နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၁၀ ရာခိုင်နှုန်းနှင့်အထက် ပါရှိ ကုမ္ပဏီများ ခြွင်းချက်ပြုခြင်းပယ်ဖျက်


14 July, 2022

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၀ ရာခိုင်နှုန်းနှင့်အထက် ပါရှိ ကုမ္ပဏီများ ခြွင်းချက်ပြုခြင်း ပယ်ဖျက် 

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က  နိုင်ငံခြားသုံးငွေ ရောင်းဝယ်သည့် AD လိုင်စင်ရဘဏ်များ လိုက်နာဆောင်ရွက်ရန် ကိစ္စရပ်များ ထုတ်ပြန်ကြေညာခဲ့ရာတွင်  "ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်သော ကုမ္ပဏီများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၀ ရာခိုင်နှုန်း နှင့်အထက် ပါရှိပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာ အမှတ် ၁၂/၂၀၂၂ မှ ခြွင်းချက်ပြုသည့် လုပ်ငန်းများနည်းတူ ဆောင်ရွက်ပေးရန်" ဟု ညွှန်ကြားထားခဲ့ရာ၌  "ခြွင်းချက်ပြုသည်"ဆိုသည့်ဖော်ပြချက်အား ပယ်ဖျက်လိုက်ကြောင်း  ဗဟိုဘဏ်က ညွှန်ကြားချက်အသစ် ထုတ်ပြန်သည်ဟု သိရပါသည်။
သို့ဖြစ်ရာ အဆိုပါကုမ္ပဏီများ၏ နိုင်ငံခြားငွေကို အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂)တွင်
"နိုင်ငံခြားသုံးငွေဖြင့်ရရှိသောဝင်ငွေများကို အလုပ်လုပ်ရက် (၁)ရက်အတွင်း မြန်မာငွေကျပ်ဖြင့် လဲလှယ်ရောင်းချရမည်"ဟု ညွှန်ကြားထားသည့်အတိုင်း AD လိုင်စင်ရဘဏ်များ လိုက်နာဆောင်ရွက် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း သိရပါသည်။ 

ယခင်ညွှန်ကြားချက် အပြည့်အစုံ ဖတ်ရှုရန် 
နိုင်ငံခြားသုံးငွေ ရောင်းဝယ်သည့် AD လိုင်စင်ရဘဏ်များ လိုက်နာဆောင်ရွက်ရန် ကိစ္စရပ်များ ထုတ်ပြန်ကြေညာ
#MyanmarIndustriesGuide
Telegram Channel
https://t.me/Guid4U

Banking & Loan Read 1660 times