ပြည်ထောင်စုဝန်ကြီးဌာနများ၏ နိုင်ငံခြားငွေစာရင်းများနှင့် စပ်လျဉ်း၍ ဗဟိုဘဏ် ညွှန်ကြားချက် ထုတ်ပြန်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂ဝ၂၂ ခုနှစ်၊ ဧပြီလ ၅ ရက် ရက်စွဲဖြင့် ညွှန်ကြားချက်အမှတ် ( ၅ / ၂၀၂၂ ) ထုတ်ပြန်သည်ကို ဖော်ပြအပ်ပါသည်။
အကြောင်းအရာ။ အမိန့်ကြော်ငြာစာအမှတ် ၁၂/၂၀၂၂ နှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းများအား ညွှန်ကြားခြင်း
ရည် ညွှန်း ချက် ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၃-၄-၂၀၂၂) ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၁/၂၀၂
၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြည်တွင်း၌ နေထိုင်သူများ၏ ပြည်ပမှ နိုင်ငံခြား သုံးငွေဖြင့် ဝင်ရောက်ငွေများနှင့် ပြည်ပသို့ နိုင်ငံခြားသုံးငွေများ လွှဲပြောင်းခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့်အချက်များကို ရည်ညွှန်းချက်ပါ အမိန့်ကြော်ငြာစာထုတ်ပြန်၍ ညွှန်ကြားခဲ့ပြီး ဖြစ်ပါသည်။
၂။ ရည်ညွှန်းချက်ပါ အမိန့်ကြော်ငြာစာတွင် နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုဝန်ကြီးဌာနများ ၏ စာရင်းများ အကျုံးဝင်ပါဝင်ခြင်းမရှိကြောင်း အကြောင်းကြားပါသည်။