ပြည်ပရောက် မြန်မာနိုင်ငံသားများ ရရှိသော နိုင်ငံခြားသုံးငွေ နှင့် စပ်လျဉ်း၍ ဗဟိုဘဏ် ကြေညာချက် ထုတ်ပြန


31 August, 2022

ပြည်ပရောက် မြန်မာနိုင်ငံသားများ ရရှိသော နိုင်ငံခြားသုံးငွေ နှင့် စပ်လျဉ်း၍ ဗဟိုဘဏ် ကြေညာချက် ထုတ်ပြန်

ပြည်ပရောက် မြန်မာနိုင်ငံသားများ ရရှိသော နိုင်ငံခြားသုံးငွေ နှင့် စပ်လျဉ်း၍ ဗဟိုဘဏ်မှ ကြေညာချက် အမိန့်ကြော်ငြာစာအမှတ် ၃၉ /၂၀၂၂ နေပြည်တော် ကို  ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။ 


၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၉၊ ပုဒ်မခွဲ (ခ) ၁။ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာအား ထုတ်ပြန် လိုက်သည်။

၂။ နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း(Authorized Dealer) လိုင်စင်ရ ဘဏ်များမှ တစ်ဆင့် ပြည်တွင်းသို့ လွှဲပြောင်း ပေးပို့သည့် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ နိုင်ငံခြားသုံးငွေဖြင့် ရရှိသော လုပ်ခ သို့မဟုတ် လစာဝင်ငွေများကို မိမိကိုယ်တိုင်အတွက် သုံးစွဲခြင်း၊ အခြားသူသို့ လွှဲပြောင်းခြင်း၊ ဘဏ်သို့ ရောင်းချခြင်းတို့ကို လွတ်လပ်စွာဆောင်ရွက်နိုင်ပါသည်။ 

၃။ အဆိုပါ လုပ်ခ (သို့မဟုတ်) လစာ ဝင်ငွေများကို တစ်ဆင့်ဝယ်ယူထားသည့် လူပုဂ္ဂိုလ်၊ ကုမ္ပဏီ၊ အဖွဲ့အစည်းများအနေဖြင့် ထပ်ဆင့် ရောင်းချခြင်း မပြုရ။ မိမိကိုယ်တိုင် သုံးစွဲခြင်း၊ AD လိုင်စင်ရ ဘဏ်သို့ ရောင်းချခြင်းကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ပါသည်။ 

၄။ အထက်အပိုဒ် ၂ နှင့် ၃ ပါအတိုင်း ဆောင်ရွက်ရာတွင် AD လိုင်စင်ရဘဏ်သို့ နိုင်ငံခြား ငွေ ဝင်ရောက်သည့်နေ့မှ စ၍ အပြီးသတ် ရောင်းချသည်အထိ အချိန်ကာလ စုစုပေါင်းသည် (၂၁)ရက်ထက် ကျော်လွန်ခြင်းမရှိစေရ။ 

၅။ ဤအမိန့်ကြော်ငြာစာသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့မှစ၍ အကျိုး သက်ရောက်စေရမည်။

 

#MyanmarIndustriesGuide
 Telegram Channel  https://t.me/Guid4U

Banking & Loan Read 15720 times