မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ညွှန်ကြားချက်အရ ဘဏ်များသည် ဘဏ်၏ ဒါရိုက်တာများ၊ ဘဏ်အရာရှိကြီးများ၏ ဇနီး၊ ခင်ပွန်း၊ ညီအစ်ကိုမောင်နှမ၊ ယောက်ဖ၊ ခယ်မ၊ မရီး၊ မိဘ၊ သားသမီး၊ မြေးမြစ်၊ မှီခိုသူနှင့် မွေးစားသားသမီးများ၊ ဘဏ်ဒါရိုက်တာများနှင့် ဘဏ်အရာရှိကြီးများ၏ ကုမ္ပဏီများ ဘဏ်၏အစုရှယ်ယာ ၅ ရာခိုင်နှုန်းနှင့်အထက် ပိုင်ဆိုင်သူများကို ငွေထုတ်ချေးခြင်း မပြုရန် ညွှန်ကြားချက်တွင် ဖော်ပြထားသည်။
အထက်ပါ စာရင်းတွင် မပါဝင်သော ဘဏ်ဝန်ထမ်းများကိုမူ ဝန်ထမ်းချေးငွေများ ထုတ်ချေးခွင့်ရှိကြောင်း သိရသည်။
ညွှန်ကြားချက်အမှတ် ၁၁/၂၀၁၉ ((၂၀၁၉ ခုနှစ်၊ မတ်လ ၂၅ ရက်) ကြေညာချက် မူရင်းကို အောက်တွင် ဖော်ပြပေးထားပါသည်။