ဘဏ်လုပ်ငန်းနေရာပြောင်းရွှေ့ခြင်းများအတွက် အခကြေးငွေ ဗဟိုဘဏ် သတ်မှတ်


29 November, 2022

ဘဏ်လုပ်ငန်းနေရာပြောင်းရွှေ့ခြင်းများအတွက် အခကြေးငွေ ဗဟိုဘဏ် သတ်မှတ်

ဘဏ်လုပ်ငန်းနေရာပြောင်းရွှေ့ခြင်းများအတွက် အခကြေးငွေ ကျပ် ၅ သိန်း ဗဟိုဘဏ် သတ်မှတ်ကြောင်း  မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားချက်အမှတ် (၁၃/၂၀၂၂ ) ကို  ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက် ရက်စွဲ ဖြင့် ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။

အကြောင်းအရာ။ ဘဏ်များ၏ လုပ်ငန်းနေရာပြောင်းရွှေ့ခြင်းများအတွက် အခကြေးငွေသတ်မှတ်ခြင်းကိစ္စ

ရည် ညွှန်း ချက် ။

(၁) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၈-၂-၂၀၁၈ ရက်စွဲပါ စာအမှတ်၊ မဗဘ/ဘဏ်စိစစ်/ထွေ(၁၂၂/၂၀၁၈)

(၂) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၈-၃-၂၀၁၈ ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၃/၂၀၁၈)


၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ ၁၈၄ တွင် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဘဏ်များ၏ လုပ်ငန်းနေရာပြောင်းရွှေ့ခြင်းများအတွက် အခကြေးငွေသတ်မှတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်ကို ထုတ်ပြန်လိုက်သည်။

၂။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်တွင်းဘဏ်များ၏ ဘဏ်ခွဲများဖွင့်လှစ်ရန် လျှောက်ထားရာတွင် တင်ပြရမည့်အချက်များနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန်ကို ရည်ညွှန်းချက်(၁)ပါ အမှာစာနှင့် ရည်ညွှန်းချက် (၂) ပါ ညွှန်ကြားချက်များဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

၃။ ဘဏ်များအနေဖြင့် ရုံးချုပ်အပါအဝင်ဖွင့်လှစ်ပြီး ဘဏ်ခွဲများ လုပ်ငန်းနေရာပြောင်းရွှေ့ ဖွင့်လှစ်မည်ဆိုပါက ပြောင်းရွှေ့ဖွင့်လှစ်မည့်နေရာသည် ယခင်လုပ်ငန်းနေရာနှင့် မြို့နယ်ဟူသည် ဖြစ်စေမတူသည်ဖြစ်စေ လုပ်ငန်းနေရာပြောင်းရွှေ့ခြင်းအတွက် အခကြေးငွေ ကျပ် ၅၀၀,၀၀၀ ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ပေးသွင်းရမည်။

၄။ . သို့ဖြစ်ရာ ဘဏ်များအနေဖြင့် ရုံးချုပ်အပါအဝင် ဖွင့်လှစ်ပြီး ဘဏ်ခွဲများ လုပ်ငန်းနေရာ ပြောင်းရွှေ့ဖွင့်လှစ်ရန် တင်ပြလျှောက်ထားရာတွင် ရည်ညွှန်းချက်(၂)ပါ ညွှန်ကြားချက်အမှတ် (၃/၂၀၁၈)ပါ သတ်မှတ်ချက်များနှင့်အတူ လုပ်ငန်းနေရာပြောင်းရွှေ့ဖွင့်လှစ်ခြင်းအတွက် အခကြေး ငွေကျပ် ၅၀၀,၀၀၀ ပေးသွင်းသည့်အထောက်အထားကိုပါ ပူးတွဲတင်ပြရမည်။

၅။ ဤညွှန်ကြားချက်သည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်။

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 398 times