ဗဟိုဘဏ်က ငါးရက်အတွင်း အမေရိကန်ဒေါ်လာ ၂၂၉ သိန်း ဝယ်ယူ


09 October, 2020

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က  ငါးရက်အတွင်း အမေရိကန်ဒေါ်လာ ၂၂၉ သိန်း ဝယ်ယူခဲ့သည်။ တနင်္လာနေ့မှ စ၍ အမေရိကန်ဒေါ်လာ ၃၈ သိန်းကို နေ့စဉ် ၄ ရက်ဆက်တိုက်ဝယ်ယူခဲ့ပြီးနောက် အမေရိကန်ဒေါ်လာ ၇၇ သိန်းကို ထပ်မံဝယ်ယူခဲ့သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၅ ရက် တနင်္လာနေ့တွင် အမေရိကန်ဒေါ်လာ ၃၈ သိန်း ကို တစ်ဒေါ်လာလျှင် ၁၃၀၃ ဒသမ ၈ ကျပ်ဖြင့် လည်းကောင်း၊

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၆ရက် အင်္ဂါနေ့တွင် အမေရိကန်ဒေါ်လာ ၃၈ သိန်း ကို ထပ်မံဝယ်ယူခဲ့ရာ၌ ငွေလဲနှုန်း တစ်ဒေါ်လာလျှင် ၁၂၉၈ ဒသမ ၀ ကျပ်ဖြင့် လည်းကောင်း
နှစ်ရက်ဆက်တိုက် ပမာဏတူ ဝယ်ယူခဲ့ရာ စုစုပေါင်းမှ အမေရိကန်ဒေါ်လာ ၇၆ သိန်း ဖြစ်ပါသည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၇ရက် ဗုဒ္ဓဟူးနေ့တွင် ငွေလဲနှုန်း တစ်ဒေါ်လာလျှင် ၁၂၉၃ ဒသမ ၆ ကျပ်ဖြင့် အမေရိကန်ဒေါ်လာ ၃၈ သိန်း ကို ထပ်မံဝယ်ယူခဲ့ပြန်သည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၈ ရက် ကြာသပတေးနေ့တွင် အမေရိကန်ဒေါ်လာ ၃၈ သိန်း ကို ငွေလဲနှုန်း တစ်ဒေါ်လာလျှင် ၁၂၈၇ ဒသမ ၈ ကျပ်ဖြင့် ဝယ်ယူခဲ့ပြန်သည်။


သို့ဖြစ်ရာ ၄ ရက်ဆက်တိုက် ပမာဏတူ အမေရိကန်ဒေါ်လာ ၃၈ သိန်းကို နေ့စဉ်ဝယ်ယူခဲ့ရာ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၅၂ သိန်း ဖြစ်ပါသည်။

ထို့နောက် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၉ ရက်  သောကြာနေ့တွင် အမေရိကန်ဒေါ်လာ ၇၇ သိန်းကို ငွေလဲနှုန်း တစ်ဒေါ်လာလျှင် ၁၂၇၉ ဒသမ ၄ ကျပ်ဖြင့် ဝယ်ယူခဲ့သည်။

သို့ဖြစ်ရာ တနင်္လာနေ့မှ သောကြာနေ့အထိ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၂၉ သိန်း ဝယ်ယူခဲ့ပါသည်။

Banking & Loan Read 684 times