ငွေလဲလှယ်နှုန်း ± ၀.၅% ဘောင်နှင့် စပ်လျဉ်း၍ ညွှန်ကြားချက် ထုတ်ပြန်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က (ဗဟိုဘဏ်ရည်ညွှန်းငွေလဲလှယ်နှုန်း ± ၀.၅%) ဘောင်နှင့် စပ်လျဉ်းညွှန်ကြားချက် ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။
အကြောင်းအရာ။ နိုင်ငံခြားငွေများ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်း ဆောင်ရွက်ရာတွင် ဗဟိုဘဏ်၏ သတ်မှတ်ချက် (ဗဟိုဘဏ်ရည်ညွှန်းငွေလဲလှယ်နှုန်း ± ၀.၅%) ဘောင်အတွင်း သတ်မှတ်ဆောင်ရွက်ရန် ညွှန်ကြားခဲ့ခြင်းအား ပယ်ဖျက်ခြင်း ကိစ္စ
ရည် ညွှန်း ချက် ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၉-၁၁-၂၀၂၁) ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၁၈/၂၀၂၁)
နိုင်ငံခြားငွေ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်း ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ သတ်မှတ်ချက် (ဗဟိုဘဏ်ရည်ညွှန်းငွေလဲလှယ်နှုန်း + ၀.၅%) ဘောင်အတွင်း သတ်မှတ်ဆောင်ရွက်ရန် ရည်ညွှန်းချက်ပါစာဖြင့် ညွှန်ကြားခဲ့ခြင်းအား ဤအမှာစာဖြင့် ပယ်ဖျက်လိုက်သည်။