အမေရိကန်ဒေါ်လာ ဈေး တစ်ဒေါ်လာလျှင် ၁၃၇၀ ကျပ်မှ ၁၃၅၁ ကျပ်အထိ ၂ ရက်အတွင်း ၁၉ ကျပ်ခန့် ဈေးကျဆင်းသည့်အချိန်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သြဂုတ် ၂၈ ရက်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ သန်းအားဝယ်ယူခဲ့သည်။
နိုင်ငံခြားငွေဈေးပြိုင်လေလံစနစ်ဖြင့် ပျမ်းမျှငွေလဲလှယ်နှုန်း ၁၃၄၀ ဒသမ ၉ ကျပ်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
မြန်မာ့စီးပွားရေးလေ့လာသူ ဦးစန်းဝင်း က
“အမေရိကန်ဒေါ်လာက ၁၃၇၀လောက်နဲ့ ငြိမ်နေတာပေါ့။ တကျော့ပြန်COVID-19 ကိစ္စ ဖြစ်တော့ အမေရိကန်ဒေါ်လာ က ကျသွားတယ်။ အရောင်းအဝယ်တွေလည်း အေးသွားတော့ အမေရိကန်ဒေါ်လာ က ဆက်ကျနိုင်တဲ့ အနေအထားမှာ ရှိတယ်လို့ထင်ပါတယ်’’
ဟု ဆင်ဟွာသို့ ပြောပြခဲ့သည်။
Xinua