CB Bank မှ CB Card+ Mobile Application ကို စတင်


15 December, 2020

CB Bank ကတ်များအတွက် ထုတ်လုပ်ထားသည့် Mobile Application သည် ဘဏ်ကို လာရောက်စရာ မလိုဘဲ Download ပြုလုပ်ကာ စတင်အသုံးပြုနိုင်သည်။

CB Bank သည် CB Card+ Mobile Application ကို CB Bank ကတ် အသုံးပြုသည့် Customer များအတွက် စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

ကတ်နှင့် ပတ်သက်သော အချက်အလက်များနှင့် ဝန်ဆောင်မှုများကို Application တစ်ခုတည်းတွင် အလွယ်တကူ ကြည့်ရှု အသုံးပြုနိုင်တော့မည်ဖြစ်သည်။ ထို့အပြင် NFC လုပ်ဆောင်ချက်ပါဝင်သော ဖုန်းများဖြင့် VISA Contactless လက်ခံသော ဆိုင်တိုင်းတွင်လည်း ထို Mobile Application ဖြင့် ငွေပေးချေနိုင်မည်ဖြစ်သည်။

CB Card+ Application ကို စတင်အသုံးပြုရန်အတွက် ဘဏ်သို့ သွားရန်မလိုဘဲ အွန်လိုင်းမှ တစ်ဆင့် Google Play Store နှင့် Apple Store တို့တွင် Download လုပ်ကာ အသုံးပြုနိုင်မည်ဖြစ်သည်။

CB Card+ Mobile Application ဖြင့် Discounts များနှင့် Promotions များကို ကြည့်နိုင်ခြင်း၊ Visa Contactless ကတ်လက်ခံသည့် ဆိုင်များတွင် ကတ်မလိုဘဲ ဖုန်းဖြင့် ထိပြီး လုံခြုံစွာ ပေးချေနိုင်ခြင်း၊ ကတ်ကို Block လုပ်သည့် ဝန်ဆောင်မှု၊ Credit Card အကြွေး ပြန်လည်ပေးချေခြင်း၊ ကတ်အချက်အလက်များကို အလွယ်တကူ ကြည့်ရှုနိုင်ခြင်း၊ အနီးအနားတွင် ရှိသည့် CB Bank ဘဏ်ခွဲများ၊ ATM များနှင့် ချိတ်ဆက်ထားသော ဆိုင်များကို ကြည့်ရှုနိုင်ခြင်း အစရှိသည့် ဝန်ဆောင်မှုများကို အသုံးပြုနိုင်သည်။

 CB Bank ၏ Executive Vice Chairman & Chief Executive Officer ဖြစ်သူ ဦးကျော်လင်းက “CB Bank အနေနဲ့ Customers တွေအတွက် ပိုမိုဆန်းသစ်ပြီး လူနေမှုဘဝကို ပိုမိုပြည့်စုံစေမည့် ဝန်ဆောင်မှုတွေကို အစဥ်အမြဲ ပေးနိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ယခုဆိုရင်ဖြင့် CB Bank ကတ် အသုံးပြုတဲ့၊ Customers တိုင်း ရှိထားသင့်တဲ့ CB Card+ Mobile Application ကို စတင်မိတ်ဆက်လိုက်ပါတယ်။ ကတ်နှင့် ပတ်သက်တဲ့အချက်တွေကို အလွယ်တကူ ကြည့်ရှုနိုင်တဲ့အပြင် Visa Contactless လက်ခံတဲ့ ဆိုင်တိုင်းမှာ NFC လုပ်ဆောင်ချက်ပါဝင်တဲ့ ဖုန်းတွေဆိုရင် ဖုန်းနဲ့ ထိပြီး ငွေပေးချေနိုင်မှာဖြစ်ပါတယ်။ Digital Banking Services မှာ ဦးဆောင်နေသည့် ဘဏ်တစ်ခုဖြစ်တဲ့ CB Bank ကနေ ရှေ့ဆက်ပြီးတော့ ပိုမိုဆန်းသစ်တဲ့ ဝန်ဆောင်မှုတွေ၊ Customers တွေအတွက် ပိုမိုလွယ်ကူစေမည့် ဝန်ဆောင်မှုတွေကို ပေးသွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

“CB Bank ရဲ့ Mobile Application အသစ်ဖြစ်တဲ့ CB Card+ Mobile Application ကို စတင်မိတ်ဆက်နိုင်တဲ့အပေါ် များစွာဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံမှာ ဒစ်ဂျစ်တယ်ငွေပေးချေမှုအပေါ် ထားရှိတဲ့ သဘောထားဟာ အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေပါတယ်။ ဒီနေ့ခေတ် ဒစ်ဂျစ်တယ် နည်းပညာသုံးစွဲသူတွေဟာ ရိုးရှင်းပြီး ယုံကြည်ရတဲ့ ငွေပေးချေရေးဆိုင်ရာ Tools တွေကို Online မှာသာမက Offline မှာလည်း အသုံးပြုလိုလာကြပါတယ်။ ဒါ့အပြင် Connected Devices (ဒစ်ဂျစ်တယ် နည်းပညာအသစ်) တွေကို အသုံးပြုပြီး ပိုက်ဆံပေးချေနိုင်တာတွေနဲ့ စီမံခန့်ခွဲမှုအတွက် ပိုမိုလွယ်ကူအဆင်ပြေတဲ့ အတွေ့အကြုံသစ်တွေ ဖန်တီးနိုင်ဖို့ အခွင့်အရေးများစွာရှိတာကို ကျွန်မတို့အနေနဲ့ တွေ့ရပါတယ်။ ဒီပူးပေါင်းမှုက Visa ရဲ့ ကွန်ရက်ကို ချဲ့ထွင်ပေးနိုင်ပြီး ဒစ်ဂျစ်တယ်ငွေပေးချေမှု တိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမှာဖြစ်ပြီးတော့ Digital Myanmar ဖြစ်ဖို့ဆိုတဲ့ Visa ရဲ့ ရည်ရွယ်ချက်နဲ့ Cashless Society ဖြစ်ထွန်းရေးအတွက်ပါ ကြီးမားတဲ့ အထောက်အပံ့ဖြစ်ပါလိမ့်မယ်” ဟု Visa Myanmar ၏ Country Manager ဖြစ်သူ Ms. Lillian Wang က ပြောကြားခဲ့သည်။

CB Card+ Mobile Application နှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို ပိုမိုသိရှိလိုပါက CB Bank ၏ Hot line ဖုန်း

၀၁-၂၃၁၇၇၇၀

သို့ ဆက်သွယ်မေးမြန်းနိုင်သည်။

CB Card+ အကြောင်း ပိုမိုသိရှိရန် ဗီဒီယိုကို ကြည့်ရှုလေ့လာနိုင်ပါသည်။

 

 

 

CB Bank အကြောင်း

CB Bank သည် ၁၉၉၂ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံတွင် အကြီးဆုံးသော ပုဂ္ဂလိကဘဏ်များထဲမှ ဘဏ်တစ်ခု ဖြစ်သည်။ ဘဏ်ဝန်ဆောင်မှုလုပ်ငန်း၏ ဖောက်သည်များအပေါ် အကျိုးပြုမှုကို ပိုမိုထိရောက်လာစေရန် နည်းပညာများကိုအသုံးပြုပြီး လုပ်ဆောင်လျက်ရှိသည်။

• ဘဏ်လုပ်ငန်းဆိုင်ရာ အဓိက အဆောက်အအုံများနှင့် နည်းပညာစနစ်များကို ကောင်းစွာ တည်ဆောက် ထားခြင်း

• ဒစ်ဂျီတယ် ဘဏ်ဝန်ဆောင်မှုများကို ဖောက်သည်များအတွက် မိတ်ဆက်ခြင်း

• ကုမ္ပဏီများ အခြားအဖွဲ့အစည်းများနှင့် မဟာဗျူဟာကျသော လက်တွဲမှုများ လုပ်ဆောင်ခြင်း အစရှိသော လုပ်ဆောင်ချက်များ ပြုလုပ်ထားသည်။

CB Bank သည် (၂၈) နှစ်တာကာလအတွင်း ဝန်ထမ်းပေါင်း (၃၀) ကျော်မှ ဝန်ထမ်းပေါင်း (၉,၀၀၀) ခန့် အထိ တိုးချဲ့ ခန့်ထားနိုင်ခဲ့ပြီး ဘဏ်ခွဲပေါင်း ၂၄၅ ခန့်ကို ဖွင့်လှစ်ထားနိုင်ခဲ့သည်။ Customer များ၏ လိုအပ်ချက်များနှင့် အံဝင် ခွင်ကျဖြစ်အောင် စီမံထားသည့် ဘဏ်ဝန်ဆောင်မှုများကို ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် တစ်ဦးချင်း Customer များအတွက် ဝန်ဆောင်မှုများကို အကောင်းဆုံး ဆောင်ရွက်ပေးနေသည်။

 

Visa အကြောင်း

Visa Inc. (NYSE: V) သည် ကမ္ဘာတစ်ဝန်း ဒီဂျစ်တယ်ငွေပေးချေမှုလုပ်ငန်းနယ်ပယ်တွင် ဦးဆောင်နေသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ လူတစ်ဦးတစ်ယောက်ချင်း၊ စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေး နယ်ပယ်များ တိုးတက်အောင်မြင်လာစေရေးအတွက် ဆန်းသစ်၍ လုံခြုံစိတ်ချရဆုံးသော ငွေပေးချေမှု ကွန်ယက်တစ်ခုကို ကမ္ဘာတစ်ဝန်း ချိတ်ဆက်ပေးနိုင်ရန်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ခေတ်အမီဆုံး ကွန်ယက်တစ်ခု ဖြစ်သည့် VisaNet ကို အသုံးပြု၍ ကမ္ဘာတစ်ဝန်း လုံခြုံစိတ်ချစွာ ငွေပေးချေမှုများ ပြုလုပ်နိုင်သလို၊ သတင်းအချက်အလက်ပေါင်း ၆၅၀၀၀ ကျော်ကို တစ်စက္ကန့်အတွင်း လွှဲပြောင်း ပေးပို့နိုင်သည်။ Visa ကုမ္ပဏီအနေဖြင့် ဆန်းသစ်တီထွင်မှုအပေါ် စဉ်ဆက်မပြတ် အသားပေးလုပ်ဆောင်လာခဲ့ခြင်းကြောင့် ယခုအခါ မည်သည့်ကြားခံအသုံးပြုစက်ဖြင့်မဆို စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်လုပ်ဆောင်ရာ၌ လျင်မြန်စွာ တိုးတက်ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့ကာ လူတိုင်း နေရာတိုင်းအတွက် ငွေသားကိုင်ဆောင်ရန်မလိုအပ်တော့သည့် အနာဂတ်တစ်ခု ရရှိဖော်ဆောင်နိုင်ရေးအတွက် တွန်းအားတစ်ရပ်လည်းဖြစ်စေသည်။ အန်နာလော့မှ ဒစ်ဂျစ်တယ်စနစ်ဆီသို့ ကမ္ဘာကြီးတစ်ခုလုံးက ကူးပြောင်းနေသည့်အချိန်တွင် ကောင်းမွန်သော စီးပွားရေးတစ်ရပ်လုံး၏ အနာဂတ်ကို ပြန်လည်ပုံဖော်နိုင်ရေးအတွက် Visa အနေဖြင့် မိမိ၏ အမှတ်တံဆိပ်၊ ထုတ်ကုန်များ၊ လူအင်အားနှင့် ကွန်ရက်တို့ကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်သည်။ Visa နှင့် စပ်လျဉ်းသည့် ပိုမိုပြည့်စုံသော သတင်းအချက်အလက်များ အတွက် About Visa, visa.com/blog နှင့် @VisaNews တွင် ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်သည်။

 

CB Bank launched CB Card+ Mobile Application

• Mobile application designed for CB Bank card customers

• Can download online without going to the bank

Yangon, 15 Dec 2020 – CB Bank launched CB Card+ mobile application for CB Bank card customers. The customers can view Card information as well as use the app to make payments at any stores which accept Visa contactless payments if their phones have NFC capabilities. CB Card+ application can be downloaded online at App Store and Google Play Store without going to the bank.

CB Card+ app features the following services: can quickly check discounts and promotions for CB Cards, can tap and pay securely wherever Visa Contactless is accepted, can block and unblock card, can top-up prepaid cards, can check card details and information, and check for nearby CB Bank branches, ATMs and merchants.

U Kyaw Lynn, Executive Vice Chairman & Chief Executive Officer of CB Bank said, “CB Bank is committed to deliver innovative products and services which complement our customers’ lifestyles. We have now launched CB Card+ Application, the indispensable mobile application for our card customers. We can use the application to view card details and statements as well as make payments at any shops which accept Visa Contactless payments for phones with NFC functions. As a leading bank in digital banking services, CB Bank will continue to introduce more innovative products and services to provide solutions and convenience to our customers.”

Lillian Wang, Country Manager for Visa Myanmar said, “We congratulate CB Bank on the launch of their new mobile application. Attitudes towards digital payments are evolving at pace in Myanmar. Today’s digital-first consumers expect simple, secure and intuitive payment tools that enables them to transact across a breadth of online and offline channels. We see much potential and opportunity for connected devices to create convenient and relevant payment experiences that truly change the way people make and manage their payments. This collaboration will help us widen our footprint and broaden digital payments penetration, contributing to our commitment towards the vision of Digital Myanmar and the country’s evolution to a less-cash society.”

For more information and details related to CB Card+ Application, customers can contact 01-2317770.

• Click here to see more on CB card+

 

 

About CB Bank

CB Bank is one of the largest leading private banks in Myanmar established in 1992. With technology at the core of our key initiatives to reimagine the future of financial services, CB Bank has:

● Established technology infrastructure and core banking systems

● Introduced banking products and services for customers and clients on our digital platforms

● Forged strategic partnerships with many partners and service providers

Over 28 years, CB Bank has grown from 33 employees to around 9,000 employees and opened around 245 branches. Tailored to customer requirements, CB Bank offers financial solutions to corporate clients, SMEs and individual customers.

About Visa

Visa Inc. (NYSE: V) is the world’s leader in digital payments. Our mission is to connect the world through the most innovative, reliable and secure payment network - enabling individuals, businesses and economies to thrive. Our advanced global processing network, VisaNet, provides secure and reliable payments around the world, and is capable of handling more than 65,000 transaction messages a second. The company’s relentless focus on innovation is a catalyst for the rapid growth of digital commerce on any device for everyone, everywhere. As the world moves from analog to digital, Visa is applying our brand, products, people, network and scale to reshape the future of commerce. For more information, visit About Visa, visa.com/blog and @VisaNews.

Banking & Loan Read 280 times