ငွေအကြွေထုတ်စက်ကို စတင်မိတ်ဆက်လိုက်တဲ့ CB Bank


21 June, 2018

ဘယ်ဘဏ်မှာမှမရသေးသော ငွေအကြွေထုတ်စက်ကို CB Bank ကနေစတင်မိတ်ဆက်လိုက်ပါပြီ။

YBS စီးဖို့ကားခအကြွေတွေရှာရတာလည်း တစ်နေ့တစ်နေ့ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။

နောက်ဆိုရင် YBS စီးဖို့ ကားခအကြွေတွေကို အလွယ်တကူရနိုင်ပြီပေါ့။

၎င်းအကြွေထုတ်စက်မှ တစ်ရာတန်၊ နှစ်ရာတန်နှင့် ငါးရာတန်များကို ထုတ်ယူနိုင်မှာဖြစ်ပါတယ်။

ကန့်သတ်ချက်အနေဖြင့် တစ်ခါထုတ်လျှင် တစ်ရာကျပ်မှ ကိုးရာကျပ်အထိသာ ထုတ်ယူနိုင်မှာဖြစ်ပါတယ်။

ငွေစက္ကူ အကြွေထုတ်ယူနိုင်သော ATM စက်တည်ရှိရာ CB Bank ဘဏ်ခွဲမှာ

UFC CB Bank ( Union Financial Centre ဘဏ်ခွဲ)

Union Of Financial Centre

မဟာဗန္ဓုလလမ်းနှင့် သိမ်ဖြူလမ်းထောင့်၊

ရန်ကုန်တိုင်းဒေသကြီး ဖြစ်ပါသည်။

ဖုန်းနံပါတ်ကတော့ 01-8610323/01-8610324 တို့ပဲဖြစ်ပါတယ်။

Myanmar Industrial Guide

Banking & Loan Read 677 times