၂၀၂၁ စက်တင်ဘာလ ၁၀ ရက်နေ့ ရက်စွဲဖြင့် ဗဟိုဘဏ် ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်း၏ ± ၀.၈% အတွင်းရောင်းဝယ်ရမည့် ညွှန်ကြားချက်ကို ပယ်ဖျက်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြင့် ထိန်းချုပ်မှုမရှိသည့် ဈေးကွက်အလိုကျ လွှတ်ထားလိုက်သည့် နှုန်းရှင်မျှောစနစ် Free Float စနစ်ပုံစံသို့ ပြောင်းလဲခဲ့သည်။
https://www.industrialdirectory.com.mm/article/-free-float.html
နိုင်ငံခြားငွေရောင်းဝယ်ခြင်းအား Free Float စနစ်သို့ ဗဟိုဘဏ်ပြောင်းလဲ
နှစ်လအကြာ ဖြစ်သော ၂၀၂၁ နိုဝင်ဘာ ၉ ရက် နေ့ ရက်စွဲဖြင့် ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်း၏ ( ± ၀.၅% ) အတွင်း ရောင်းဝယ်ရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါသည်။
၂၀၂၁ နိုဝင်ဘာ ၉ ရက်တွင် ဗဟိုဘဏ် ရည်ညွှန်းစျေး အမေရိကန်တစ်ဒေါ်လာ ၁၇၇၅ ကျပ် ရှိသည်။
± ၀.၅% ဟု ဆိုထားပေရာ ၀.၅% ပေါင်းထည့်ရင် အလွန်ဆုံးမှ ၁၇၈၄ ကျပ်ဝန်းကျင် ဖြစ်မည်။
၀.၅% ကို နုတ်မည်ဆိုရင် ၁၇၆၆ ဝန်းကျင်ဖြစ်မည်။
၂၀၂၁ နိုဝင်ဘာ ၉ ရက်တွင် ပေါက်ဈေးမှာ ၁၉၂၀~ ၁၉၅၀ ဝန်းကျင် ဖြစ်ပေရာ ဗဟိုဘဏ် ညွှန်ကြားသည့် ဈေးနှုန်းနှင့် အတော်ကွာခြားနေသည်ဖြစ်ရာ ဒေါ်လာဝယ်ရောင်းဈေးကွက်တွင် ကြိတ်ရောင်းကြိတ်ဝယ် မှောင်ခိုဈေးကွက် ပေါ်ပေါက်လာနိုင်ဖွယ်ရှိသည်ဟု သိရပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံတော်ဗဟိုဘဏ်
ညွှန်ကြားချက်အမှတ် ( ၁၈/ ၂၀၂၁)
ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်
အကြောင်းအရာ။ နိုင်ငံခြားငွေများ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်း ဆောင်ရွက်ရာတွင် ဝယ်ဈေးနှုန်း/ရောင်းဈေးနှုန်း သတ်မှတ်ခြင်းကိစ္စ
နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များက သော်လည်းကောင်း၊ နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ပေးခွင့် (MC) လိုင်စင်ရဘဏ်များက သော်လည်းကောင်း၊ နိုင်ငံခြားငွေဝယ်ယူရောင်းချလဲလှယ်ပေးခွင့် (MC) လိုင်စင်ရဘဏ်မဟုတ် သော ကုမ္ပဏီအဖွဲ့အစည်းများကသော်လည်းကောင်း နိုင်ငံခြားငွေများ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်း တို့ဆောင်ရွက်ရာတွင် CBM Reference Rate ± ၀.၅ % ဘောင်အတွင်း သတ်မှတ် ဆောင်ရွက်ရန် ညွှန်ကြားလိုက်သည်။
အဆိုပါ သတ်မှတ်ချက်အား ကျော်လွန်ဆောင်ရွက်ပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းတို့အရ အရေးယူမည်ဖြစ်ကြောင်း အသိပေးပါသည်။
ဤညွှန်ကြားချက်သည် (၁၀-၁၁-၂၀၂၁) ရက်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်။