ကမ္ဘောဒီးယား အထည်ချုပ်ကဏ္ဍ အလုပ်လက်မဲ့ အလုပ်သမားများအား ငွေကြေးပံ့ပိုးပေးမည့် အစီအစဉ် စတင်


15 April, 2023

ကမ္ဘောဒီးယား အထည်ချုပ်ကဏ္ဍ အလုပ်လက်မဲ့ အလုပ်သမားများအား ငွေကြေးပံ့ပိုးပေးမည့် အစီအစဉ် စတင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 


အကောက်ခွန်နှင့်ယစ်မျိုးဌာန Department of Customs and Excise (GDCE) မှ ထုတ်ပြန်သော နောက်ဆုံးကုန်သွယ်မှုအချက်အလက်များအရ ကမ္ဘောဒီးယားသည် လက်ရှိဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွင်း ကန်ဒေါ်လာ ၂.၃၆ ဘီလီယံတန်ဖိုးရှိ GFT ကုန်ပစ္စည်းများ တင်ပို့ခဲ့သည်။
ပြီးခဲ့သည့်နှစ်က အလားတူကာလတွင် တင်ပို့မှု ကန်ဒေါ်လာ ၃ ဒသမ ၀၅ ဘီလီယံထက် သိသိသာသာ လျော့နည်းသွားသည်။ 
.
ယမန်နှစ် အလားတူလနှင့် နှိုင်းယှဉ်ပါက ယခုနှစ် ဇန်နဝါရီလတွင် ၂၈ ရာခိုင်နှု်း၊ ဖေဖော်ဝါရီလတွင် ၂၄.၅၄ ရာခိုင်နှုန်းနှင့် မတ်လတွင် ၁၄.၆၀ ရာခိုင်နှုန်း လျော့ကျခဲ့သည်။ 
.
GFT ကဏ္ဍသည် ကမ္ဘောဒီးယားအတွက် ပို့ကုန်ဝင်ငွေ အများဆုံး ရသည့် ကဏ္ဍ ဖြစ်သည်။ ယမန်နှစ် ပို့ကုန်စုစုပေါင်းတန်ဖိုး၏ ထက်ဝက်ကျော်ဖြစ်သော ၅၅.၅ ရာခိုင်နှုန်းသည် GFT ကဏ္ဍ ပို့ကုန်များထံမှ ရရှိသည့် ပို့ကုန်ဝင်ငွေများ ဖြစ်သည်။ ယခုနှစ် ပထမသုံးလပတ်တွင် ၄၃.၈၀ ရာခိုင်နှုန်းသို့ အချိုးအစား လျော့ကျသွားသည်။ ဆက်လက်လျော့ကျနေဦးမည့် အလားအလာများ ရှိနေဆဲ ဖြစ်သည်။ 
.
 GFT ကဏ္ဍကို ကျွမ်းကျင်နှံ့စပ်သူများက GFT ပစ္စည်းများအတွက် ပြည်ပမှ အမှာစာများသည် ၂၀၂၃ နှစ်လယ်အထိ ပြန်ကောင်းလာဖွယ် မရှိချေ။ ဥရောပနှင့် အမေရိကန်တို့မှ လက်လီအရောင်းလုပ်ငန်းများထံတွင် မရောင်းရသေးသည့် လက်ကျန်ပစ္စည်းများ ပိုပိုလျှံလျှံ ရှိနေကြဆဲဖြစ်သဖြင့် အသစိချုပ်လုပ်ရန် မှာကြားကြမည် မဟုတ်ချေ။ 
.
ကမ္ဘောဒီးယား၏ အဝတ်အထည်၊ ဖိနပ်နှင့် ခရီးဆောင်ပစ္စည်း  garments, footwear and travel (GFT) ကုန်စည်တင်ပို့မှုသည် ၂၀၂၃ ခုနှစ် ပထမသုံးလပတ်တွင် ၂၀၂၂ ခုနှစ် ပထမသုံးလပတ်နှင့်  နှိုင်းယှဉ်ပါက ၂၂.၆၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ယမန်နှစ် ဒုတိယနှစ်ဝက်မှစ၍ စတင်ကျဆင်းလာခဲ့ခြင်းဖြစ်ပြီး စက်ရုံများ ထပ်မံပိတ်သိမ်းရဖွယ် ဖြစ်နေပြီး အလုပ်အကိုင် ဆုံးရှုံးမှုများ ထပ်မံပေါ်ပေါက်ဦးမည် ဖြစ်သည်။ 
.
ယခုနှစ်ထဲတွင် ဖေဖော်ဝါရီလအထိ တစ်နိုင်ငံလုံးတွင် စက်ရုံ ၇၀ ကျော် ပိတ်ထားလိုက်ရပြီး အလုပ်သမားဦးရေ ၃၂,၀၂၃ အလုပ်လက်မဲ့ ဖြစ်သွားကြသည်။ ၎င်းတို့အနက် အမျိုးသမီးဦးရေမှာ ၂၆,၀၅၅ ဦး ဖြစ်သည်။ 
.
ကမ္ဘောဒီးယားအစိုးရသည် အထည်အလိပ်နှင့် အထည်ချုပ်စက်ရုံ ပိုင်ရှင်များနှင့် ပူးပေါင်း၍ စက်ရုံပိတ်သိမ်းပြီးနောက် အလုပ်ထွက်လိုက်ရသည့် အလုပ်လက်မဲ့ အလုပ်သမားများအား ငွေကြေးပံ့ပိုးပေးမည့် အစီအစဉ်ကို စတင်ခဲ့သည်။
.ပ
ကမ္ဘောဒီးယားနိုင်ငံရှိ အထည်အလိပ်၊ အဝတ်အထည်၊ ဖိနပ်နှင့် ခရီးဆောင် ကုန်ပစ္စည်းများအသင်း Textile, Apparel, Footwear & Travel Goods Association in Cambodia (TAFTAC) ၏ အထွေထွေအတွင်းရေးမှူး Ken Loo က အဆိုပါ အစီအစဉ်ကို ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့တွင် စတင်ခဲ့ကြောင်း ၊အလုပ်သမားနှင့် အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေး ဝန်ကြီးဌာန Ministry of Labour and Vocational Training က အစောပိုင်းတွင် ကြေညာခဲ့ပြီးသည့်နောက်တွင် စတင်ခဲ့ကြခြင်း ဖြစ်ကြောင်း ပြောကြားသည်။
.
အလုပ်လက်မဲ့ဖြစ်နေကြရသည့် အလုပ်သမားများကို တစ်ဦးလျှင် တစ်လကို ကန်ဒေါ်လာ ၇၀ ထောက်ပံ့သည်။ စက်ရုံပိုင်ရှင်က  ကန်ဒေါ်လာ ၃၀ ပေးရပြီး  ကျန်သည့် ကန်ဒေါ်လာ ၄၀ ကို  အစိုးရက ပေးသည်။။ ၎င်းတို့၏ အလုပ်အကိုင်စာချုပ်များကို ဆိုင်းငံ့ထားစဉ်အတွင်း ငွေကြေး ပံ့ပိုးကူညီမှုများ ဆက်လက်ရှိနေမည်ဖြစ်သည်။
.
Source Khmertimeskh

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Labour Affairs Read 295 times