အမျိုးသမီး လုပ်ငန်းရှင်တစ်ဦးရဲ့ ပထမဆုံးချေးငွေ
အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းများတွင် ကြုံရလေ့ရှိသည်မှာ လုပ်ငန်းသုံးငွေ မလုံမလောက်ဖြစ်သွားရသည်ကို ကြုံရခြင်းနှင့်အတူ ချေးငွေဖြင့် ဖြည့်တင်းရန်အတွက် အပေါင်ခံပစ္စည်း မပေးဘဲ ငွေချေးဖို့ ခဲယဉ်းခြင်း ဖြစ်သည်။
ဖော်ပြပါ မေးမြန်းခြင်းကို Accion အတွက် Jason Loughnane က ဆောင်ရွက််ခဲ့ပြီး မေးမြန်းခံရသူမှာ အသက် ၄၁ နှစ်ရှိ ဒေါ်ဥမ္မာ ဋ္ဌေးဖြစ်သည်။ သူမသည် မုန့်ဖုတ်လုပ်ငန်းငယ် တစ်ခုကို ပိုင်ဆိုင်လုပ်ကိုင်နေသူဖြစ်ပြီး ရန်ကုန် မြို့ မြောက်ဥက္ကလာပတွင် နေထိုင်သည်။ သူမသည် Accion နှင့် တွဲဖက်လုပ်ကိုင်သော အသေးစားငွေချေးလုပ်ငန်းဖြစ်သည့် DAWN Microfinance ထံမှ ချေးငွေရယူခဲ့သည်။ DAWN Microfinance သည် အမျိုးသမီးလုပ်ငန်းရှင်များကိုသာ အထူးသီးသန့် ၀န်ဆောင်မှု ပေးသည်။ အဖွဲ့ဖြင့် ချေးငွေမျိုးကို ပေးအပ်လေ့ ရှိသည်။ DAWN နှင့် Accion တို့သည် ၂၀၁၅ ခုနှစ်မှစ၍ အတူလက်တွဲခဲ့ကြပြီး ဘဏ္ဍာရေး ၀န်ဆောင်မှု မရရှိကြသည့် လူဦးရေကို ဘဏ္ဍာရေးဝန်ဆောင်မှုများ ပေးသည်။
''အရင်တုန်းက ကျွန်မ တစ်ခါမှ ငွေမချေး ဖူးဘူး။ ကျွန်မယောက်ျားနဲ့ ကျွန်မတို့ ဒီအိမ်ကို ပြောင်းပြီး နေထိုင်တော့ အမိုးပြင်ဖို့ ငွေကို သုံး လိုက်ရတယ်။ ဒီတော့ (မုန့်ုဖုတ်လုပ်ငန်း အတွက်) ဂျုံ၊ ထောပတ်၊ ကြက်ဥတွေဝယ်ဖို့ ကျွန်မမှာ ငွေအလုံအလောက် မကျန်တော့ဘူး။ ကျွန်မရဲ့ မိတ်ဆွေတစ်ယောက်က DAWN အကြောင်း ပြောပြတယ်။ ဒီတော့ သူတို့ရဲ့ ငွေချေးတဲ့အဖွဲ့ထဲမှာ ကျွန်မ ၀င်ပါဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ချေးငွေမှ ငွေကို ကျွန်မရဲ့ လုပ်ငန်းအတွက် လိုအပ်တာတွေကို ၀ယ်မယ်။
''ကျွန်မ ပေါင်မုန့်တွေ၊ ကိတ်မုန့်တွေကို ဒီနားတစ်ဝိုက်မှာ ရှိတဲ့ လက်ဖက်ရည်ဆိုင်တွေ ကို သွင်းတယ်။ မိုးရာသီဆိုရင် ကျွန်မရဲ့ လုပ် ငန်းက ပိုကောင်းတယ်။ ဘာလို့လဲဆိုတော့ အေးပြီး မိုးရွာနေရင် လူတွေက လက်ဖက်ရည် ပူပူ၊ ကော်ဖီပူပူကို သောက်ချင်ကြတယ်။ သူတို့ သောက်မယ့် လက်ဖက်ရည်နဲ့အတူ ကိတ်နဲ့ မုန့်ကို မှာစားကြတယ်။ ပြီးတော့ မိုးရာသီမှာ ကလေးတွေ ကျောင်းပြန်တက်ကြပြီဆိုတော့ ကျောင်းပြီးချိန်မှာ မုန့်တွေနဲ့ အတူဝယ်စားကြ တယ်။
''ကျွန်မ အခြားအမျိုးသမီး ၁၉ ဦးပါတဲ့ အဖွဲ့နဲ့အတူ ငွေစုပါတယ်။ အဲဒီမှာ တချို့က DAWN ထံမှ ငွေချေးယူတဲ့ အဖွဲ့ထဲမှာ ပါတယ်။ ကျွန်မ တစ်နေ့ ကျပ်တစ်သောင်းထည့်တယ်။ ရက်နှစ်ဆယ်ပြည့်တိုင်း ကျွန်မအလှည့်ဖြစ်လို့ ကျပ်နှစ်သိန်းရတယ်။ အဲဒီငွေနဲ့ မုန့်ုဖုတ်လုပ်ငန်း အတွက် စက်တွေဝယ်တယ်။ မီးသွေးမီးဖိုအစား ဓာတ်ငွေ့မီးဖို ပြောင်းသုံးတယ်။ ဒီတော့ နေ့တိုင်း အရင်ကထက် ပိုများများ မုန့်ဖုတ်နိုင်ပြီ။
''မုန့်တွေနဲ့ ပေါင်မုန့်တွေ ဖုတ်ဖို့ ကျွန်မမှာ အလုပ်သမား ငါးယောက်ရှိတယ်။အလုပ်သမား တွေက မကွေးဘက်က လာကြတာ။ အဲဒီမှ ကျွန်မ အမေနေတယ်။ အမေက သူ့အိမ်နီးနား ချင်းတွေကို ပြောပြပြီး ရန်ကုန်မှာ အလုပ်လုပ် ချင်လားမေးတယ်။ အလုပ်သမားတွေကအိ်မ်မှာ ပဲ မိသားစုနဲ့အတူ နေကြတယ်။ သူတို့ကို ကျွန်မ ကျွေးမွေးထားတယ်။ လစဉ် သူတို့အတွက် အသုံးစရိတ်လည်း ရှိတယ်။
''ကျွန်မ နေရာချဲ့ဖို့ လိုနေတယ်။ ဘာလို့ လဲဆိုတော့ နေရာလွတ်က ကျဉ်းနေပြီ။ ကျွန်မက မုန့်ကို လက်ဖက်ရည်ဆိုင်မှာ ကျပ် ၆၀၀ နဲ့ ရောင်းတယ်။ ဆိုင်က ကျပ် ၈၀၀ နဲ့ ပြန်ရောင်းတယ်။ ဆိုင်က ကျပ် ၆၀၀ ထက် ပိုပေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ သကြားစျေး၊ ဆီစျေးတွေက ပြီးခဲ့တဲ့နှစ်မှာ အတော်များများ စျေးတက်သွားတယ်။ ဒီတော့ ကျွန်မရတဲ့ အမြတ်က နည်းသွားတယ်။ ကျွန်မ DAWN ကနေ ငွေထပ်ချေးပြီး မြေဝယ်မယ်။ ကျွန်မရဲ့ လုပ်ငန်းကို ပိုကျယ်တဲ့နေရာမှာ တိုးချဲ့မယ်''
Accion သည် အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်ပြီး ကမ္ဘာတစ်လွှားတွင် ဖြန့်ကျက်လုပ်ကိုင်လျက်ရှိသည်။ လူအများတို့သည် သူတို့၏ ဘဝများကို တိုးတက်ကောင်းမွန်စေရန်အတွက် လိုအပ်သော ဘဏ္ဍာရေးကို ရယူနိုင်သောကမ႓ာ ဖြစ်စေရန် ဦးတည်လုပ်ဆောင်သော အဖွဲ့အစည်းဖြစ်သည်။
DAWN သည် လုပ်ငန်းငယ်များ၊ ပညာ ရေးနှင် စိုက်ပျိုးရေးတို့အတွက် ချေးငွေပေးရန် လိုင်စင်ရထားသော လုပ်ငန်းဖြစ်ပြီး ယခင်က Save the Children Myanmar စီမံကိန်းမှာ ပေါက်ဖွားခဲ့ခြင်း ဖြစ်သည်။ ၂၀၀၂ ခုနှစ်တွင် ၀င်ငွေနည်းပါးသော အမျိုးသမီးများကို ချေးငွေ ထုတ်ပေးခြင်းကို စတင်လုပ်ကိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် အသေးစားချေးငွေလုပ်ငန်းအဖြစ် သီးခြားရပ်တည်ခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံတွင် အသေးစားချေးငွေ လုပ်ကိုင်သည့် အဖွဲ့ အစည်းများတွင် တတိယအကြီးဆုံးလုပ်ငန်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် အသေးစားချေးငွေ လုပ်ငန်းများအနက် သုံးခုကို ကမ႓ာ့ဘဏ်အုပ်စု၏ လက်တံတစ်ခုဖြစ်သော International Finance Corporation (IFC)မှ ဘဏ္ဍာရေး အကူအညီ အမေရိကန်ဒေါ်လာ ၁၃.၅ သန်း ပေးအပ်ခဲ့သည်။ စိုက်ပျိုးလုပ်ငန်းသုံး ဓာတ်မြေ သြဇာ၊ ပိုးသတ်ဆေး အစရှိသည်တို့ လုပ်ကိုင် လျက်ရှိသော Myanma Awba Group Company Ltd. မှ ထောက်ပံ့ထားသည့် Maha Agriculture Public Company (Maha MFI) တွင် IFC က အမေရိကန်ဒေါ်လာ တစ်သန်းခွဲကို ထည့်ဝင်သည်။ Fullerton Finance (Myanmar) Company Limited (Fullerton Myanmar) သို့ အမေရိကန်ဒေါ်လာ ၆ သန်း ချေးငွေပေးအပ် သည်။ အထက်၌ ဖော်ပြခဲ့သည့် Early Dawn Microfinance Company Limited (DAWN) သို့လည်း အမေရိကန်ဒေါ်လာ ၆ သန်း ချေးငွေ ပေးအပ်သည်။
ပင်မဘဏ်လုပ်ငန်းနယ်ပယ်တွင် ချေးငွေ ရယူရန် အပေါင်ထားဖို့ လိုအပ်ခြင်းကြောင့် ငွေ ချေးဖို့ အခက်အခဲရှိနေသည့် လုပ်ငန်းငယ်များ အတွက် အသေးစားချေးငွေလုပ်ငန်းများက ဟာကွက်ကို ဖြည့်ဆည်းပေးလျက်ရှိသည်။
ပုဂ္ဂလိကဘဏ်ကြီးများသည်လည်း ယခု အခါ SME များအတွက် ချေးငွေပုံစံ အမျိုးမျိုးကို စီစဉ်ဆောင်ရွက်ပေးထားပြီဖြစ်သည်။ သို့ဖြစ်ရာ ချေးငွေဖြင့် လုပ်ငန်းတိုးချဲ့လိုသူများ တစ်စ ထက်တစ်စ ချေးငွေရယူဖို့ ပိုမိုလွယ်ကူလာမည် ဖြစ်ပေသည်။