မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဘဏ်လုပ်ငန်းများအတွက် ညွှန်ကြားချက် ၅ စောင်ကို ၂၅ မတ်လ ၂၀၁၉ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
၎င်းတို့မှာ ညွှန်ကြားချက်အမှတ် ၈/၂၀၁၉ မှ ညွှန်ကြားချက်အမှတ် ၁၂/၂၀၁၉ အထိ ဖြစ်သည်။
ညွှန်ကြားချက်အမှတ် ၈/၂၀၁၉ မှာ သင့်လျော်မှန်ကန်ခြင်းရှိမှုဆိုင်ရာစံသတ်မှတ်ချက်များ အတွက် ညွှန်ကြားချက်ဖြစ်ပြီး ဘဏ်လုပ်ငန်း၏ ဒါရိုက်တာများ၊ အမှုဆောင်အရာရှိချုပ်၊ အကြီးတန်းအရာရှိချုပ်များ ခန့်အပ်ရာ၌ ဗဟိုဘဏ်၏ သင့်လျော်မှန်ကန်ခြင် ရှိမရှိ စစ်ဆေးအတည်ပြုခြင်းကို ခံယူရမည် ဖြစ်သည်။ သင့်လျော်မှန်ကန်ခြင်း ရှိမှုနှင့် ပတ်သက်၍ အဓိကထားသည့် အချက် ၃ ချက်တို့မှာ-
(က)ရိုးသားဖြောင့်မတ်ခြင်း၊ ဂုဏ်သိက္ခာရှိခြင်းနှင့် နာမည်ကောင်း ရှိခြင်း
(ခ) လုပ်ရည်ကိုင်ရည်နှင့် စွမ်းဆောင်နိုင်ရည် ရှိခြင်း
(ဂ) ငွေရေးကြေးရေး ခိုင်မာတောင့်တင်းခြင်း
တို့ ဖြစ်ကြောင်း ဖော်ပြါထားသည်။
အချက် ၃၄ ချက် ပါရှိသော လျှောက်လွှာ ပုံစံဖြစ်သည့် ကိုယ်ရေးဆိုင်ရာ ထုတ်ဖော်ကြောငြာချက် လျှောက်လွှာပုံစံကိုလည်း တစ်ပါတည်း ထည့်သွင်း ဖော်ပြပေးထားသည်။ ၎င်းကို လျှောက်ထားသူမှ ဖြည့်သွင်းရမည် ဖြစ်သည်။
ဘဏ်မှ ဖြည့်သွင်းရမည့် သတင်းအချက်အလက် ဖြည့်သွင်းလွှာလည်း ဖော်ပြပေးထားရာ၌ အချက် ၉ ချက်ပါဝင်ကြောင်း တွေ့ရသည်။
ဒါရိုက်တာများ၊ အမှုဆောင်အရာရှိချုပ်၊ အကြီးတန်းအရာရှိများအတွက် အရည်အချင်း သတ်မှတ်ချက်များကို နောက်ဆက်တွဲတွင် ဖော်ပြပေးထားသည်။
ညွှန်ကြားချက်အမှတ် ၈/၂၀၁၉ ((၂၀၁၉ ခုနှစ်၊ မတ်လ ၂၅ ရက်) ကြေညာချက် မူရင်းကို အောက်တွင် ဖော်ပြပေးထားပါသည်။