ရည်ညွှန်းဈေး ± 3% ဘောင်အတွင်းသာ အရောင်းအဝယ်လုပ်ကြရန် ညွှန်ကြားချက် ထုတ်ပြန်


10 August, 2022

ရည်ညွှန်းဈေး ±  3% ဘောင်အတွင်းသာ အရောင်းအဝယ်လုပ်ကြရန် ညွှန်ကြားချက် ထုတ်ပြန်

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားရာတွင် ဗဟိုဘဏ်မှ ထုတ်ပြန်သော ရည်ညွှန်းဈေး ±  3% ဘောင်အတွင်းသာ အရောင်းအဝယ်လုပ်ကြရန် ညွှန်ကြားချက်အမှတ် (၁၁/၂၀၂၂)ကို ၂ဝ၂၂ ခုနှစ်၊ ဩဂုတ်လ ၁ဝ ရက် ရက်စွဲဖြင့်  ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။



အကြောင်းအရာ။ နိုင်ငံခြားငွေကြေးဈေးကွက်တွင် ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်း ဆောင်ရွက်ရာ၌ ဝယ်ဈေးနှုန်း၊ရောင်းဈေးနှုန်းနှင့်စပ်လျဉ်း၍ trading band သတ်မှတ်ခြင်းကိစ္စ

 

  • နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များက ဖြစ်စေ၊
  • နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် (MC) လိုင်စင်ရဘဏ်များကဖြစ်စေ၊
  • နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် (MC)  လိုင်စင်ရဘဏ် မဟုတ်သည့် ကုမ္ပဏီ၊အဖွဲ့အစည်းများကဖြစ်စေ

နိုင်ငံခြားငွေများ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်းတို့ ဆောင်ရွက်ရာတွင်လည်းကောင်း၊ ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်ရကုမ္ပဏီများက ပြည်ပသို့ နိုင်ငံခြားငွေ လွှဲပြောင်းခြင်း နှင့် ပြည်ပမှ နိုင်ငံခြားငွေ လွှဲပို့ခြင်းတို့ကို ဆောင်ရွက်ရာတွင် လည်းကောင်း နိုင်ငံခြားငွေလဲလှယ်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲလှယ်နှုန်း  ±၀.၃ % (CBM Reference Rate ±0.3 %) ဘောင်အတွင်း သတ်မှတ်ဆောင်ရွက်ရန် ညွှန်ကြားလိုက်သည်။

 

အဆိုပါသတ်မှတ်ချက်အား ကျော်လွန်ဆောင်ရွက်ပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းတို့အရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးပါသည်။

 

ဤညွှန်ကြားချက်သည် (၁၀-၈-၂၀၂၂) ရက်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်။

#MyanmarIndustriesGuide
Telegram Channel https://t.me/Guid4U

 

Banking & Loan Read 2553 times