ငွေကြေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကောလဟာလသတင်းများ ပျံ့နှံ့နေခြင်းအပေါ် သုံးသပ်ကြည့်ခြင်း
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
၁။ နိုင်ငံခြားသုံးငွေများ တရားမဝင်ရောင်းဝယ်ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ လူမှုကွန်ယက် စာမျက်နှာ (Facebook) တွင် ကြော်ငြာနေသည်များ တွေ့ရှိရပါသည်။ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေတွင် နိုင်ငံတော်အတွင်း နိုင်ငံခြားသုံးငွေရောင်းဝယ်မှုလုပ်ငန်းများကို နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူများကသာ ဆောင်ရွက်ခွင့်ရှိပြီး နိုင်ငံခြားသုံးငွေ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် လိုင်စင်ရရှိသူများသည် နိုင်ငံခြားငွေ၊ ငွေသားနှင့် ခရီးသွားချက် လက်မှတ်များကိုသာ ရောင်းဝယ်ခွင့်ရှိပါသည်။ အဆိုပါဥပဒေတွင် “မည်သူမျှ နိုင်ငံခြားသုံးငွေ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်တစ်မျိုးမျိုးမရှိဘဲ နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခြင်းမပြုရ"ဟု တားမြစ်ထားပြီး ယင်းတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက ၃ နှစ်ထက်မပိုသည့် ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည့်အပြင် သက်သေခံပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည် ဖြစ်ပါသည်။
၂။ ထို့ပြင် လူမှုကွန်ယက်စာမျက်နှာ (Facebook) တွင် သဏ္ဌာန်ဆောင်ဘဏ်များ၊ ဒစ်ဂျစ်တယ် ငွေကြေးအသုံးပြုခြင်းများနှင့်စပ်လျဉ်း၍ ကြော်ငြာနေသည်များ တွေ့ရှိရပါသည်။ ပြည်တွင်းရှိ ဘဏ်များနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများအနေဖြင့် သဏ္ဌာန်ဆောင်ဘဏ်များနှင့် ငွေရေးကြေးရေး ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပါက ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေကို ချိုးဖောက်ရာ ရောက်သဖြင့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်အရေးယူခံရမည် ဖြစ်ပါသည်။
၃။ Cryptocurrency ငွေကြေးအသုံးပြုမှုများနှင့်စပ်လျဉ်းသည့် ဆုံးရှုံးမှုများအပေါ် လတ်တလောတွင် တရားဥပဒေရှုထောင့်မှ ကာကွယ်ပေးထားနိုင်ခြင်း မရှိပါ။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၃-၅-၂၀၁၉ ရက်နေ့ သတင်းစာများတွင် တရားဝင်ငွေကြေးအဖြစ် သတ်မှတ်ထားခြင်း မရှိသော Digital Currency များ ရောင်း/ဝယ်လဲလှယ်မှုများ ဆောင်ရွက်ပါက ဆုံးရှုံးနိုင်ခြေရှိကြောင်း အသိပေးကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။ ထို့အပြင် ၁၅-၅-၂၀၂၀ ရက်နေ့တွင် အမိန့်ကြော်ငြာစာ အမှတ် ၉/၂၀၂၀ ဖြင့် တရားမဝင် Digital Currenty များအား ရောင်း/ဝယ်လဲလှယ်မှုများအား တားမြစ်သည့် အမိန့်ထုတ်ပြန်ခဲ့ပါသည်။
၄။ သို့ဖြစ်ရာ ပြည်သူများအနေဖြင့် နိုင်ငံခြားသုံးငွေများ တရားမဝင်ကိုင်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်း၊ သဏ္ဌာန်ဆောင်ဘဏ်များနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ တရားမဝင် ဒီဂျစ်တယ်လ် ငွေကြေးများနှင့် ငွေကြေးဝန်ဆောင်မှုများကို အသုံးပြုပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူခံရမည်ဖြစ်ပါသည်။
၅။ လတ်တလောတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကျပ် ၂၀၀၀၀ တန် ငွေစက္ကူအသစ် ထုတ်ဝေခဲ့မှုအပေါ် ပြည်သူလူထုအကြား အမျိုးမျိုးသောသတင်းများ ပျံ့နှံ့လျက်ရှိပါသည်။ အဆိုပါ ကျပ် ၂၀၀၀၀ တန် ငွေစက္ကူအသစ်ထုတ်ဝေခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အများပြည်သူသိရှိနိုင်ရေးအတွက် ၂၅-၇-၂၀၂၃ ရက်နေ့တွင် သတင်းမီဒီယာများအား ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
၆။ သို့ပါ၍ ပြည်သူများအနေဖြင့် ကောလဟာလသတင်းများအပေါ် စိုးရိမ်ပူပန်မှုများ မဖြစ်ကြရန်၊ အခြေအမြစ်မရှိသော သတင်းများကို မယုံကြည်ကြရန်နှင့် အခြေအမြစ်မရှိသော မမှန်သတင်းထုတ်ပြန်ခြင်းများကို သတိပြုကြရန်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Source CBM
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL