ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လုပ်ဆောင်ရန်သင့်သော စီးပွားရေးလုပ်ငန်းများ
၁။ သဘာဝစွမ်းအင်အရင်းအမြစ်
ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အရေးကြီးဆုံးအချက်မှာ တည်ငြိမ်သောစွမ်းအင်အရင်းအမြစ်မရှိခြင်းဖြစ်၍ နေထိုင်သူများအနေဖြင့် အခြားသောသဘာဝ စွမ်းအင်အရင်းအမြစ်များပေါ် မီခိုနိုင်ရန် လေ့လာထားသင့်သည်။
နေရောင်ခြည်စွမ်းအင်၊ ဘူမိစွမ်းအင်နှင့် လေစွမ်းအင်စသော သဘာဝစွမ်းအင်များကို ထောက်ပံပေးခြင်းဖြင့်လည်း ငွေအမြောက်အမြားကို ရှာဖွေနိုင်ပါသည်။
၂။အစားထိုးလောင်စာဆီ အသုံးပြုခြင်း
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသုံးများသောလောင်စာဆီများမှာ ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် ရေနံဆီတို့ပဲဖြစ်ပါသည်။
သို့သော်လည်း ၎င်းလောင်စာဆီများမှာ စျေးကြီးပြီး လူအများနေ့စဉ်နှင့်အမျှ အများအပြားလိုအပ်နေကြသကဲ့သို့ အချို့သောလူများသည်လည်း စျေးသက်သာသောလောင်စာဆီများကိုသာ ၀ယ်ယူလေ့ရှိကြပါသည်။
ဇီဝလောင်စာနှင့် အီသနော တို့ဟာ လူသုံးများသော အစားထိုးလောင်စာများဖြစ်ပြီး ထိုလောင်စာများကိုရောင်းချရာတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့်လည်း အမြတ်ငွေအမြောက်အများရရှိစေပါသည်။
၃။ လောင်စာဆီ ချွေတာခြင်း
နောက်ထပ်လူတွေကို စိတ်ဝင်စားစေသော ရင်းနှီးမြှုပ်နှံမှုမှာ လောင်စာသုံးစွဲမှုနည်းသော ထုတ်ကုန်များထုတ်လုပ်ခြင်းပင် ဖြစ်ပါသည်။
ထိုသို့ထုတ်ကုန်များ ထုတ်လုပ်ခြင်းမှလည်း အမြတ်ငွေအမြောက်အများရရှိနိုင်ပါသည်။
၄။သွင်းကုန်နှင့် ထုတ်ကုန်
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လိုအပ်ချက်များအလွန်များပြားသလို သဘာဝအရင်းအမြစ်များလည်း အလွန်များပြားလှပါသည်။
သွင်းကုန်၊ ပို့ကုန်လုပ်ငန်းများ စတင်ခြင်းသည်လည်း ကောင်းမွန်သော စီးပွားရေးလုပ်ငန်းတစ်ခုပင်ဖြစ်ပါသည်။
၅။လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းများ
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လုံခြံုရေးသည်လည်း ကြီးမားသောစိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။
ပုဂ္ဂလိကကုမ္ပဏီအများစုသည် လုံခြံုရေးခြိမ်းခြောက်ခံရမှုမှ ကာကွယ်နိုင်ရန် အမြဲတမ်းလုပ်ဆောင်လေ့ရှိသည်။
ထို့ကြောင့် လုံခြံုရေးနှင့်ဆက်စပ်သော အဝတ်အထည်နှင့် လုံခြံုရေးကိရိယာများ ထုတ်လုပ်ရောင်းချခြင်းဖြင့်လည်း အမြတ်အစွန်းများစွာရရှိနိုင်ပါသည်။
၆။အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း
အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းသည်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အရေးပါသော အခန်းကဏ္ဍတွင်ရပ်တည်လျက်ရှိသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အခြေခံအဆောက်အအုံများလိုအပ်လေ့ရှိသောကြောင့် ၎င်းလုပ်ငန်းသည်လည်း ရင်းနှီးမြှုပ်နှံရန် သင့်တော်သောလုပ်ငန်းတစ်ရပ်ဖြစ်သည်။
၇။သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ
ကုန်ပစ္စည်းထုတ်လုပ်သောကုမ္ပဏီများ၊ သွင်းကုန်လုပ်ငန်းများနှင့် အချို့သောလုပ်ငန်းရှင်များမှာ ကုန်ကြမ်းပစ္စည်းများနှင့် တင်သွင်းလာသောကုန်များကို တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းရန်အတွက် ကုန်တင်ကားများလိုအပ်သည်။
သယ်ယူပို့ဆောင်ရေးသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အကြီးမားဆုံးသော စိန်ခေါ်မှုတစ်ရပ်ဖြစ်သည် အဘယ်ကြောင့်ဆိုသော် လူအများစုမှာ ကိုယ်ပိုင်ကားဝယ်နိုင်ရန် ခက်ခဲသောကြောင့်ဖြစ်သည်။
၈။ပညာရေးနှင့်ပတ်သက်သောဝန်ဆောင်မှုလုပ်ငန်းများ
ကောင်းမွန်သောပညာရေးမရှိသောကြောင့် လူအများစုဟာ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ပညာသင်ဖို့အတွက် ပိုမိုအားထုတ်လာကြပါသည်။
ပညာရေးအတွက် ကောင်းမွန်သောအကြံပေးခြင်းနှင့်ပညာရေး ၀န်ဆောင်မှုပေးခြင်း(ဥပမာ-နိုင်ငံခြား တက္ကသိုလ်များနှင့်ပူးတွဲ၍ ကျောင်းများဖွင့်လှစ်ခြင်းနှင့် နိုင်ငံခြားသို့သွားရောက်ပညာသင်ကြားနိုင်အောင် ၀န်ဆောင်မှုပေးခြင်း)တို့သည်လည်း ကောင်းမွန်သော လုပ်ငန်းများဖြစ်သည်။
၉။Onlineစျေးကွက်များ
တတိယကမ္ဘာနိုင်ငံများတွင် onlineစျေးကွက်သည်လည်းချန်လှပ်ထား၍မရသော လုပ်ငန်းတစ်ခုဖြစ်သည်။
ယနေ့ခေတ်တွင် လူအများစုသည် online မှတစ်ဆင့် စျေးဝယ်ခြင်း၊ရောင်းချခြင်းများပြုလုပ်လျက်ရှိသည်။
ကိုယ်ပိုင်online စျေးကွက်တည်ထောင်ခြင်းဖြင့်လည်း အမြတ်အစွန်းများစွာရရှိနိုင်ပါသည်။
၁၀။စစ်တမ်းများနှင့်ဒေတာများစုစည်းမှုလုပ်ငန်းများ
ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အစိုးရအဖွဲ့အစည်းများသည် လူထု၏ အချက်အလက်နှင့် စစ်တမ်းများကောက်ခံရန် အခက်အခဲများကြုံတွေ့ရလေ့ရှိသည်။
ထို့ကြောင့် စစ်တမ်းများနှင့် ဒေတာများစုစည်းခြင်း ၀န်ဆောင်မှုလုပ်ငန်းသည်လည်း ကောင်းမွန်သောလုပ်ငန်းတစ်ခုဖြစ်ပေသည်။