တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် ရေချိုငါးခူမွေးမြူသူများ များပြားလာရာမှ ယခုအခါတွင် ဈေးကွက်အတွင်း အရောင်းအဝယ်မရှိသောကြောင့် အခက်တွေ့နေကြောင်း ငါးခူမွေးမြူရေးလုပ်ကိုင်သူများထံမှ သိရပါသည်။
ရေချိုငါးခူငါးသားပေါက်များကို ၂၀၁၇ ခုနှစ် ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လတို့တွင် နေအိမ်များတွင် စတင်မွေးမြူလာရာ ဈေးကွက်အတွင်း ငါးခူတစ်ပိဿလျှင် ငွေကျပ် ၆၀၀၀ အထိ ဈေးကောင်းရရှိပြီး တစ်ရက်လျှင် ငါးခူပိဿချိန် ၂၀ မှ ၃၀ အထိ ရောင်းနေရရာမှ ယခုအခါတွင် မွေးမြူသူများပြားလာခြင်းကြောင့် ဈေးကွက်အတွင်း ဝယ်ယူစားသုံးသူများမရှိသဖြင့် အရင်းအနှီးရှုံးကာ အခက်တွေ့နေကြောင်း သိရပါသည်။
မြိတ်မြို့နယ်အတွင်း ရေချိုငါးခူကို မွေးမြူသူများ များပြားလာသော်လည်း ဈေးကွက်မရှိဖြစ်နေပြီး လက်ရှိတွင် တစ်ပိဿလျှင် ငွေကျပ် ၃၀၀၀ ခန့်သာရရှိသောကြောင့် မွေးမြူရေးလုပ်ကိုင်သူများ အခက်အခဲများကြုံတွေ့နေရကြောင်း၊ မြိတ်ဒေသအတွင်းတွင် မွေးမြူထားသည့်ရေချိုငါးခူများသည် ရန်ကုန်တိုင်းဒေသကြီးရှိ စီးပွားဖြစ်မွေးမြူသူများထံမှ ဝယ်ယူရရှိကြောင်း သိရပါသည်။
Myawady