ကတ်ဖြင့် တစ်လတာ အများဆုံးအသုံးပြုနိုင်သည့်ပမာဏအား ထက်ဝက်လျှော့ချပြောင်းလဲသတ်မှတ်


08 April, 2022

ကတ်ဖြင့် တစ်လတာ အများဆုံးအသုံးပြုနိုင်သည့်ပမာဏအား ထက်ဝက်လျှော့ချပြောင်းလဲသတ်မှတ်


ကတ်ဖြင့် တစ်လတာ အများဆုံးအသုံးပြုနိုင်သည့်ပမာဏအား ပြောင်းလဲသတ်မှတ်သည့် ညွှန်ကြားချက်ကို ဗဟိုဘဏ်က ၊ ၂ဝ၂၂ ခု နှစ်၊ ဧပြီ လ ၇ ရက် ရက်စွဖြင့် ထုတ်ပြန်ထားသည့်   စာအမှတ်၊မဗဘ/နပတ/စာရင်း( ၄၂ /၂၀၂၂) ကို ဖော်ပြအပ်ပါသည်။

သို့


ဘဏ်များအားလုံး
အကြောင်းအရာ။ ကတ်ဖြင့်အများဆုံးအသုံးပြုနိုင်သည့်ပမာဏအားပြောင်းလဲသတ်မှတ်ခြင်း

ရည်ညွှန်းချက် ။ (၁) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၇.၁၀.၂၀၁၃) ရက်စွဲပါစာအမှတ်၊မဗဘ(PSSD) ဗဟိုစာရင်း (၅၀၁/၂၀၁၃)
                       (၂) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၁၆.၁.၂၀၁၇) ရက်စွဲပါစာအမှတ်၊ မဗဘ/နပတ (စာရင်း) (၂၆/၂၀၁၇)


၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ရည်ညွှန်းပါစာများဖြင့် ပြည်ပသို့သွားရောက်ကြမည့် မြန်မာနိုင်ငံသားများအနေဖြင့် Retail ငွေပေးချေမှုများအဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်စေရန်နှင့် ငွေကြေးသယ်ဆောင်ရသည့်အခက်အခဲများ လျော့နည်းသက်သာစေရန်၍ International Prepaid Card (MasterCard/ VISA/ UPI Prepaid Card) ထုတ်ဝေခွင့်ကို တစ်လလျှင် ကတ်တစ်ကတ် အများဆုံးအသုံးပြုနိုင်သည့်ပမာဏ၊ အမေရိကန်ဒေါ်လာ (၅,၀၀၀) သတ်မှတ်၍လည်းကောင်း၊ International Credit Card (MasterCard/ VISA/ UPI/JCB Credit Card) ထုတ်ဝေခွင့်ကို အသုံးပြုနိုင်သည့်ပမာဏသတ်မှတ်ခြင်းအား ကတ်အသုံးပြုမည့်သူ၏ ဝင်ငွေအပေါ်မူတည်၍ တစ်လလျှင် ကတ်တစ်ကတ် အများဆုံးအသုံးပြုနိုင်သည့် ပမာဏကျပ်သိန်း (၅၀) သတ်မှတ်၍ လည်းကောင်း ခွင့်ပြုထားခဲ့ပါသည်။

၂။ ယခုအခါ ပြည်တွင်းဘဏ်များအနေဖြင့် International Card များထုတ်ဝေရာတွင် တစ်လလျှင် ကတ်တစ်ကတ် အများဆုံးအသုံးပြုနိုင်သည့် ပမာဏအား အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ်ပြီး ကတ်လုပ်ငန်းများကို ပုံမှန်အတိုင်းဆောင်ရွက်သွားရန်ဖြစ်ကြောင်း အကြောင်းကြားပါသည်

(က) International Prepaid Card (MasterCard၊ VISA ၊ UPI Prepaid Card) များ အတွက် အမေရိကန်ဒေါ်လာ (၂,၅၀၀) ၊

(ခ) International Credit Card (MasterCard၊ VISA ၊ JCB၊ UPI Credit Card) နှင့် International Co-brand Card (MPU-UPI၊ MPU- JCB Card) များအတွက် ကျပ်(၂၅) သိန်း၊

၃။ International Prepaid Card International Credit Card International Co brand Card ထုတ်ဝေခြင်း (Issuing )နှင့် ကတ်လက်ခံသုံးစွဲခြင်း (Acquiring) တို့နှင့်စပ်လျဉ်း သည့် အခြေအနေ၊ အချက်အလက်များကို ပူးတွဲပါဇယားတွင် ဖြည့်စွက်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ စာရင်းဌာန (Email- [email protected] ) သို့ အပတ်စဉ်ပေးပို့ရန်ဖြစ် သည်။ ထိုသို့ပေးပို့ရာတွင် အပတ်စဉ်သောကြာနေ့ရှိ ကတ်လုပ်ငန်း Position ကို နောက် တစ်ပတ်၊ တနင်္လာနေ့ နံနက် (၉း၃၀)နာရီ နောက်ဆုံးထား၍ ဗဟိုဘဏ်သို့ ပေးပို့အကြောင်း ကြား ရမည်ဖြစ်ပါသည်။

Banking & Loan Read 427 times