မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဘဏ်လုပ်ငန်းများအတွက် ညွှန်ကြားချက်အမှတ် ၉/၂၀၁၉ မှာ ဘဏ်ဒါရိုက်တာအဖွဲ့အတွက် ညွှန်ကြားချက် ဖြစ်သည်။
ဒါရိုက်တာတစ်ဦး၏ သက်တမ်းသည် ၃ နှစ် ဖြစ်ပြီး တစ်ဆက်တည်း ၃ ကြိမ်ထက်ပို၍ သက်တမ်းတိုးမြှင့်ခြင်း မပြုရန် ကန့်သတ်ထားသည်ကို တွေ့ရသည်။
ဒါရိုက်တာအဖွဲ့ အစည်းအဝေးကို တစ်နှစ်လျှင် ၁၂ ကြိမ် ကျင်းပရမည်ဖြစ်ပြီး အစည်းအဝေး တစ်ခုနှင့် တစ်ခုအကြား ကြားကာလသည် ၂ လထက် မပိုရဟု ပြဋ္ဌာန်းထားသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဘဏ်လုပ်ငန်းများအတွက် ညွှန်ကြားချက် ၅ စောင်ကို ၂၅ မတ်လ ၂၀၁၉ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ ၎င်းတို့မှာ ညွှန်ကြားချက်အမှတ် ၈/၂၀၁၉ မှ ညွှန်ကြားချက်အမှတ် ၁၂/၂၀၁၉ အထိ ဖြစ်သည်။
ညွှန်ကြားချက်အမှတ် ၉/၂၀၁၉ ((၂၀၁၉ ခုနှစ်၊ မတ်လ ၂၅ ရက်) ကြေညာချက် မူရင်းကို အောက်တွင် ဖော်ပြပေးထားပါသည်။