ဘဏ်ဖွင့်ရက် ၃ ရက်အတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ ၁၁ သန်း ဝယ်ယူ


01 September, 2020

စက်တင်ဘာလ ၁ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ သန်းအားဝယ်ယူခဲ့သည် နိုင်ငံခြားငွေဈေးပြိုင်လေလံစနစ်ဖြင့် ပျမ်းမျှငွေလဲလှယ်နှုန်း ၁၃၂၆ ဒသမ ၄ ကျပ်ဖြင့် ဝယ်ယူခဲ့သည်။

ဘဏ်ဖွင့်ရက် ၃ ရက်အတွင်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၁ သန်း ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

 ဩဂုတ်လ ၃၁ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ သန်းအားဝယ်ယူခဲ့သည်။ ဩဂုတ်လ ၃၁ ရက်တွင် ပုဂ္ဂလိကဘဏ် ဝယ်ဈေးမှာ တစ်ဒေါ်လာလျှင် ၁၃၃၀ အောက်အထိ ကျဆင်းလျက် ရှိသည်။ နိုင်ငံခြားငွေဈေးပြိုင်လေလံစနစ်ဖြင့် ပျမ်းမျှငွေလဲလှယ်နှုန်း ၁၃၃၃ ဒသမ ၇ ကျပ်ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ 

အမေရိကန်ဒေါ်လာ ဈေး တစ်ဒေါ်လာလျှင် ၁၃၇၀ ကျပ်မှ ၁၃၅၁ ကျပ်အထိ ၂ ရက်အတွင်း ၁၉ ကျပ်ခန့် ဈေးကျဆင်းသည့်အချိန်တွင်  သြဂုတ် ၂၈ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ သန်းအားဝယ်ယူခဲ့သည်။ နိုင်ငံခြားငွေဈေးပြိုင်လေလံစနစ်ဖြင့် ပျမ်းမျှငွေလဲလှယ်နှုန်း ၁၃၄၀ ဒသမ ၉ ကျပ်ဖြင့် ဝယ်ယူခဲ့သည်။

Banking & Loan Read 612 times