ဗဟိုဘဏ်က ဒစ်ဂျစ်တယ် ငွေပေးချေမှုဆိုင်ရာ လိုက်နာဆောင်ရွက်ရန်ကိစ္စ အသိပေးကြေညာထားသည်ကို ဖော်ပြအပ်ပါသည်။
ဒစ်ဂျစ်တယ် ငွေပေးချေမှုဆိုင်ရာ လိုက်နာဆောင်ရွက်ရန်ကိစ္စ
ရည်ညွှန်းချက် ။ (၁) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၃.၁၁.၂၀၂၁) ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် ၄၃/၂ဝ၂၁
(၂) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၁၆.၆.၂၀၂၁) ရက်စွဲပါ စာအမှတ်၊ မဗဘ/နပတ/FIS/ (၁၀၅/၂၀၂၁)
(၃) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၁.၃.၂၀၂၁) ရက်စွဲပါ စာအမှတ်၊ မဗဘ/န၀တ/FIS/(၂၈/၂၀၂၁)
၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေသားစီမံခန့်ခွဲမှုကောင်းမွန်စေရန်၊ နိုင်ငံတော် အစိုးရ၏ ဒစ်ဂျစ်တယ်စီးပွားရေးအဆောက်အအုံသို့ အသွင်ကူးပြောင်းဆောင်ရွက်မှုလုပ်ငန်း စဉ်များပံ့ပိုးနိုင်ရန်ငွေပေးချေမှုစနစ်များ အဆင်ပြေချောမွေ့စေရန်နှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ၃.၁၁.၂၀၂၁ ရက်နေ့တွင် ရည်ညွှန်း(၁) အမိန့်ကြော်ငြာစာအမှတ် (၄၃/၂၀၂၁) အား ထုတ်ပြန်ခဲ့ ပါသည်။
၂။ အဆိုပါအမိန့်ကြော်ငြာစာနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဦးဆောင်၍ ၅,၁၁.၂၀၂၁ ရက်နေ့တွင် ဘဏ်များ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန် စေရေးဗဟိုကော်မတီ၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်း ရေးအဖွဲ့တို့နှင့်လည်းကောင်း၊ ၉.၁၁.၂၀၂၁ ရက်နေ့တွင် UMFCCI ၊ နယ်ပယ်စုံမှ လုပ်ငန်းရှင် များနှင့်လည်းကောင်းတွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။ ထို့ပြင်ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့နှင့် အမျိုးသားအဆင့် မဟာဗျူ ဟာနယ်ပယ်(၃) အကောင်အထည်ဖော်မှုကြီးကြပ် ရေးကော်မတီအဖွဲ့ဝင်များအားလုံးသို့ ၉.၁၁.၂၀၂၁ ရက်နေ့တွင် အဆိုပါအမိန့်ကြော်ငြာစာ နှင့်စပ်လျဉ်းသည့် အမေး၊အဖြေများကိုပေးပို့ပြီး သက်ဆိုင်ရာ အစိုးရဌာနများ၊ အဖွဲ့အစည်း များအနေဖြင့် ညွှန်ကြားချက်များ၊ ကြီးကြပ်ထိန်းကျောင်းမည့် အစီအစဉ်များ ထုတ်ပြန်ပေးပါရန် အကြောင်းကြားခဲ့ပြီးဖြစ်ပါသည်။
၃။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ရည်ညွှန်း (၁) ပါ အမိန့်ကြော်ငြာစာတွင် အခြေပစ္စည်း၊ ကုန်ပစ္စည်းများရောင်းခြင်း၊ ဝယ်ခြင်းနှင့် လွှဲပြောင်းခြင်းများအတွက် ငွေပေးချေမှုဝန်ဆောင်မှုအတွက် ငွေပေးချေမှုနှင့် အခြားငွေပေးချေမှုများ ပြုလုပ်ရာတွင် တစ်ကြိမ်လျှင် ငွေသားဖြင့် ပေးချေမှုကို ကျပ်သိန်း (၂၀၀) ထက် မပိုစေရန်နှင့် ယင်းပမာဏထက်ပိုသည့် မည်သည့် ငွေပေးချေမှုများအတွက်မဆို ဘဏ်စနစ်အသုံးပြု၍ ဒစ်ဂျစ်တယ်ငွေပေးချေမှု နည်းလမ်းများ ကို အသုံးပြုရန် သတ်မှတ်ခဲ့ပါသည်။ ဘဏ်များအနေဖြင့် အမိန့်ကြော်ငြာစာ နှင့်ပတ်သက်၍ ပူးတွဲပါအတိုင်း ကိုးကားမှုများနှင့်သက်ဆိုင်သည့် အချက်အလက်များကို အများပြည်သူသို့ အသိပေးရန် လိုအပ်ပါသည်။
၄။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များအနေဖြင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုနည်း လမ်းများဖြင့် ပိုမိုပေးချေရေး အလေးထားဆောင်ရွက်ရန်နှင့် ဘဏ်နှင့် ဆက်သွယ်သူ Merchants များ၏ Digital Sales များပေါ်တွင် တစ်လလျှင် အများဆုံး ထုတ်ယူနိုင်သည့် ငွေသားထုတ်ယူခွင့်ကို ရည်ညွှန်း (၂) ပါ စာဖြင့် အကြောင်းကြားခဲ့ပြီး ဖြစ်ပါသည်။
၅။ ဘဏ်များမှ အခြေပစ္စည်း ၊ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ အခြားငွေပေးချေမှုများ အတွက် ငွေသားဖြင့်ဖြစ်စေ၊ စာရင်းပြောင်းနည်းလမ်းဖြင့်ဖြစ်စေ၊ ချက်လက်မှတ်/ ငွေပေး အမိန့်လွှာများ၊ ဒစ်ဂျစ်တယ်ငွေပေးချေမှုနည်းလမ်းများဖြင့် လက်ခံရရှိသည့် ငွေပေးချေမှုများ ကို ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သည့် ရောင်းချသူ၏ သဘောဆန္ဒအရ ဘဏ်စာရင်း အသစ် (သို့မဟုတ်) ဘဏ်စာရင်းအဟောင်းသို့ ထည့်သွင်းပေးရန်နှင့် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်သွားရန် ထပ်မံအကြောင်းကြားပါသည်
(က)ဘဏ်စာရင်းအသစ်သို့ ဝင်ရောက်ခြင်းဖြစ်ပါက ရောင်းသူစာရင်းသို့ ငွေသား ထည့်သွင်းဆောင်ရွက်ခြင်းများအတွက် New A/C များအပေါ် လက်ရှိဆောင် ရွက်ပေးလျက်ရှိသည့်အတိုင်း ငွေသားပေးသွင်းထားသည့်ပမာဏအပေါ် ငွေသား ထုတ်ယူခွင့်အပြည့်အဝ ခွင့်ပြုဆောင်ရွက်ပေးပါရန်နှင့် ရောင်းသူနှင့်ဝယ်သူ နေရာကွဲပြားသော်လည်း ရောင်းသူ၏စာရင်းသို့ ငွေသားထည့်သွင်းလာခြင်း ဖြစ်ပါကငွေသားပြန်လည်ထုတ်ပေးနိုင်ရေးအတွက် ဘဏ်များမှစီမံဆောင်ရွက် ထားရန် Digital Sale အဖြစ်ဝင်ရောက်ပါက ရည်ညွှန်း (၂) ပါစာဖြင့် အများဆုံး ထုတ်ယူနိုင်သည့်ပမာဏအတိုင်း ဆောင်ရွက်ရန်၊
(ခ)ဘဏ်စာရင်းအဟောင်းသို့ ငွေသားဖြင့် ဝင်ရောက်ခြင်းဖြစ်ပါက ငွေသားပေး သွင်းသည့်ပမာဏအတိုင်း ငွေသားပြန်လည်ထုတ်ပေးရန်နှင့် ဒစ်ဂျစ်တယ်နည်း လမ်းဖြင့် ဝင်ရောက်ခြင်းဖြစ်ပါက ရည်ညွှန်း (၂) ပါစာဖြင့် ထုတ်ပြန်ထားသည့် သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ပေးရန်၊
(ဂ) မိမိဘဏ်အတွင်း ဘဏ်ခွဲအချင်းချင်း ငွေသားဖြင့် လွှဲပြောင်းခြင်း၊ မိမိဘဏ်မှ အခြားဘဏ်တစ်ခုခုသို့ CBM-NET အသုံးပြု၍ငွေလွှဲပြောင်းခြင်းနှင့်ချက်လက်မှတ် စာရင်းရှင်းလင်းခြင်းများကို ကန့်သတ်ချက်မထားဘဲ လွတ်လပ်စွာ ဆောင်ရွက် ပေးရန်နှင့် ဘဏ်စရိတ်များ လျှော့ချရန်။
၆။ ဘဏ်များအနေဖြင့် ဘဏ်ဝန်ဆောင်မှုနှင့် လက်လှမ်းမမီသည့်နေရာများတွင် အများ ပြည်သူမှဘဏ်စနစ်အသုံးပြုမှုကို ပိုမိုတွန်းအားပေးရန်နှင့် ဘဏ်ဝန်ဆောင်မှုများရယူဆောင် ရွက်နိုင်ရန်၊ အခြား Payment Platform များဖြစ်သည့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှု ပေးသူများ၊ မိုဘိုင်းအေးဂျင့်များနှင့် ချိတ်ဆက်နိုင်ရန် စီစဉ်ဆောင်ရွက်ထားရမည် ဖြစ်သည်။ ထို့အပြင် ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်ကိုသုံးစွဲမည့် အများပြည်သူတို့ စနစ်အပေါ် ယုံကြည်စွာ လိုက်ပါဆောင်ရွက်စေရေးအတွက် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးသူများနှင့်ချိတ် ဆက်၍ ဘဏ်များသို့ ငွေသွင်းခြင်းကို အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန်နှင့် မိမိဘဏ်ခွဲများ အကြား ငွေလွှဲခြင်းဘဏ်အချင်းချင်းအကြား ငွေလွှဲခြင်းတို့ကို နှောင့်နှေးကြန့်ကြာမှု၊ ကန့်သတ်ချက်များမရှိဘဲ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရန်လိုအပ်ပါသည်။ အဆင်မပြေမှုများရှိပါကမြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ complairitcbm.gov.mm နှင့် ဖုန်းနံပါတ် ၀၆၇-၄၁၈၂၅၁ ၀၆၇-၄၁၈၃၁၆ သို့ ဆက်သွယ် တိုင်ကြားနိုင်ပြီး လိုအပ်သည့် အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၇။ ထို့အပြင် ဘဏ်များသည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်း ညွှန်ကြားချက် နှင့်အညီ မိမိ၏ဆက်သွယ်ဆောင်ရွက်သူများအား ကောင်းစွာသိရှိခြင်း (KYC) နှင့် ဆက်သွယ် ဆောင်ရွက်သူများအား အလေးထားစိစစ်ခြင်း (CDD) . ဆိုင်ရာလုပ်ငန်းစဉ်များနှင့်အညီ သေချာစွာစိစစ်ဆောင်ရွက်ရန်နှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆုံးရှုံးနိုင်ခြေ အန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာလမ်းညွှန်ချက်၊ အပိုဒ် ၉ ပါ သတ်မှတ် ချက်နှင့်အညီဆက်သွယ်ဆောင်ရွက်သူ၏ ဆုံးရှုံနိုင်ခြေအန္တရာယ် အနိမ့်အမြင့်သတ်မှတ်ချက်ကို ခွဲခြားဖော်ထုတ်ထားရန် ညွှန်ကြားထားပြီး ဖြစ်ပါသည်။
၈။.မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဘဏ်အသီးသီး၏ AML/CFT ဆိုင်ရာ အကောင်အထည် ဖော်ဆောင်ရွက်မှုများနှင့်စပ်လျဉ်းသည့် စစ်တမ်းများ ဖြည့်စွက်ပေးပို့ရန် ၂၅.၆.၂၀၂၀ ရက်နေ့တွင် ဘဏ်များသို့ အကြောင်းကြားခဲ့ရာ အဆိုပါစာတွင် ပူးတွဲပါရှိသည့် သတင်းပေးပို့ရမည့်ပုံစံ (Data Collection Template) ပါ ဆက်သွယ်ဆောင်ရွက်သူ အမျိုးအစား သတ်မှတ်ချက်၏ အမှတ်စဉ်(၇) အိမ်ခြံမြေ ကုမ္ပဏီများနှင့် အမှတ်စဉ် (၈)၊ အဖိုးတန် ကျောက်မျက်ရတနာ ရောင်းဝယ်သူများနှင့် စိန်ရွှေရတနာဆိုင်များ၏ ငွေစာရင်းများဖွင့်လှစ်ခြင်း၊ ငွေသွင်း ငွေထုတ် ခြင်းနှင့် ငွေကြေးလွှဲပြောင်းခြင်းဆိုင်ရာ ဆောင်ရွက်ချက်များအား အမျိုးအစား ခွဲခြားသတ် မှတ်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ သတင်းပေးပို့ရန်ဖြစ်ပါသည်။ ကြီးကြပ်ရေးအာဏာ ပိုင်များနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့က သတ်မှတ်ထားသည့် Threshold ထက် ပိုသော ပမာဏလွှဲပြောင်းမှုများကို လက်ရှိသတင်းပို့စနစ်အတိုင်း ပိုမိုအလေးထားဆောင်ရွက်ရန်နှင့် လုပ်ငန်းရှင်များ၏ဘဏ်စာရင်းများတွင် ရည်ညွှန်း (၁) ပါ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့် ကြော်ငြာစာအမှတ် ၄၃/၂၀၂၁ အရ အမှန်တကယ်အကောင်အထည်ဖော်နိုင်ခြင်း ရှိ/မရှိကို အစိုးရအဖွဲ့အစည်းများ၊ ပြင်ပစာရင်းစစ်များ၊ ဒေသဆိုင်ရာတာဝန်ရှိသူများနှင့်ကြီးကြပ်ရေး အာဏာပိုင်များ တောင်းခံလာပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ခွင့်ပြုချက်ဖြင့်ပံ့ပိုးပေးနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် လိုအပ်ပါသည်။
၉။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည်ဘဏ်စနစ်ကိုအခြေခံ၍ငွေသားစီမံခန့်ခွဲမှုကောင်းမွန် စေရန်၊ နိုင်ငံတော်အစိုးရ၏ ဒစ်ဂျစ်တယ်စီးပွားရေးအဆောက်အအုံသို့ အသွင်ကူးပြောင်း ဆောင်ရွက်မှုလုပ်ငန်းစဉ်များပံ့ပိုးနိုင်ရန်၊ ငွေပေးချေမှုစနစ်များ အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်လျက်ရှိရာ ဘဏ်များအားလုံး စုစည်းညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုပါ သည်။ ၎င်းအပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသည့်အတိုင်း တိကျစွာလိုက်နာ ဆောင်ရွက်ရန်လိုပါသည်။ သို့မဟုတ်ပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တိုင်ကြားချက်များ အပေါ်မူတည်၍ ဘဏ်များအား ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ (၂၀၁၆)၊ ပုဒ်မ-၁၅၄ ပါ စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်တစ်ရပ်ရပ်ဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကြောင်းကြားပါသည်။