင်း ကန်ဒေါ်လာ ရ၄၄  ဒသမ ၀၂၃ သန်းကုန်သွယ်နိုင်ခဲ့ကာ မြန်မာဘက်မှ ကုန်သွယ်ရေးလိုငွေ အမေရိကန်ဒေါ်လာသန်း ၄၅၀ကျော်ဖြစ်ပေါ်ခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။ 

ကုန်သွယ်ရေးဦးစီးဌာနကထုတ်ပြန်သည့် ဘဏ္ဍာနှစ်အလိုက် ပုံမှန်/နယ်စပ် (နိုင်ငံအလိုက်) ပို့ကုန် သွင်းကုန် ကုန်သွယ်မှုစာရင်းအချက်အလက်များအရ  မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံအကြား ကုန်သွယ်မှု ပမာဏမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း  အမေရိကန်ဒေါ်လာသန်း ၈၀၀ နီးပါးပမာဏကုန်သွယ်ခဲ့ကြောင်း သိရသည်။ 

စက်တင်ဘာလအတွင်း မြန်မာ- ဗီယက်နမ် ကုန်သွယ်မှုပမာဏကို ပြန်ကြည့်ပါက ဗီယက်နမ်သို့ ကန်ဒေါ်လာ ၈ ဒသမ ၄၄၄ သန်းပမာဏတင်ပို့နိုင်ခဲ့ပြီး ဗီယက်နမ်ဘက်မှ မြန်မာဘက်သို့ ကန်ဒေါ်လာ ၄၄ ဒသမ ၀၇၂ သန်း ပြန်လည်တင်ပို့ခဲ့သဖြင့် စက်တင်ဘာလအတွင်း ကန်ဒေါ်လာ၅၂ ဒသမ ၅၁၆ သန်းကုန်သွယ်နိုင်ခဲ့ ပြီး မြန်မာဘက်မှ ကုန် သွယ်ရေးလိုငွေ အမေရိကန်ဒေါ်လာ ၃၅ သန်းကျော် ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။ 

 ၅ နှစ်တာကာလအတွင်းမြန်မာ- ဗီယက်နမ်ကုန်သွယ်မှုမှာ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၂၈၁  ဒသမဝ၁၄သန်း၊ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၃၂၁ ဒသမ၃၃၄ သန်း၊ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၃၄၆ ဒသမ ၈၅၈ သန်း၊ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၄၉၄ ဒသမ ၀၃၆ သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ရ၁၄  ဒသမ ၈၁၀ သန်းနှင့် ကာလတိုဘတ်ဂျက်ကာလတွင် ကန်ဒေါ်လာ ၄၂၆ ဒသမ ၂၅၉ သန်းကုန်သွယ်ခဲ့ပြီးပြီးခဲ့သည့်ဘဏ္ဍာနှစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း  ဗီယက်နမ်ဘက်သို့ အမေရိကန်ဒေါ်လာ၂၃၅ဒသမ ၀၀၄သန်းတင်ပို့ခဲ့ကာ၊ ဗီယက်နမ် ဘက်မှ အမေရိကန်ဒေါ်လာ ၆၂၀ ဒသမ ၃၉၉ သန်းဖိုးပြန်လည်တင်သွင်းခဲ့ပြီး  အမေရိကန်ဒေါ်လာ သန်း ၇၀ ကျော် ဖြစ်ပေါ်ခဲ့သည်။  

မေဘယ်လ်အောင်

Local News Export, Import Read 728 times