မြန်မာနိုင်ငံတွင် စက်ပစ္စည်းကိရိယာများမလိုအပ်ပဲသဘာဝမှပေးစွမ်းသော ကုန်ပစ္စည်းများစွာရှိပါသည်။
ထိုသို့သောကုန်ပစ္စည်းများထဲမှ တစ်ခုဖြစ်သည့် ကြိမ်ကုန်ကြမ်းလုပ်ငန်းအကြောင်းကို တင်ပြပါမည်။
မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးမှအပ မြန်မာနိုင်ငံအနှံအပြားရှိ ကျန်ဒေသများတွင် ကြိမ်များထွက်ရှိကြောင်းသိရသည်။
ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ကြိမ်အများဆုံးထွက်ရှိကြောင်းသိရသည်။
မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ကြိမ်အမျိုးအစားလေးဆယ်နီးပါးရှိပြီး ဆယ်မျိုးခန့်ကိုသာ အများဆုံးအသုံးပြုကြသည်ကို တွေ့ရသည်။
ထိုကြိမ်များကို အလှဆင်ပစ္စည်းများ၊ အိမ်ထောင်ပရိဘောကများအဖြစ်အများဆုံးအသုံးပြုသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံမှထွက်ရှိသောကြိမ်ကုန်ကြမ်းများကို တရုတ်နိုင်ငံမှ အဓိကဝယ်ယူကြပြီး ထိုင်ဝမ်နှင့် ဗီယက်နာမ်နိုင်ငံတို့မှလည်းဝယ်ယူကြကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် ကြိမ်ကိုရွေးချယ်အသုံးပြုသော်လည်း တရုတ်နိုင်ငံအနေဖြင့် နည်းပညာကို အသုံးပြုပြီး ကြိမ်များကို အရွယ်အစားအလိုက်အသုံးပြုကြောင်းသိရသည်။